Korean Celebrity

တခေတ်တခါက လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ Kpop Queen “T-ara” အဖွဲ့ kpop လောကထဲမှာ ပြန်လည်ဦးမော့လာတော့မှာလား

Kpopper မှန်ရင် မသိသူမရှိတဲ့အဖွဲ့တွေထဲမှာ T-ara အဖွဲ့လည်းပါ ပါတယ်။ kpop ရဲ့ Queen တွေလို့ တင်စားရတဲ့အထိ အရမ်းနာမည်ကြီးခဲ့ပြီး Japan မှာဆို T-ara fan တွေ ပိုများပါတယ်။ 2009 ခုနှစ်မှာ စပြီး ပွဲဦးထွက်ခဲ့တဲ့ T-ara အဖွဲ့မှာ member အပြောင်းအလဲတွေအများကြီးရှိခဲ့ပါတယ်။

အဖွဲ့ကို Eunjung,Hyomin,Jiyeon, jiae နဲ့ Jiwon တို့နဲ့ စတင်မိတ်ဆက်ခဲ့ပေမဲ့ jiae နဲ့ Jiwon ဟာ အဖွဲ့ရဲ့ concept ဟာ သူတို့နဲ့မကိုက်လို့ဆိုပြီး နှုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့ထဲကို Boram, Quri, Soyeon တို့ကို အချိန်မှီထပ်ထည့်ခဲ့ရပါတယ်။ 2010 ခုနှစ်မှာတော့ Hwayoung ဆိုတဲ့ member ထပ်တိုးလာပြီး 2012 ခုနှစ်မှာ Dani နဲ့ Areum ကို ထပ်ထည့်ခဲ့ပါတယ်။

2013 ခုနှစ်လောက်မှာဘဲ Hwayoung ဟာ သူဟာ အဖွဲ့ထဲမှာ အနိုင်ကျင့်ခံရပါတယ်လို့ လျှောက်ဖွခဲ့တဲ့အတွက် T-ara အဖွဲ့ရဲ့ ပုံရိပ်ဟာ ကျဆင်းခဲ့ရပြီး Hwayoung လည်း company နဲ့ စာချုပ်ရပ်စဲခဲ့ပါတယ်။ Areum ကလည်း တကိုယ်တော်အဆိုတော်လုပ်ဖို့ 2014 လောက်မှာ အဖွဲ့ထဲက ထွက်သွားပြန်ပါတယ်။

ဒါကြောင့် T-ara အဖွဲ့ဟာ Eunjung,Hyomin,Jiyeon, Boram, Quri, Soyeon အစရှိတဲ့ member 6 ယောက်နဲ့ ရပ်တည်ခဲ့ရပါတယ်။ 2017 ခုနှစ်မှာ Hwayoung မွှေခဲ့တာတွေပေါ်လာလို့ လူထုက T-ara အဖွဲ့အပေါ် အမြင်တွေရှင်းသွားပြီး ပြန်အဆင်ပြေခဲ့ပါတယ်။ Boram နဲ့ Soyeon ဟာ 2017 နှစ်မှာ စာချုပ်သက်တမ်းပြည့်သွားလို့ အဖွဲ့ဝင်လေးယောက်သာ ကျန်ပါတော့တယ်။

ကျန် ၄ယောက်ကလည်း 2018 ခုနှစ်မှာ စာချုပ်သက်တမ်းကုန်သွားပြီး MBK နဲ့ ထပ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Company ဘက်ကလည်း သူတို့ထွက်သွားတာကို အတည်ပြုပေးခဲ့ပြီး အဖွဲ့ပျက်သွားတယ်လို့တော့ မကြေညာခဲ့ပါဖူး။ သူတို့ 4 ယောက်လုံးဟာ 2021 ခုနှစ်မှာ JTBC ရဲ့ “Ask Us Anything” အစီအစဉ်မှာ suprise ဆန်ဆန်ပေါ်လာခဲ့ပြီး နှစ်ကုန်ပိုင်းလောက်မှာ သူတို့ ပြန် comeback မယ်လို့ဆိုခဲ့ပါတယ်။

ခုလ October လ ၁၅ ရက်နေ့မှာဘဲ Eunjung,Hyomin,Jiyeon, Quri လေးယောက်ဟာ coming soon ဆိုပြီး album poster လေး Instagram မှာ တင်ခဲ့ပါတယ်။ ကျန်တာ ဘာမှတိတိကျကျမသိရသေးပေမဲ့ album က နောက်လလောက် ထွက်ရှိဖို့သေချာပါတယ်။ တခေတ်တခါက Kpop ဘုရင်မတွေရဲ့ comeback ကို ပြန်အားပေးဖို့ ready ဘဲလား T-ara ပရိတ်သတ်ကြီးတို့ရေ။

Source: Allkpop
Written: Violet