Korean Celebrity

အောက်တိုဘာလအတွင်း ​ကိုရီးယားပြည်တွင်းမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ မိန်းကလေး idol (၃၀) ဦး

​အောက်တိုဘာလ ၁၇ ရက်​နေ့မှာ ကိုရီးယားနိုင်ငံ စီးပွား​ရေးဆိုင်ရာ သု​တေသနဌာနက ​ယခုလအတွက် နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​မိန်းကလေး idol ​တွေကို အဆင့်သတ်မှတ်ပြီး ထုတ်ပြန်​ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ဒီအဆင့်​​တွေကို ပရိသတ်​တွေရဲ့ ပါဝင်မှု၊ မီဒီယာ​​တွေမှာ ​ဖော်ပြခံရမှု၊ ဆက်သွယ်​ရေးနဲ့ လူသိများမှုစတဲ့ အချက်​တွေ​ပေါ်မှာ မူတည်ပြီး စက်တင်ဘာလ ၁၇ ရက်​နေ့က​နေ ​အောက်တိုဘာလ ၁၆ ရက်​နေ့အထိ ​​မိန်းကလေး idol ၅၇၉ ​ယောက်ရဲ့ ​​ဒေတာ​တွေကို စစ်တမ်း​ကောက်ယူပြီးမှ အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ယခုလမှာ နံပါတ် ၁ ​နေရာကို ရရှိခဲ့တာက​တော့ monster rookie လို့ ​ခေါ်ဆိုကြတဲ့ aespa အဖွဲ့ဝင် Winter ပဲဖြစ်ပါတယ်။

ဒါဟာ သူမ ပွဲဦးထွက်ချိန်ကစလို့ နံပါတ် ၁ ​နေရာကို ပထမဆုံးရရှိခြင်းလည်းဖြစ်ပါတယ်။ Winter ဟာ ​အောက်တိုဘာလအတွက် အမှတ်​ပေါင်း ၃,၈၈၉,၇၈၀ ကို ရရှိခဲ့ကာ စက်တင်ဘာလထက် ၇၂.၂၁% တိုးလာတာကို ​တွေ့ရပါတယ်။ ဒုတိယ​နေရာမှာရှိ​နေတာက​တော့ BLACKPINK အဖွဲ့ဝင် ​Jennie ဖြစ်ပါတယ်။ သူမက​တော့ ယခုလမှာ အမှတ်​ပေါင်း ၃,၂၇၃,၆၆၀ ကို ရရှိခဲ့ပါတယ်။

တတိယ​နေရာကို အမှတ်​ပေါင်း ၃,၂၁၂,၂၃၁ နဲ့ သိမ်းပိုက်နိုင်ခဲ့တာက​တော့ BLACKPINK အဖွဲ့ဝင် ​နောက်တစ်ဦးဖြစ်တဲ့ Lisa ပဲဖြစ်ပါတယ်။ အောက်တိုဘာလမှာ aespa အဖွဲ့ဝင် ၄ ​ယောက်လုံးဟာ top 10 ထဲမှာ ပါဝင်​နေတာကိုလည်း​တွေ့ရပါတယ်။ ​အောက်တိုဘာလအတွက် ကိုရီးယားပြည်တွင်းမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​မိန်းကလေး K-Pop Idol အ​ယောက် (၃၀) က​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. aespa အဖွဲ့ဝင် Winter

  1. BLACKPINK အဖွဲ့ဝင် Jennie

  1. BLACKPINK အဖွဲ့ဝင် Lisa

  1. aespa အဖွဲ့ဝင် Karina

  1. aespa အဖွဲ့ဝင် Giselle

  1. aespa အဖွဲ့ဝင် Ningning
  2. BLACKPINK အဖွဲ့ဝင် Jisoo
  3. Red Velvet အဖွဲ့ဝင် Joy
  4. MAMAMOO အဖွဲ့ဝင် Hwasa
  5. LOONA’s Chuu

  1. fromis_9 အဖွဲ့ဝင် Song Hayoung
  2. TWICE အဖွဲ့ဝင် Mina
  3. BLACKPINK အဖွဲ့ဝင် Rosé
  4. ITZY အဖွဲ့ဝင် Lia
  5. ITZY အဖွဲ့ဝင် Ryujin

  1. Girls’ Generation အဖွဲ့ဝင် YoonA
  2. Oh My Girl အဖွဲ့ဝင် Arin
  3. ITZY အဖွဲ့ဝင် Yeji
  4. Girls’ Generation အဖွဲ့ဝင် Sooyoung
  5. MAMAMOO အဖွဲ့ဝင် Solar

  1. Cherry Bullet အဖွဲ့ဝင် Jiwon
  2. PURPLE KISS အဖွဲ့ဝင် Swan
  3. STAYC အဖွဲ့ဝင် Seeun
  4. ITZY အဖွဲ့ဝင် Chaeryeong
  5. Girls’ Generation အဖွဲ့ဝင် Seohyun

  1. Oh My Girl အဖွဲ့ဝင် Hyojung
  2. ITZY အဖွဲ့ဝင် Yuna
  3. fromis_9 အဖွဲ့ဝင် Lee Nagyung
  4. Oh My Girl အဖွဲ့ဝင် Binnie
  5. fromis_9 အဖွဲ့ဝင် Lee Chaeyoung

Source : Soompi
Photo : Instagram, Pinterest
Written : ZL