Korean Celebrity

Idol တစ်ဦးဖြစ်ချင်ခဲ့တဲ့စိတ်ဆန္ဒအား BTS အဖွဲ့က နှိုးဆော်နိုင်ခဲ့ကြောင်း ပြောခဲ့သူ Sunghoon

HYBE က မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်တွေဟာ မိသားစုကြီးတစ်ခုလိုမျိုး စည်းလုံးကြပါတယ်။ BTS, TXT, ENHYPEN နဲ့ Lee Hyun တို့ကြားက ပတ်သက်မှုလေးတွေဟာ ပရိသတ်တွေအဖို့ ကြည်နူးစရာအခိုက်အတန့်တွေချည်းပါပဲ။ နောက်ဆုံး ‌ပျိုးထောင်ပေးထားတဲ့ ENHYPEN အဖွဲ့ဆိုရင်လည်း အချိန်ခဏလေးအတွင်းမှာ ပရိသတ်အခိုင်အမာကို ရရှိနေပါပြီ။

နိုင်ငံပေါင်းစုံကလာပြီး အခက်အခဲပေါင်းစုံကို ဖြတ်သန်းလာကြတဲ့ အဖွဲ့ဝင်တွေဖြစ်တာကြောင့် အာရုံစိုက်မှုအများအပြားပါ ရရှိထားတာပါ။ အထူးသဖြင့် Sunghoon ကတော့ လက်ရွေးစင် ဆုရရေခဲပြင်စကိတ်စီးပြိုင်ပွဲဝင် ဖြစ်တာကြောင့် သူ့ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပိုပြီစိတ်ဝင်စားကြပါတယ်။

ဒီလိုပြိုင်ပွဲဝင်ကနေ Idol တစ်ဦးဖြစ်လာခဲ့ပုံကိုတော့ Sunghoon က 1theK Originals series IDDP မှာ ပြောပြခဲ့ပါတယ်။ အင်တာနက်မှ သူ့အကြောင်းကိုရှာရင်းက Sunghoon အနေနဲ့ မှတ်ချက်တစ်ခုကို သတိထားမိသွားပါတယ်။ ဒါကတော့ “Sunghoon ဟာ BTS concert ကို သွားပြီးနောက် idol ဖြစ်လာဖို့ အတွင်းဆန္ဒတွေ ဖြစ်ပေါ်ခဲ့တယ်” ဆိုတဲ့ အချက်ပါပဲ။

Sunghoon ကိုယ်တိုင်ကလည်း ဟုတ်မှန်ကြောင်း ပြောခဲ့ပြီး သူ့ရဲ့အမှတ်တရ မှတ်ဉာဏ်ကို အခုလိုလေး ပြောပြခဲ့ပါတော့တယ်။ “ကျွန်တော်က concert တွေကို သွားလေ့သွားထ မရှိပါဘူး။ နေ့တိုင်း လေ့ကျင့်ရေးဆင်းနေရတော့ ကျွန်တော် မသွားဖြစ်ခဲ့ဘူး။ ကျွန်တော် ပထမဆုံးသွားဖြစ်ခဲ့တဲ့ Concert က BTS အဖွဲ့ရဲ့ Concert ပဲ။ ၇ ယောက်စလုံးက တအားကို လန်း‌ပြီး မိမိုက်နေခဲ့ကြတာ။

အဲ့တုန်းက ဖျော်ဖြေသွားသမျှထဲမှာ 2017 တုန်းကထွက်ခဲ့တဲ့ “MIC Drop” သီချင်းက တော်တော်လေးကို ထိသွားခဲ့တယ်။ ‘MIC Drop’ ကို နားထောင်ရင်း ကျောရိုးထဲကကို စိမ့်ထွက်သွားတာပဲ။ ဒီသီချင်းကကောင်းလွန်းလို့ ငါလည်း သူတို့လို idol တစ်‌ယောက်ဖြစ်ချင်တယ်, ဆိုပြီး စိတ်ဆန္ဒတွေဖြစ်ပေါ်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတော့တယ်။ Sunghoon အပါအဝင် ENHYPEN အဖွဲ့ဝင်တွေဟာ BTS အဖွဲ့ကြောင့် Idol ဖြစ်ဖို့ ကြိုးစားခဲ့ကြကြောင်း မကြာခဏပြောဆိုခဲ့ဖူးပါတယ်။

ဆုရစကိတ်စီးပညာရှင်တစ်ဦးဖြစ်တဲ့ Sunghoon အနေနဲ့ သူ့ရဲ့ ဘဝမြှုပ်နှံရာ စကိတ်စီးခြင်းကို ရပ်နားပြီး Idol တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တာဟာ တကယ်ကို အရဲစွန့်နိုင်လွန်းလှပါတယ်။ ဘဝအတွက် အသွေးအသားထဲကဖြစ်ချင်တဲ့ ဆန္ဒဟာ BTS အဖွဲ့ကြောင့် ဖြစ်ပေါ်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ Sunghoon အတွက် ဂုဏ်ယူနေရပါတယ်။

Source: Koreaboo
Photos: Koreaboo/Rolling Stone
Translated by Julix