Korean Celebrity

ထင်မထားမိလောက်အောင် ပြောင်းလဲသွားတဲ့ TWICE’s Jungyeon ရဲ့ အသွင်အပြင်

TWICE အဖွဲ့ဝင် Jungyeon ဟာ ဩဂုတ်လတုန်းက သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကြောင့် သေသေချာချာကုသမှုခံယူဖို့ အလုပ်တွေကနေ ခေတ္တအနားယူထားခဲ့တာပါ။ စိတ်ပိုင်းဆိုင်ရာ ပူပန်ကြောင့်ကြမှုရောဂါကို ခံစားနေရတဲ့ Jungyeon အတွက် ကောင်းမွန်တဲ့အနားယူခြင်းရရှိဖို့က အဓိကဖြစ်ခဲ့တာကြောင့် English Single Song ဖြစ်တဲ့ “The Feels” အတွက် အဖွဲ့လိုက်လှုပ်ရှားမှုတွေကနေလည်း ခေတ္တရပ်နားနေခဲ့တာပါ။

ဒါပေမဲ့ မကြာသေးခင်က Jungyeon ဟာ အဖွဲ့နဲ့အတူ ပါဝင်လာခဲ့ပြီး သူမရဲ့ ပုံစံကြောင့် netizen တွေကြား လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပါတော့တယ်။ အွန်လိုင်းဆက်သွယ်မှု အစီအစဉ်အရ TWICE အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့ကြပြီး ထိုထဲက ပရိသတ်တစ်ယောက်ဟာ Jungyeon ရဲ့ ဓာတ်ပုံ Screenshot တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ပုံထဲမှာဆိုရင် မြင်တွေ့နေကျပုံစံမျိုးမဟုတ်ဘဲ ဝိတ်တက်ကာ ဝဝပြည့်ပြည့်လေးဖြစ်နေတဲ့ Jungyeon ကို တွေ့ရမှာပါ။ အရင်ကတည်းက လည်ပင်းဒဏ်ရာနဲ့ အချိန်အတော်ကြာ အနားယူခဲ့ရတဲ့အပြင် အခုချိန်မှာလည်း ပူပန်ကြောင့်ကြမှုရောဂါကြောင့် အနုပညာအလုပ်တွေ ခေတ္တရပ်နားထားတာကြောင့် သူမအတွက် ဝိတ်တက်လာခြင်းဟာ မဆန်းကြယ်လှပါဘူး။

ပရိသတ်တော်တော်များများက Jungyeon ကို စာနာအားပေးနေကြပြီး အခုလို ပြည့်ပြည့်ဖြိုးဖြိုးပုံစံကတောင် ပိုပြီးချစ်စရာကောင်းကြောင်း ပြောဆိုခဲ့ကြပါတယ်။ သို့ပေမဲ့ တဖက်မှာလည်း idol တစ်ဦးဖြစ်တာတောင် ခန္ဓာကိုယ်ထိန်းသိမ်းနိုင်ခြင်းမရှိဘူးဆိုပြီး ဝေဖန်ပြောဆိုကြသူတွေကလည်း ရှိနေကြပြန်ပါတယ်။ ပရိသတ်တွေကတော့ ဒီလိုအဆိုးမြင်မှတ်ချက်တွေကို ထိန်းချုပ်ပြီး Jungyeon ကို ကာကွယ်ပေးဖို့ JYPE Entertainment ကို တောင်းဆိုခဲ့ကြပြန်ပါတယ်။

စိတ်အခြေအနေကြောင့် အနားယူထားရတဲ့ Jungyeon ကို ဝိတ်တက်လာတယ်ဆိုပြီး စိတ်ထိခိုက်အောင် ထပ်မံထိုးနှက်တာမျိုးကတော့ မဖြစ်သင့်တဲ့ လူကျင့်ဝတ်ဖြစ်ကြောင်းလည်း ချေပပြောဆိုကာ ပွဲတွေဖြစ်နေကြပါတော့တယ်။ ကျန်တာထက် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတဲ့ Jungyeon လေးကို ပြန်လည်မြင်တွေ့ရတာကိုက ဝမ်းသာဖို့ကောင်းနေပါပြီ။

Source: Allkpop
Photos: Allkpop
Translated by Julix