Korean Celebrity

Jungkook မှာ နှိုင်းယှဉ်မရတဲ့ Soloist အရည်အချင်းတွေရှိကြောင်း ရွေးချယ်ချီးကျူးခံရ

Jungkook ဆိုရင်တော့ BTS အဖွဲ့ရဲ့ အငယ်ဆုံးလေး၊ Golden Maknae လေးအဖြစ် လူသိများကြပါတယ်။ ပြီးပြည့်စုံနေတဲ့ အသံစွမ်းရည်နဲ့ ဂီတသံစဉ်ပေါင်းများစွာနဲ့ လိုက်ဖက်စွာ ပုံစံမျိုးစုံ ပြောင်းလဲနိုင်စွမ်းရှိတဲ့ အသံပါဝါကတော့ ငယ်လေးရဲ့ တုနှိုင်းမရတဲ့ စွမ်းရည်တွေပါပဲ။ တကယ်တမ်းမှာလည်း Jungkook ဟာ Soloist အဖြစ် ကျော်ကြားအောင်မြင်ဖို့ အလားအလာအရှိဆုံး kpop idol အဖြစ်လည်း အကြိမ်ပေါင်းများစွာ ရွေးချယ်ခံထားရတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား ဂီတလောကထဲမှာလည်း သူ့နယ်ပယ်နဲ့သူ ဆရာကြီးတွေရှိကြပါတယ်။ တောင်ကိုရီးယား Hip-hop အပိုင်းမှာ DJ Chadoll ကတော့ တကယ့်ဒိတ်ဒိတ်ကြဲပါ။ သူကတော့ မကြာသေးခင်ကမှ သူ့ရဲ့ YouTube channel မှာ “BTS’s Jungkook က solo artist အနေနဲ့ကော အောင်မြင်ကျော်ကြားနိုင်မလား?” ဆိုပြီး အဖက်ဖက်ကနေ သုံးသပ်ချက်တွေပြုလုပ်ထားတဲ့ ဗီဒီယိုကို တင်ပေးခဲ့ပါတယ်။

ဗီဒိယိုထဲမှာ DJ က Jungkook ကို ရွေးချယ်ခဲ့ပြီး Jungkook ကတော့ အကြီးမားဆုံး hit ဖြစ်အောင် စွမ်းဆောင်နိုင်မယ့် soloist တစ်ဦးဖြစ်လာဖို့ အလားအလာအရှိဆုံး idol အဖြစ် ထပ်မံရွေးချယ်ခဲ့ပြန်ပါတယ်။ အသံပိုင်းဆိုင်ရာ လှပပြည့်စုံပြီး လိုအပ်သလို ပြောင်းလဲသီဆိုနိုင်တဲ့ အသံစွမ်းရည်ဟာ Jungkook အတွက် နတ်ဘုရားရဲ့ ဆုလာဘ်တစ်ခုလို့တောင် တင်စားရပါတော့မယ်။

အဆိုပိုင်းတင်မက သီချင်းနဲ့ လိုက်ဖက်စွာ အက,ကနိုင်တဲ့စွမ်းရည်ဟာလည်း Jungkook ရဲ့ ချန်လှပ်လို့ မရနိုင်တဲ့ စွမ်းရည်ပဲဖြစ်နေပြန်ပါတယ်။ ဒီသုံးသပ်ချက် Viedo ကိုကြည့်ရှုပြီးကြတဲ့ ပရိသတ်တွေဟာ Jungkook နဲ့ပတ်သက်လို့ ဂုဏ်ယူစွာနဲ့ပဲ Twitter တခွင်မှာ ချီးကျူးပြောဆိုနေခဲ့ကြပါတယ်။

Jungkook အနေနဲ့ တကိုယ်တော်ပွဲဦးထွက်ခဲ့ရင် အကြီးအကျယ် အောင်မြင်နိုင်ကြောင်းကို ပရိသတ်တွေတင်မက ထင်ရှားတဲ့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေနဲ့ အဆိုတော်တွေကလည်း ကောင်းစွာသိရှိနေကြပြီး အလုပ်အတူ တွဲလုပ်နိုင်ဖို့ပါ မျှော်လင့်နေကြပါတယ်။ ပြောရရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကတော့ Jungkook ရဲ့ solo debut ကို စိတ်အားထက်သန်စွာနဲ့ပဲ စောင့်မျှော်အားခဲနေကြပါတော့တယ်။

Source: Allkpop
Photos: Run BTS
Translated by Julix