Korean Celebrity

Kpop လောကထဲမှာ Visual လို့ သတ်မှတ်ထားတဲ့ အလှနတ်ဘုရားမ တွေ make-up မပါသောအခါ…

Kpop idol တွေဟာ မီးရောင်စုံအောက်က stage ပေါ်မှာ ဖျော်ဖြေရတဲ့အတွက် ထင်းထွက်နေအောင် make up ကို မဖြစ်မနေ လိမ်းခြယ်ကြရပါတယ်။ Stylist တွေကလည်း idol တွေကို အဆန်းကြယ်ဆုံးသော make up တွေနဲ့ ပြင်ဆင်လိမ်းချယ်ပေးကြပါတယ်။

ဒါပေမဲ့ Kpop idol တွေသာ မိတ်ကပ်မလိမ်းထားရင် ဘယ်လိုရုပ်ထွက်လာမလည်းဆိုတာ စဉ်းစားစရာပါဘဲ။ Visual လို့ သတ်မှတ်ထားခံရသူကရော တကယ်ရောအပြင်မှာ ချောလှကြပါ့မလား စိတ်ဝင်စားစရာပါ။ Kpop idol Visual Queen တွေရဲ့ make up ပါတဲ့ အလှတရားနဲ့ make up မပါတဲ့ ပုံတွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

  1. BLACKPINK’s Jisoo

BLACKPINK အဖွဲ့ရဲ့ visual အချောအလှလေး Jisoo ကတော့ ယဉ်ယဉ်လေးနဲ့ လှသူဖြစ်ပါတယ်။ သူမဟာ actress တစ်ယောက်လိုမျိုး အလှတရားရှိတယ်လို့ အားလုံးက ဆိုကြပါတယ်။ Jisoo ဟာ မျက်နှာပြောင်နဲ့ဆိုလည်း လှတာမို့ visual ပီသပါပေတယ်။

  1. TWICE’s Tzuyu

Twice အဖွဲ့ရဲ့ အငယ်ဆုံးလေးလည်း ဟုတ် visual လည်း ဟုတ်တဲ့ Tzuyu ဟာ နူးညံ့တဲ့ အလှတရားရှိသူပါ။ အရပ်ကလည်း ရှည်တဲ့အတွက် ဘာဝတ်ဝတ်လိုက်ဖက်သူ ဖြစ်ပါတယ်။ မိတ်ကပ်မပါရင်လည်း ဆယ်ကျော်သက်လေးလို နုဖတ်နေတာ တွေ့နိုင်ပါတယ်။

  1. ITZY’s Yuna

ITZY အဖွဲ့ရဲ့ Yuna ဟာ လည်း ငယ်သေးတာမို့ နုပျိုတက်ကြွတဲ့အလှတရားရှိသူပါ။ DALLA DALLA သီချင်းနဲ့ 2019 ခုနှစ်မှာ debut ခဲ့တာဖြစ်ပြီး ခုချိန်ထိ outfit မျိုးစုံ make up style မျိုးစုံ try ဖူးပါတယ်။ ဘယ်လိုဘဲပြင်ပြင် သူမနဲ့လိုက်ဖက်နေပြီး make up မပါလည်း ခုလိုလှနေတာကို တွေ့ရမှာပါ။

  1. (G)-IDLE’s Miyeon

(G)I-DLE အဖွဲ့ရဲ့ Miyeon ကတော့ ကြော့ရှင်းရည်မွန်တဲ့ အလှတရားနဲ့နာမည်ကြီးပါတယ်။ တော်ဝင်ဆန်တဲ့ သူမမျက်နှာပေါက်ဟာ make up မပါရင် ရှင်းလင်းပြီး ပိုကြည်နေတာ တွေ့ရမှာပါ။

  1. Girls’ Generation’s Yoona

Visual နဲ့ ပက်သက်ရင် Girls’ Generation အဖွဲ့ရဲ့ Yoona ကို ချန်ထားလို့မရပါဖူး။ အဆိုတော် လိုဘဲဖြစ်ဖြစ် မင်းသမီးတစ်ယောက်လိုဘဲဖြစ်ဖြစ် ဘယ်အခြေအနေမှာမဆို လှနေတဲ့အတွက် ကိုရီးယားရဲ့ အလှစံညွှန်းတွေဟာ သူမအပေါ်မူတည်ပြီး ဖြစ်လာတာဖြစ်ပါတယ်။

  1. Aespa’s Winter

Monster rookie အဖွဲ့လို့ဆိုရမဲ့ Aespa ရဲ့ visual “Winter” ကတော့ ဖြူစင်ပြီး အပြင်ကင်းစင်တဲ့ အလှကြောင့် fan တွေကချစ်ကြပါတယ်။ make up မပါတဲ့အခါပိုလှနေတာကို ခုလိုတွေ့နိုင်ပါတယ်။

  1. EVERGLOW’s Yiren

EVERGLOW အဖွဲ့ရဲ့ Yiren ကတော့ သူမအနားဖြတ်လျှောက်သူမှန်သမျှ သမင်လည်ပြန်ပြန်ငေးကြည့်ရတဲ့အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမ Produce 48 မှာ ပြိုင်ပွဲဝင်တုန်းကလည်း တခြားပြိုင်ပွဲဝင်တွေက အလှနဲ့ပက်သက်ရင် yerin ကိုဘဲ ရွေးခဲ့ကြပါတယ်။

  1. Apink’s Naeun

Apink အဖွဲ့ဝင် Naeun ကတော့ သူမ စ debutခဲ့တဲ့ 2011 ခုနှစ်ကစပြီး ခုချိန်ထိ လုံးဝအရွယ်မကျဘဲ လှနေတဲ့ သူ ဖြစ်ပါတယ်။ ခန္တာကိုယ်အချိုးအစားကအစ ထိန်းနိုင်တဲ့သူပါ။

9.T-ara Jiyeon

T-ara အဖွဲ့ရဲ့ Jiyeon ဟာလည်း make up နဲ့ဆို တော်တော်လှပြီး make up မပါလည်း အလှတမျိုးနဲ့ ကြည့်ကောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

  1. Red Velvet’s Irene

Red Velvet အဖွဲ့ရဲ့ leader တဖြစ်လဲ visual Irene ဟာ တည်ငြိမ်အေးချမ်းတဲ့ အလှပိုင်ရှင်လေးပါ။ Kpop idol တွေထဲမှာ သူမက အလှဆုံးလို့ fan တွေက ဆိုကြပါတယ်။ Irene ဟာတကယ်လည်းငယ်ငယ်ထဲက လှတဲ့သူပါ။ မိတ်ကပ်မပါတဲ့ရုပ်ဆို နုဖတ်နေချက်ပါဘဲ။

ကဲ Visual Queen တွေကတော့ make up မပါလည်း လှနေကြတာမို့ visual ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်။ ဘယ် တစ်ယောက် ပိုသဘောကျမိဆုံးလည်း ပရိသတ်ကြီးရေ

Source:Koreaboo
Written: Violet