Korean Celebrity

ကိုရီးယားနိုင်ငံရဲ့အရေးကြီးတဲ့ စစ်တပ်ခွဲမှာ တာဝန်ထမ်းဆောင်ဖို့ အထူးတပ်သား အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ EXO အဖွဲ့ဝင် Chanyeol

EXO အဖွဲ့ဝင် Chanyeol ကတော့ ဒီနှစ် ၃လပိုင်းထဲက စစ်မှုထမ်းနေတာပါ။ အခြေခံစစ်သင်တန်းမှာလည်း Leader ရာထူးရခဲ့သလို သင်တန်းဆင်းတော့လည်း စစ်သားအယောက် ၂၅၀ထဲမှာ ငါးယောက်သာ ရနိုင်တဲ့ စံပြတပ်သားဆုကိုရခဲ့ပါတယ်။

ခုတော့ 9 ကြိမ်မြောက်ဖွဲ့စည်းထားတဲ့ ခြေလျင်တပ်ခွဲထဲမှာ ရောက်နေပြီး ထူးချွန်လွန်းလို့ white horse တပ်ခွဲမှာ တာဝန်ထမ်းဆောင်ဖို့ အထူးတပ်သားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အဆိုပါ တပ်ခွဲထဲရောက်ဖို့ဆိုတာ 2min နဲ့ 72 ကြိမ် ဒိုက်ထိုးနိုင်တဲ့သူ ဖြစ်ရပါမယ်။

ပြီးတော့ အိပ်ထမတင်ကိုလည်း 2 min နဲ့ 86 ကြိမ် လုပ်နိုင်ရမှာ ဖြစ်ပြီး 12min 30secs အတွင်းမှာ 3km လောက် ပြေးနိုင်တဲ့သူဖြစ်ရပါမယ်။အရေးကြီးဆုံးက သေနတ်ပစ်ရာမှာ 18 ကြိမ်ထက်မနည်း target ကို ထိ​အောင်ပစ်နိုင်ရမှာ ဖြစ်ပါတယ်။

ဒီလို အဆင့်ဆင့်တွေဖြတ်ကျော်နိုင်ပြီးမှ White horse တံဆိပ်ရပြီး Special Worrier ဖြစ်လာတာပါ။ ဒါကြောင့် Chanyeol ဟာ တော်တော်ကြိုးစားလွန်းလို့သာ ထိုအဖွဲ့ထဲမှာ ပါသွားတာဖြစ်ပါလိမ့်မယ်။ သူ့မိဘတွေရော fan တွေကိုပါ ဂုဏ်ယူအောင် လုပ်ပေးနိုင်တဲ့သူမို့ လေးစားဖွယ်ရာပါဘဲနော်။

Source: Twitter
Written: Violet