Korean Celebrity

“The Enternals” ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်​တေးအဖြစ် ပါဝင်ဖွယ်ရာရှိ​နေတဲ့ BTS အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်

BTS အဖွဲ့ဝင် Jimin က ထုတ်လုပ်သူအဖြစ် ​ဆောင်ရွက်ထားပြီး Jimin နဲ့ V တို့အတူတကွ သီဆိုထားတဲ့ နာမည်ကြီးသီချင်း ‘Friends’ ကို ဒါရိုက်တာ Chloe Zhao ရိုက်ကူးတဲ့ ​Marvel ရုပ်ရှင်ကား “The Eternals” ရဲ့ ​နောက်ခံ​ဇာတ်ဝင်တေးအဖြစ် အသုံးပြုသွားမယ်ဆိုတဲ့ သတင်းဟာ အောက်တိုဘာလ ၁၇ ရက်​နေ့မှာ အမျိုးမျိုး​သော အရင်းအမြစ်​​တွေက​နေ ထွက်​ပေါ်လာခဲ့ပါတယ်။

“Friends” သီချင်းဟာ BTS အဖွဲ့ရဲ့ ၂၀၂၀ ခုနှစ် ​ဖေ​ဖော်ဝါရီလက ထွက်ရှိခဲ့တဲ့ “Map of the Soul 7” album ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး Jimin နဲ့ V တို့ ​ကျောင်းသားဘဝတည်းက အခုချိန်ထိရှိခဲ့တဲ့ အဖြစ်အပျက်​တွေ သူတို့ ၂ ဦးရဲ့ ရင်းနှီးတဲ့ friendship အ​ကြောင်းကို ​ရေးဖွဲ့ထားတာဖြစ်ပါတယ်။

ဒီသတင်းကို ကြားပြီး​နောက်မှာ​တော့ ပရိသတ်​တွေဟာ Twitter မှာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ​ဖော်ပြခဲ့ကြပြီး ‘PRODUCER JIMIN,’ ‘VMIN’ စတဲ့ စကားစု​တွေကလည်း နိုင်ငံ​ပေါင်းများစွာရဲ့ Twitter မှာ trend ဖြစ်လာခဲ့ပါတယ်။

Marvel ရဲ့ “The Eternals” ရုပ်ရှင်ကားက​တော့ Angelina Jolie, Richard Madden, ကိုရီးယားမင်းသားကြီး Ma Dong Seok အပြင် အခြားနာမည်ကြီး သရုပ်​ဆောင်များစွာ ပါဝင်ရိုက်ကူးထားတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၅ ရက်​နေ့မှာ အ​မေရိကန်နိုင်ငံမှာ ပထမဆုံး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို အ​မေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် အကုန်အကျခံရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဒီသတင်းဟာ Disney က ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်း​တွေထဲက ထွက်​ပေါ်လာတာဖြစ်ပြီး ဒီစာရွက်စာတမ်းကို ခုလို ပြင်ပကို ​ပေါက်ကြားလို့ ရမရဆိုတာကို​တော့ ဘယ်သူမှ ​သေချာမသိကြပါဘူး။

ယခင် Marvel ရုပ်ရှင်တုန်းကလည်း ဒီသတင်းရစ်မြစ်ကပဲ အလားတူသတင်းမျိုးထွက်ရှိခဲ့ပြီး ဇာတ်ကားထွက်ရှိချိန်မှာ ဇာတ်ဝင်​တေး​တွေအားလုံးဟာ ၁၀၀% ကိုက်ညီ​နေခဲ့ပါတယ်။ ဒါ​​ကြောင့် အခုသတင်းကလည်း ​တကယ်ဖြစ်နိုင်​ခြေများ​ပါတယ်။ BTS နဲ့ Marvel တို့ရဲ့ collaboration အတွက် စိတ်လှုပ်ရှား​နေကြပြီလား ပရိသတ်ကြီး​ရေ..

Source : Allkpop
Photo : Twitter
Written : ZL