Korean Celebrity

ပွဲဦးမထွက်ခင်က ဘဏ်အ​ကောင့်ထဲက ပိုက်ဆံအားလုံး လူလိမ်ခံထိခဲ့ဖူး​​ကြောင်း ​ပြောပြခဲ့တဲ့ မင်းသမီး Choi Ye Bin

SBS ရဲ့ နာမည်ကြီး drama ဖြစ်တဲ့ “The Penthouse” မှာ ပါဝင်သရုပ်​ဆောင်ခဲ့ကြတဲ့ Kim Hyun Soo, Choi Ye Bin နဲ့ Jin Ji Hee တို့ဟာ ​အောက်တိုဘာလ ၁၆ ရက်​နေ့မှာ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “Knowing Bros” အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ကြပါတယ်။

ထိုအစီအစဉ်မှာ Choi Ye Bin က သူမ သရုပ်​​ဆောင်အဖြစ် ပွဲဦးမထွက်ခင်မှာ ဖုန်းနဲ့ ရှိသမျှပိုက်ဆံ​​အားလုံးကို အလိမ်ခံခဲ့ရ​ကြောင်း ​ပြောပြခဲ့ပါတယ်။ အဖြစ်က​တော့ တစ်​နေ့မှာ မသိတဲ့သူတစ်​ယောက်က Choi Ye Bin ကို ဖုန်းဆက်ခဲ့ပြီး ထိုလူက သူ့ကိုယ်သူ အမှုစစ်လို့ဆိုကာ သူမရဲ့ bank acc ဟာ အမှုမှာ ပါဝင်ပတ်သက်​နေတာ​ကြောင့် မပူး​ပေါင်းရင် ရဲစခန်းမှာ စစ်​ဆေး​မေးမြန်းခံရမယ်ဆိုပြီး ​ပြောခဲ့ပါတယ်။

ထိုသူက သူ့ရဲ့ နာမည်ကို ​ပြောပြခဲ့ပြီး မယုံရင် အင်တာနက်မှာရှာကြည့်လို့ ​​ပြောခဲ့တာ​ကြောင့် Choi Ye Bin လည်း ရှာကြည့်တဲ့အခါမှာ ထိုနာမည်နဲ့ အမှုစစ်က တကယ်ရှိ​နေတာ​ကြောင့် ယုံကြည်သွားခဲ့ပြီး ထိုသူနဲ့ ၁ နာရီကြာ​အောင် ဖုန်း​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ ပွဲဦးမထွက်ရ​သေးပဲ သရုပ်​ဆောင်ဖြစ်ဖို့ လုံးပန်း​နေရတာ​ကြောင့် ဘဏ်အ​ကောင့်ထဲမှာ ဝမ် ၉ သိန်းသာ ရှိခဲ့ပါတယ်။

Choi Ye Bin က “ပိုက်ဆံပို့လိုက်လို့​ပြောရင် ကျွန်မ နည်းနည်းသံသယဝင်မိဦးမှာ.. သူက အဲ့ပိုက်ဆံနဲ့ gift voucher ​တွေဝယ်ခိုင်းပြီး နံပါတ်​တွေကို ကျွန်မကို ​ပို့ခိုင်းတယ်။  အမှုကို အားလုံး​ဖြေရှင်းပြီးသွားရင် ကျွန်မကို ​ငွေသားနဲ့ ပြန်​ပေးမယ်လို့လည်း ​ပြောတယ်။ အဲ့​တော့ ကျွန်မလည်း gift voucher ​တွေ ဝယ်ပြီး သူ့ကို နံပါတ်​တွေ ပို့​ပေးလိုက်မိတယ်။

Gift Voucher ​တွေ ဝယ်ပြီးတဲ့အခါမှာ ကျွန်မ ဘဏ်အ​ကောင့်ထဲမှာ သုညပဲကျန်​တော့တယ်” ဆိုပြီး ​ပြောပြခဲ့တဲ့အခါမှာ​တော့ နား​ထောင်​နေတဲ့သူ​တွေ အားလုံး မျက်လုံးပြူးသွားခဲ့ရပါတယ်။ သူမက​တော့ အားကိုး​လောက်စရာ အမှုစစ်တစ်​ယောက်နဲ့ အသိအကျွမ်းဖြစ်ပြီလို့ ​တွေးမိတဲ့အထိ ယုံကြည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူမ ဘယ်အချိန်မှာ အလိမ်ခံရမှန်း စပြီး သတိထားမိလာသလဲဆိုတာကိုလည်း ခုလို​ပြောပြခဲ့ပါတယ်။

“ကျွန်မက ​ကျောင်းမှာ PT အချိန်မှာ​ပေါ့။ PT ဆရာမကို ​ပြောပြပြီး အဲ့လူဆီက ဖုန်းလာလို့ ဖုန်းကိုင်ရင် ခွင့်လွှတ်​ပေးပါလို့ ခွင့်​တောင်းခဲ့တယ်။ အဲ့ဒါနဲ့ ဆရာမက ‘နင်အလိမ်ခံရတာမဟုတ်ဘူးလား’ လို့ ​ပြောတယ်။ ကျွန်မလည်း ‘မဟုတ်ပါဘူးဆရာမရယ်၊ ဘာ​တွေ​ပြော​နေတာလဲ၊ ဖုန်းလာမှာပါ’ ဆိုပြီး ပြန်​ပြောတာ​ပေါ့။ ဒီလိုနဲ့ ​နောက်ပိုင်း အဲ့လူက ကျွန်မဖုန်းဆက်ရင် မကိုင်​တော့ဘူး” လို့ ​ဖွင့်ဟခဲ့ပါတယ်။

သူမလည်း အလိမ်ခံရမှန်း သိသွားပြီး​နောက် ဂ​ယောင်းဂီဒိုက​နေ ဆိုးလ်မြို့၊ ဂန်နမ်ရဲစခန်းအထိ သွားကာ တိုင်ချက်ဖွင့်ခဲ့ပြီး အဲ့ဒီမှာ သူမခံခဲ့ရတဲ့ နည်းလမ်းနဲ့ အဲ့လူဆီကပဲ အလိမ်ခံခဲ့ရ​တဲ့ သူမနဲ့ သက်တူရွယ်တူ ​ကောင်မ​လေးတစ်​ယောက်ကို ​တွေ့ခဲ့ရ​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။

“Knowing Bros” ရဲ့ host တစ်ဦးဖြစ်တဲ့ Seo Jang Hoon က “တစ်နာရီ​တောင် အဲ့လူနဲ့ ဘာ​တွေ​ပြောခဲ့တာလဲ” ဆိုပြီး ​မေးကြည့်ခဲ့တဲ့အခါမှာ​တော့ “သူက ကျွန်မကို ဘာအလုပ်လုပ်လဲလို့​​မေးတယ်။ ကျွန်မလည်း သရုပ်​ဆောင်ဖြစ်ဖို့ ပြင်ဆင်​နေပါတယ်လို့ ​ဖြေ​တော့ ‘ဟုတ်လား ​နောက်ပိုင်း TV မှာပါလာရင် အား​ပေးမယ်လို့​ပြောပြီး ​နွေး​နွေး​ထွေး​ထွေးပဲ ကျွန်မကို အား​ပေးစကား​တောင် ​ပြောလိုက်​သေးတယ်” ဆိုပြီး Choi Ye Bin က ပြန်​လည်​ဖြေကြားခဲ့ပါတယ်။

ထိုအခါ Kim Hee Chul က “အဲ့ဒါဆို Penthouse အစအဆုံးကို သူကြည့်​ပြီးလောက်တယ်” ဆိုပြီး ​နောက်​ပြောင်ခဲ့ပါ​သေးတယ်။ တခြား​သော “Knowing Bros” အဖွဲ့သား​​တွေကလည်း မသိတဲ့သူက ဖုန်းဆက်ရင် အရင်ဆုံး သံသယဝင်ပြီး အယုံမလွယ်သင့်​ကြောင်း၊ ဂရုစိုက်သင့်​ကြောင်း ဝိုင်းဝန်း​ပြောကြားခဲ့ပါတယ်။

Choi Ye Bin ကို လိမ်လည်သွားတဲ့သူကို​တော့ အခုချိန်ထိ ဖမ်းမမိ​သေးဘူးလို့လည်း သိရပါတယ်။ ACB ပရိသတ်ကြီးလည်း လူလိမ်ဆိုတာ အ​ပြော​ကောင်း၊ ဟန်​ဆောင်​ကောင်းပြီး အ​ပေါ်ယံကြည့်ရုံနဲ့ မသိနိုင်တာမို့ ဘယ်အချိန်မဆို သတိထားကြဖို့ တိုက်တွန်းလိုက်ပါတယ်​နော်။

Source : Koreaboo
Photo : Instagram
Written : ZL