Korean Celebrity

၂၀၁၀ ခုနှစ်​တွေမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် K-drama ​လောကကို ကြီးစိုးခဲ့ကြတဲ့ နာမည်ကြီး ကိုရီးယားမင်းသားများ

အနုပညာ​လောကဟာ အခြားအလုပ်​တွေိလို ဝင်​​ငွေတသမတ်တည်း မရရှိသလို ​အောင်မြင်ဖို့အတွက် အရည်အချင်းအပြင် စန်းဆိုတာလည်း လိုအပ်ပါတယ်။ တစ်​ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်း​တောက် ​အောင်မြင်ခဲ့​ပေမဲ့ ဒီ​အောင်မြင်မှုကို အမြဲထိန်းသိမ်းထားဖို့ကလည်း မဖြစ်တိုင်ပါဘူး။

တစ်ချိန်ချိန်ကြရင် ​နောက်မျိုးဆက်သစ်​တွေအတွက် ​နေရာဖယ်​ပေးရစမြဲဖြစ်ပါတယ်။ ယခုတစ်ခါမှာ​တော့ ၂၀၁၀ ခုနှစ်​တွေမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် K-drama ​လောကကို ကြီးစိုးခဲ့သလို လက်ရှိမှာလည်း ​အောင်မြင်​ကျော်ကြားပြီး ပရိသတ်အချစ်ကို ရရှိ​နေဆဲဖြစ်တဲ့ ကိုရီးယားမင်းသား​တွေကို စုစည်း​ဖော်ပြ​ပေးချင်ပါတယ်။ အဲ့ဒီမင်းသား​တွေက​တော့

1. Kim Soo Hyun

Kim Soo Hyun ဟာ လက်ရှိ ​တောင်ကိုရီးယားမှာ အနုပညာ​ကြေးအမြင့်ဆုံး မင်းသား​တွေထဲကတစ်ဦးဖြစ်ပါတယ်။ “Dream High (2011)” ဇာတ်လမ်းတွဲက ပြည်တွင်းပြည်ပမှာ ​အောင်မြင်မှုများစွာရရှိခဲ့တဲ့အတွက် Song Sam Dong ဇာတ်​ကောင်က သူ့ကို တစ်ဟုန်ထိုး ​ကျော်ကြားလာ​စေခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၂ ခုနှစ်က အလွန်နာမည်ကြီးပြီး ဆုများစွာကို သိမ်းပိုက်ခဲ့တဲ့ “Moon Embracing the Sun” ဇာတ်လမ်းတွဲမှာလည်း ​ခေါင်း​ဆောင်မင်းသားဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ​နောက် “My Love From the Star (2013)” နဲ့ “The Producers (2015)” ဇာတ်ကား​တွေနဲ့ အနုပညာ​လောကထဲမှာ သူ့ရဲ့နာမည်ကို ပိုပြီး ထင်ရှားစွာ ​ကမ္မည်းတင်နိုင်ခဲ့ပါတယ်။

2. Lee Jong Suk

သရုပ်​ဆောင်​လောကထဲကို ​ခြေမချခင်မှာ Lee Jong Suk ဟာ ​ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ “Prosecutor Princess” ဆိုတဲ့ အချစ်ဟာသဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်ခဲ့ပြီး ထိုနှစ်မှာပဲ “Secret Garden” ဇာတ်လမ်းတွဲမှာ ဇာတ်ပို့အ​နေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒီလိုနဲ့ “School 2013” မှာ အဓိကဇာတ်​ဆောင်အဖြစ် ​သရုပ်​ဆောင်ကာ အရမ်းကို ​လူကြိုက်များလာခဲ့ပြီး “I Can Hear Your Voice (2013)”, “Doctor Stranger (2014)”, “Pinocchio (2014)”, “W (2016)”, “While You Were Sleeping (2017)”, နဲ့ “Romance is A Bonus Book (2019)” စတဲ့ ဇာတ်လမ်းတွဲ​တွေကိုလည်း ​ရိုက်ကူးခဲ့ကာ ပျို​မေ​တွေရဲ့ အသည်းစွဲမင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။

3. Nam Joo Hyuk

အရပ် ၆ ​ပေ ၂ လက်မရှိတဲ့ မင်းသား Nam Joo Hyuk က​တော့ ၂၀၁၃ ခုနှစ်မှာ ​မော်ဒယ်အဖြစ် အနုပညာ​လောကထဲကို စတင်ဝင်​ရောက်လာခဲ့ပြီး ​နောက်တစ်နှစ်မှာပဲ သရုပ်​ဆောင်ဖြစ်လာခဲ့ပါတယ်။ “School 2015” ဇာတ်လမ်းတွဲထဲက Han Yi An ဇာတ်​ကောင်ဟာ သူ့ဘဝအတွက် အလှည့်အ​​ပြောင်းဖြစ်လာခဲ့ပြီး သူ့ရဲ့ ​ပေါ်ပြူလာဖြစ်မှုကလည်း တိုးလာခဲ့ပါတယ်။

အဲ့ဒီ​နောက် ၂၀၁၆ ခုနှစ်က ပြသခဲ့တဲ့ “Moon Lovers: Scarlet Heart Ryeo” ဇာတ်လမ်းတွဲမှာ ၁၃ ​ယောက်​မြောက်မင်းသား Baek Ah အဖြစ် သရုပ်​ဆောင်ခဲ့သလို “Weightlifting Fairy Kim Bok Joo” ဇာတ်လမ်းတွဲမှာ Jung Joon Hyung အဖြစ် သရုပ်​ဆောင်ခဲ့ပြီး​နောက် နိုင်ငံတကာမှာပါ ပရိသတ်အခိုင်အမာ ရရှိလာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ “The Bride of Habaek” နဲ့ ၂၀၁၉ ခုနှစ်မှာ “The Light in Your Eyes” ဇာတ်လမ်းတွဲ​တွေကိုလည်း ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း ပရိသတ်အချစ်​တော် မင်းသားတစ်ဦးအဖြစ် ရပ်တည်​နေဆဲဖြစ်ပါတယ်။

4. Park Hyung Sik

ZE:A အဖွဲ့ဝင်​ဟောင်း Park Hyung Sik က​တော့ K-drama ​လောကကို ကြီးစိုးထားတဲ့ နာမည်ကြီး idol-actor တစ်ဦးဖြစ်ပါတယ်။ Idol အဖြစ် ပွဲဦးထွက်ပြီး ၃ နှစ်အကြာမှာပဲ နာမည်ကြီး high school drama “The Heirs” မှာ ပါဝင်သရုပ်​ဆောင်ခဲ့သလို ၂၀၁၅ ခုနှစ်မှာ “High Society” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ​တော့ “Hwarang: The Poet Warrior Youth” ဇာတ်လမ်းတွဲနဲ့ မတူညီတဲ့ ပုံစံသစ်ကို ပြသခဲ့ပြန်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ “Strong Woman Do Bong Soon” ဆိုတဲ့ နာမည်ကြီး အချစ်ဟာသဇာတ်လမ်းတွဲမှာ စီအီးအို Ahn Min Hyuk အဖြစ် သရုပ်​ဆောင်ခဲ့ပြီး ပရိသတ်​တွေရဲ့အချစ်ကို အရယူနိုင်ခဲ့ပါတယ်။

5. Park Seo Joon

Park Seo Joon က​တော့ သရုပ်ဆောင်လောကထဲကို ​စော​စောဝင်​ရောက်ခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ဝက်​လောက်​စောက်မှ နာမည်ရလာတာဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Kill Me, Heal Me” ဇာတ်လမ်းတွဲထဲက Oh Ri On ဇာတ်​ကောင်နဲ့ “She Was Pretty” ဇာတ်လမ်းတွဲထဲက Ji Sung Joon ဇာတ်​ကောင်တို့​ကြောင့် ပရိသတ်အာရုံစိုက်မှုကို စတင်ရရှိလာတာပါ။

ဒီလိုနဲ့ “Hwarang: The Poet Warrior Youth (2016)” ဇာတ်လမ်းတွဲ​ကြောင့် ပိုမို​အောင်မြင်လာခဲ့ပြီး “Fight for My Way (2017)” နဲ့ “What’s Wrong With Secretary Kim (2018)” တို့လို အချစ်ဟာသဇာတ်လမ်းတွဲ​တွေ​ကြောင့် ​နာမည်ကြီးမင်းသားတစ်လက်အဖြစ် ကိုရီးယားအနုပညာ​လောကမှာ အခိုင်အမာ​နေရာယူလာနိုင်ခဲ့ပါတယ်။

6. Park Bo Gum

Park Bo Gum ကို နာမည်ကြီးလာ​စေတဲ့ ​ခြေလှမ်းအစက​တော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား “Hello Monster” ပဲဖြစ်ပါတယ်။ သူဟာ ထိုဇာတ်ကားထဲမှာ Jung Sun Ho အဖြစ် သရုပ်​ဆောင်ပြီး ပရိသတ်​တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အဲ့ဒီ​နောက် ဒါရိုက်တာ Shin Won Ho ရိုက်ကူးတဲ့ နာမည်ကြီး ဘဝသရုပ်​ဖော်ဇာတ်လမ်းတွဲ “Reply 1988 (2015)” မှာ စကားနည်းကာ အရှက်အ​ကြောက်ကြီးတဲ့ Baduk ချန်ပီယံ Choi Taek အဖြစ် သရုပ်​ဆောင်ခဲ့ပြီး တစ်ဟုန်ထိုး ​နာမည်​ကျော်ကြားလာပါ​တော့တယ်။

ဒီလိုနဲ့ ၂၀၁၆ ခုနှစ်မှာ​တော့ “Love in the Moonlight” ဆိုတဲ့ နန်းတွင်းကားကို ရိုက်ကူးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ မင်းသမီး Song Hye Kyo နဲ့အတူ “Encounter” ဆိုတဲ့ အချစ်ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ကာ ​အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

7. Ji Chang Wook

Ji Chang Wook က​တော့ သူ့ရဲ့ အနုပညာခရီးအစပိုင်းမှာ “Warrior Baek Dong Soo(2011)” နဲ့ “Ta Hwan in Empress Ki (2013)” တို့လို နန်းတွင်းကား​တွေနဲ့ လူသိများပါတယ်။ အဲ့ဒီ​နောက် ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Healer” ဇာတ်လမ်းတွဲ​ကြောင့် နိုင်ငံတကာပရိသတ်​တွေပါ တိုးလာပြီး ၂၀၁၆ ခုနှစ်က Girls’ Generation အဖွဲ့ဝင် Im Yoona နဲ့ ရိုက်ကူးခဲ့တဲ့ အချစ်အက်ရှင်ကား “The K2” ​ကြောင့် ပိုပြီး ​အောင်မြင်​ကျော်ကြားလာခဲ့ပါတယ်။

အဲ့ဒီ​နောက် ၂၀၁၇ ခုနှစ်က “Suspicious Partner” ဇာတ်လမ်းတွဲနဲ့ ၂၀၁၉ ခုနှစ်မှာ “Melting Me Softly” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း ပရိသတ်အကြိုက်ဆုံး ​ခေါင်း​ဆောင်မင်းသားတစ်ဦးအဖြစ် ရှိ​နေဆဲပဲဖြစ်ပါတယ်။

8. Im Si Wan

​နောက်ဆုံးတစ်ဦးက​တော့ အပြစ်ကင်းစင်တဲ့ ရုပ်ရည်နဲ့ ထူးချွန်တဲ့ သရုပ်​ဆောင်စွမ်းရည်​ကြောင့် လူသိများတဲ့ ZE:A အဖွဲ့ဝင်​ဟောင်း Im Si Wan ပဲဖြစ်ပါတယ်။ သူဟာ “Moon Embracing the Sun (2012)” ဇာတ်လမ်းတွဲမှာ Heo Yeom ငယ်ဘဝအ​နေနဲ့ ပါဝင်သရုပ်​ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ​တော့ လုပ်ငန်းခွင်အ​ကြောင်း ရိုက်ကူးထားတဲ့ “Misaeng: Incomplete Life” ဆိုတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲမှာ ပ​​ရော်ဖက်ရှင်နယ် Baduk ကစားသမားဖြစ်ပြီး စီးပွား​ရေး​လောကထဲကို ဝင်​ရောက်ကာ ဘဝတက်လမ်းကိုရှာ​ဖွေမယ့်သူအဖြစ် သရုပ်​ဆောင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာလည်း “The King in Love” ဇာတ်လမ်းတွဲနဲ့ သမိုင်းဒရမ်မာကို ထပ်မံသရုပ်​ဆောင်ခဲ့ပြီး ဒီတစ်ခါမှာ​တော့ သူဟာ ​ခေါင်း​ဆောင်မင်းသားဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး​နောက် “Stranger From Hell (2019)” ဇာတ်လမ်းတွဲမှာ Lee Dong Wook နဲ့အတူ သူ့ရဲ့ အံ့မခန်း သရုပ်​ဆောင်စွမ်းရည်ကို ပြသခဲ့ပြန်ပါတယ်။

Source : Allkpop
Written : ZL