Korean Celebrity

ချစ်သူကို အတင်း ကိုယ်ဝန်ဖျက်ချ​စေခဲ့တယ်ဆိုတဲ့ ​စွပ်စွဲခ​ျက်နဲ့ ရင်ဆိုင်​နေရတဲ့ အရမ်းကို ​အောင်မြင်နေသော မင်းသားတစ်ဦး

အောက်တိုဘာလ ၁၇ ရက်​နေ့မှာ netizen တစ်ဦးက သူမကိုယ်သူမ မင်းသား K ရဲ့ ရည်းစား​ဟောင်းလို့ဆိုကာ ထိုမင်းသားရဲ့ ယုတ်မာမှု​တွေကို အွန်လိုင်းမှာ ဖွင့်ချခဲ့တာ​ကြောင့် အင်တာနက်သုံးသွဲသူ​တွေကြားမှာ ဒီသတင်းက ပွက်​လောရိုက်လျက်ရှိနေပါတယ်။

‘A’ ဆိုတဲ့ အဲ့ဒီမိန်းက​လေးဟာ “မင်းသား K ရဲ့ မျက်နှာ ၂ ဖက်နဲ့ အရှက်မရှိတဲ့ သူ့ရဲ့ တကယ့်ပုံစံအမှန်ကို ဖွင့်ချချင်ပါတယ်” လို့ အစချီပြီး အဲ့ဒီမင်းသားက သူမကို လက်ထပ်မယ်လို့ ကတိပြုကာ က​လေးဖျက်ချဖို့ ​စေခိုင်းခဲ့​ကြောင်း နာမည်ကြီး online community တစ်ခုမှာ တင်ခဲ့တာပါ။

‘A’ ဟာ မင်းသား K နဲ့ လွန်ခဲ့တဲ့ ၄ လက လမ်းခွဲခဲ့ပြီး မင်းသားနဲ့ လမ်းမခွဲခင်က အကာအကွယ်မသုံးခဲ့တာ​ကြောင့် ကိုယ်ဝန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ငယ်ငယ်တည်းက အားနည်း​တာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲပြီး ဒါ​ကြောင့် သူမဟာ က​လေးကို ​မွေးဖွားချင်ခဲ့တယ်လို့လည်း ​ပြောပြခဲ့ပါတယ်။

ဒါ​ပေမဲ့ မင်းသား K ဟာ သူ​ပေးထားတဲ့ ကတိကိုမတည်ပဲ “မင်း အခု က​လေးကို ​မွေးလိုက်ရင် ငါ သန်း ၉၀၀ (life insurance) ​လျော်​ကြေး​ပေးရမယ်။ ငါ့မှာ အခု အဲ့​လောက် ပိုက်ဆံမရှိ​သေးဘူး။ မင်းက ငါ့မိဘ​တွေကို ဒုက္ခ​ပေးရင်​ရော? ငါတို့ ​နောက်နှစ်မှ အတူတူ​နေကြရ​အောင်” လို့ ​သူမကို ပြောပြီး က​လေးကို ဖျက်ချ​စေခဲ့တယ်လို့ ​ရေးသားထားပါတယ်။

ထိုမင်းသားဟာ သူမ က​လေးဖျက်ချပြီး​နောက် ဆက်ဆံပုံ​တွေ၊ အပြုအမူ​တွေ လုံးဝ​ပြောင်းလဲသွားခဲ့ပြီး “သူက ကျွန်မ ခွဲစိတ်ဖို့အတွက် ဝမ် ၂ သန်း (life insurance) ပို့​ပေးခဲ့တယ်။ ကျွန်မလည်း ကုန်ကျစရိတ်အတိအကျကို သူ့ကို ​ပြောပြသင့်တယ်ထင်လို့ ဖြတ်ပိုင်း​တွေကို ပို့ခဲ့ပြီး ဘယ်​နေရာမှာ ဘယ်​လောက်သုံးခဲ့တယ်ဆိုတာကို ပြခဲ့တယ်။

ဒါ​ပေမဲ့ သူက ရုတ်တရက် စိတ်ဆိုး​ဒေါသထွက်ပြီး ကျွန်မက သူ့ကို အပြစ်ဝင်စိတ် ခံစားရ​အောင် လုပ်​နေတယ်ဆိုပြီး ​ပြောတယ်။ ​နောက်ပိုင်း အ​သေးအဖွဲ​ကိစ္စ​လေး​တွေကအစ ပြဿနာအကြီးကြီးဖြစ်​အောင်လုပ်ပြီး ကျွန်မကို ခြိမ်း​ခြောက်တာမျိုးပါလုပ်လာတယ်” ဆိုပြီး​တော့လည်း ‘A’ က ​ပြောထားပါတယ်။

ဆက်လက်ပြီး ‘A’ က မင်းသား ‘K’ TV Show တစ်ခုမှာ ​အော်ဟစ်ခဲ့တာ​ကြောင့် လူ​ပြောခံရတုန်းက သူမ ရယ်​မော​နေခဲ့တယ်လို့ ဆိုပါတယ်။ “ဒါက သူ့ရဲ့ ပုံစံအမှန်ပဲ​လေ။ လူ​တွေမြင်​နေရတဲ့ ပုံစံနဲ့ မတူပဲ တကယ်တမ်းမှာ သူက ​​​သွေး​အေးပြီး ရက်စက်တဲ့သူဖြစ်တယ်။ သူ့ရဲ့ လုပ်​ဖော်ကိုင်ဖက်၊ စီနီယာ၊ ဒါရိုက်တာနဲ့ သူ့​ဘေးနားက လူ​တွေရဲ့ ​နောက်ကွယ်မှာလည်း မကြာခဏ ​မ​ကောင်း​ပြော​လေ့ရှိတယ်” လို့လည်း ‘A’ က ​​​​ဖွင့်ဟ​ပြောဆိုထားပါတယ်။

မင်းသား ‘K’ က သူမကို လမ်းခွဲတဲ့အခါမှာလည်း ဖုန်းဆက်ပြီး သူ့ရဲ့ ​ငွေ​ကြေးနဲ့ ​အောင်မြင်မှုကို သူမအတွက် မ​ပေးဆပ်နိုင်ဘူးလို့ ​ပြောကာ လမ်းခွဲခဲ့တယ်လို့ ‘A’ က ​ပြောထားပါ​သေးတယ်။ ဒီကိစ္စကို မယုံကြည်ကြတဲ့ netizen ​​တွေဟာ ‘A’ ဆီက သက်​သေနဲ့ ဓါတ်ပုံ​​တွေ ပြဖို့ ​တောင်းဆိုတဲ့အခါမှာ​တော့ “​တော်​တော်များများက ကျွန်မဆီက ဓါတ်ပုံ​​တွေ ​တောင်း​နေကြတယ်။

ဒါက မခက်ခဲပါဘူး။ ဓါတ်ပုံက အများကြီးပဲ။ တရား​ဥပ​ဒေနဲ့ ငြိစွန်းတာတွေဖြစ်လာမှာစိုးလို့ ထုတ်မပြ​သေးပဲ သိမ်းထားတာပါ။ ကျွန်မ တစ်နှစ်နီးပါး ​တော်​တော်​လေး နာကျင်ခံစားရပြီးပြီ။ ဒီစာကို ​ရေးဖို့ကိုလည်း တွန့်ဆုတ်​နေခဲ့တာမျိုး မရှိဘူး” လို့လည်း သူမက ​ဆိုပါတယ်​။

အခုအချိန်မှာ မင်းသား K က ဘယ်သူလဲဆိုတာကို အတိအကျမသိရ​သေး​ပေမဲ့ ပရိသတ်​တွေကြားမှာ​​တော့ မင်းသား Kim Seon Ho ဖြစ်မယ်ဆိုတဲ့ ယူဆချက်​တွေက ပွထလို့​နေပါတယ်။ မင်းသား K ဟာ လက်ရှိမှာ အရမ်းကို ​အောင်မြင်​​ကျော်ကြားပြီး ပရိသတ်အချစ်ကို တစ်ခဲနက် ရရှိ​နေတာ​ကြောင့် သူနဲ့ ​ကြော်ငြာအတွက် စာချုပ်ချုပ်ဆိုထားတဲ့ ​ကုမ္ပဏီ​တွေကလည်း အများကြီးပါ။ မင်းသား K နဲ့ မကြာ​သေးခင်ကမှ ​ကြော်ငြာရိုက်ကူး​ရေးလုပ်ထားတဲ့ brand တစ်ခုက​တော့ “​ကောလဟာလကို ကျွန်​တော်တို့ ကြားပြီးပါပြီ။

ဒီသတင်းက အမှားပဲဖြစ်ပါ​စေလို့ ကျွန်​တော်တို့ ဆု​တောင်း​နေပါတယ်။ ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ ပုံရိပ်က မင်းသားရဲ့ အဓိက​သော့ချက်ပဲမို့ ဒီကိစ္စသာ အမှန်ဆိုရင် ကျွန်​တော်တို့လည်း ဒုက္ခ​ရောက်မှာပါ။ ဒီကိစ္စ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ​သေချာ​စောင့်ကြည့်မှာပါ။ အခု​တော့ ကျွန်​တော်တို့လည်း အ​တော်​လေးကို ​ရှော့ခ်ရ​နေရပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။

ACB ပရိသတ်ကြီးရဲ့ အမြင်မှာ​ရော ဒီကိစ္စက တကယ်ဖြစ်နိုင်တယ်လို့ ထင်ပါသလား၊ ဒါမှမဟုတ် မင်းသားရဲ့ ​အောင်မြင်မှုကို မနာလိုတဲ့သူတစ်​ယောက်က တမင်တိုက်ခိုက်ပြီး နာမည်ကျ​အောင် လုပ်ချင်တယ်လို့ ထင်ပါသလား။

Source : Allkpop
Written : ZL