Korean Celebrity

အောက်တိုဘာလအတွင်း ​ကိုရီးယားပြည်တွင်းမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ယောကျ်ား​လေး idol များ

ကိုရီးယားနိုင်ငံ စီးပွား​ရေးဆိုင်ရာ သု​တေသနဌာနက ​အောက်တိုဘာလအတွက် ပြည်တွင်းမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​ယောကျ်ား​လေး idol ​တွေကို အဆင့်သတ်မှတ်ပြီး ထုတ်ပြန်​ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ဒီအဆင့်​​တွေကို ပရိသတ်​တွေရဲ့ ပါဝင်မှု၊ မီဒီယာ​​တွေမှာ ​ဖော်ပြခံရမှု၊ ဆက်သွယ်​ရေးနဲ့ လူသိများမှုစတဲ့ အချက်​တွေ​ပေါ်မှာ မူတည်ပြီး စက်တင်ဘာလ ၁၆ ရက်​နေ့က​နေ ​အောက်တိုဘာလ ၁၅ ရက်​နေ့အထိ ​​ယောကျ်ား​လေး idol ၆၃၂ ​ယောက်ရဲ့ ​​ဒေတာ​တွေကို စစ်တမ်း​ကောက်ယူပြီးမှ အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ဝင် Jimin က​တော့ ယခုလမှာလည်း နံပါတ် ၁ ​နေရာမှာ ဆက်လက်ရပ်တည်​နေပါတယ်။ Jimin ဟာ နံပါတ် ၁ ​နေရာမှာ ၃၄ လ ဆက်တိုက်ရှိ​နေတာဖြစ်ပြီး ယခုလအတွက်​​တော့ အမှတ်​ပေါင်း ၇,၆၅၄,၇၇၁ ကို ရရှိခဲ့ကာ စက်တင်ဘာလထက် ၅၇.၆၂% တိုးလာတာကို ​တွေ့ရပါတယ်။

ဒုတိယ​နေရာမှာရှိ​နေတာက​တော့ BTS အဖွဲ့ဝင် ​နောက်တစ်ဦးဖြစ်တဲ့ V ဖြစ်ပါတယ်။ သူဟာ ယခုလမှာ အမှတ်​ပေါင်း ၅,၆၆၃,၈၄၅ ကို ရရှိထားပြီး ယခင်လကထက် ၅၁.၃၈% တိုးလာကာ ဒုတိယ​နေရာကို တက်လာခဲ့တာပါ။  တတိယ​နေရာကို အမှတ်​ပေါင်း ၅,၄၇၃,၄၅၇ နဲ့ သိမ်းပိုက်နိုင်ခဲ့တာက​တော့ BTS အဖွဲ့ဝင် Jungkook ပဲဖြစ်ပါတယ်။

သူ့ရဲ့အမှတ်စုစု​ပေါင်းဟာ စက်တင်ဘာလထက်စာရင် ၆၉.၇၈% ​တောင် တက်လာတာကိုလည်း​တွေ့ရပါတယ်။ ဒါ​ကြောင့် ယခုလမှာဆိုရင် ထိပ်ဆုံး ၃ ​နေရာလုံးကို BTS အဖွဲ့ဝင်​တွေကပဲ သိမ်းပိုက်ထားတာကို ​တွေ့ရမှာဖြစ်ပါတယ်။ ​အောက်တိုဘာလအတွက် ကိုရီးယားပြည်တွင်းမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​ယောကျ်ား​လေး K-Pop Idol အ​ယောက် (၃၀) က​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. BTS အဖွဲ့ဝင် Jimin

  1. BTS အဖွဲ့ဝင် V

  1. BTS အဖွဲ့ဝင် Jungkook

  1. ASTRO အဖွဲ့ဝင် Cha Eun Woo

  1. BTS အဖွဲ့ဝင် Jin

  1. Highlight အဖွဲ့ဝင် Yang Yoseob
  2. BTS အဖွဲ့ဝင် Suga
  3. NCT အဖွဲ့ဝင် Taeyong
  4. BTS အဖွဲ့ဝင် RM
  5. WINNER အဖွဲ့ဝင် Song Mino

  1. BIGBANG အဖွဲ့ဝင် G-Dragon
  2. BTS အဖွဲ့ဝင် J-Hope
  3. SF9 အဖွဲ့ဝင် Rowoon
  4. NCT အဖွဲ့ဝင် Doyoung
  5. NCT အဖွဲ့ဝင် Jaehyun

  1. NCT အဖွဲ့ဝင် Jungwoo
  2. SHINee အဖွဲ့ဝင် Jonghyun
  3. SHINee အဖွဲ့ဝင် Minho
  4. THE BOYZ အဖွဲ့ဝင် Younghoon
  5. SHINee အဖွဲ့ဝင် Key

  1. 2PM အဖွဲ့ဝင် Junho
  2. NCT အဖွဲ့ဝင် Mark
  3. THE BOYZ အဖွဲ့ဝင် Hyunjae
  4. Highlight အဖွဲ့ဝင် Yoon Doojoon
  5. JYJ အဖွဲ့ဝင် Kim Jaejoong

  1. GOT7 အဖွဲ့ဝင် Jinyoung
  2. WINNER အဖွဲ့ဝင် Kang Seung Yoon
  3. NCT အဖွဲ့ဝင် Johnny
  4. EXO အဖွဲ့ဝင် D.O.
  5. EXO အဖွဲ့ဝင် Kai

Source : Soompi
Photo : Instagram, Pinterest
Written : ZL