Korean Celebrity

ကိုရီးယားအနုပညာ​လောကမှာ အလှူအတန်း အရက်​​ရောဆုံးစတားတစ်ဦးအဖြစ် ​ရွေးချယ်ခံခဲ့ရတဲ့ Shin Min Ah

KBS 2TV ရုပ်သံလိုင်းက ထုတ်လွှင့်​တဲ့ ​ဖျော်​ဖြေမှုသတင်းအစီအစဉ် ‘YunYega Live’ ဟာ အနုပညာရှင်​တွေနဲ့ ​တွေ့ဆုံပြီး နက်နဲတဲ့ အ​ကြောင်းအရာ​တွေကို ​ဆွေး​နွေးကာ မှန်ကန်တဲ့ သတင်း​တွေကို ထုတ်ပြန်​ပေး​နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် ​သောကြာ​နေ့တိုင်း ထုတ်လွှင့်လျက်ရှိပြီး ​အောက်တိုဘာလ ၁၅ ရက်​နေ့တုန်းက ‘​အနုပညာ​လောကမှာ အလှူအတန်းအရက်​​ရောဆုံးစတားများ’ ဆိုတဲ့ ​ခေါင်းစဉ်နဲ့ အလှူဒါနအများဆုံး ပြုလုပ်​​လေ့ရှိတဲ့ အနုပညာရှင်​တွေကို အဆင့်သတ်မှတ်ကာ ထုတ်​ဖော်ပြသခဲ့ပါတယ်။

အဲ့ဒီစာရင်းမှာ ပရိသတ်အချစ်​​တော် မင်းသမီး Shin Min A က နံပါတ် ၇ ​နေရာကို ရရှိခဲ့ပါတယ်။ မင်းသမီး Shin Min Ah ဟာ မီး​လောင်မှု​တွေနဲ့ ပ်သက်ပြီး အကူအညီ​ပေးတဲ့ ​ဖောင်​ဒေးရှင်းကို နှစ်စဉ် ဝမ်သန်း ၁၀၀ လှူဒါန်း​လေ့ရှိ​ကြောင်း ထိုအစီအစဉ်မှာ ​ဖော်ပြခဲ့ပြီး ဒီသတင်းဟာ ပရိသတ်​​တွေကို အ​တော်​လေး အံ့အားစသင့်​စေခဲ့ပါတယ်။

ဒါ့အပြင် Shin Min Ah ဟာ မီး​လောင်ဒဏ်ရာ ရရှိတဲ့ လူနာ​ပေါင်း ၁၀၀ ​ကျော်ကို ကူညီ​ထောက်ပံ့ခဲ့သလို နီ​ပေါနိုင်ငံမှာ ငလျင်​ကြောင့် ပျက်စီးသွားတဲ့ ​ကျောင်းတစ်​ကျောင်းကို ​ပြန်လည်တည်​ဆောက်ဖို့အတွက် ဝမ်သန်း ၁၀၀ ကိုလည်း လှူဒါန်းခဲ့ပါ​သေးတယ်။

Shin Min A ဟာ ဆင်းရဲနွမ်းပါးသူ​​တွေကို ပုံမှန်လှူဒါန်းတဲ့အတွက် သမ္မတက ချီးမြှင့်တဲ့ ဂုဏ်ပြုလွှာကိုလည်း ရရှိထားတာဖြစ်ပါတယ်။ အခုချိန်ထိ Shin Min A လှူဒါန်းခဲ့တဲ့ ​ငွေပမာဏ စုစု​ပေါင်း ဝမ် ၂.၆ ဘီလီယံခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၇ နှစ်ကြာ ခိုင်မြဲစွာ လက်တွဲထားတဲ့ Shin Min Ah နဲ့ Kim Woo Bin တို့ဟာ အခုထိလည်း ​ကောင်းမှုကုသိုလ်​တွေကို ဆက်ပြီးပြုလုပ်​နေဆဲဖြစ်ပါတယ်။

Source : Global Dispatch
Photo : Pinterest
Written : ZL