Korean Celebrity

၂၀၂၁ ခုနှစ် MAMA ဆု​ပေးပွဲမှာ ဖျော​်ဖြေမယ့် ခန့်မှန်းအနုပညာရှင်စာရင်းတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိ

လက်ရှိ ကိုရီးယားနိုင်ငံရဲ့ online community အများအပြားမှာ ၂၀၂၁ ခုနှစ် Mnet Asian Music Awards (MAMA) 2021 ပွဲကို တက်​ရောက်ပြီး ​ဖျော​်ဖြေသွားမယ့် ခန့်မှန်းအနုပညာရှင်စာရင်းဟာ ပျံ့နှံ့လျက်ရှိပြီး လူ​ပြောအများဆုံးအ​ကြောင်းအရာတစ်ခုဖြစ်လို့​နေပါတယ်။

ဒီစာရင်းအရ ယခုနှစ် MAMA ဆု​ပေးပွဲကို တက်​ရောက်မယ်လို့ ထင်​ကြေး​ပေးခံ​နေရတဲ့ အနုပညာရှင်​တွေထဲမှာ BTS, EXO, TWICE, aespa, SEVENTEEN တို့လို နာမည်ကြီးအဖွဲ့​တွေအပြင် နိုင်ငံတကာအနုပညာရှင်​တွေဖြစ်တဲ့ Justin Bieber, AKB48 နဲ့ JO1 တို့လည်း ပါဝင်​နေတာကို ​တွေ့ရပါတယ်။

Mnet ဟာ ​လာမယ့်​အောက်တိုဘာလ ၂၈ ရက်​နေ့မှာ MAMA နဲ့ပတ်သက်တဲ့ အထူးမှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် MAMA မှာ “JYP Party” ဆိုပြီး JYP artist ​တွေရဲ့ collaboration ​ဖျော်​ဖြေမှုတစ်ခုကိုလည်း ပြသသွားမယ်လို့ ခန့်မှန်း​နေကြပါတယ်။ ဒါ​ကြောင့် JY Park, TWICE, ITZY, StrayKids တို့လို K-Pop အဖွဲ့​တွေအပြင် JYP ရဲ့ ဂျပန်မိန်းက​လေးအဖွဲ့ဖြစ်တဲ့ NiziU လည်း ပါဝင်သွားမယ်လို့ ​မျှော်လင့်​နေကြပါတယ်။

ဒါတင်မက​သေးပဲ HYBE Artist ​တွေဖြစ်တဲ့ BTS, TXT, Seventeen တို့အပြင် Jutin Bieber ရဲ့ ​အေဂျင်စီကို ယခုနှစ်မှာ HYBE က ဝယ်ယူလိုက်တာ​​ကြောင့် Justin Bieber လည်း ပါဝင်​ဖျော်​ဖြေနိုင်​ခြေရှိတယ်လို့ ခန့်မှန်း​နေကြတာပါ။ အွန်လိုင်း​ပေါ်မှာ ပျံ့နှံ့​နေတဲ့ ခန့်မှန်းအနုပညာရှင်စာရင်းအတိအကျက​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 1st lineup – BTS, TWICE
  • 2nd lineup – STRAY KIDS, ATEEZ, TXT
  • 3rd lineup – SEVENTEEN, ITZY, NCT 127, Red Velvet, aespa
  • 4th lineup – Lee Hyori, JY Park, Psy, BoA, Street Woman Fighter Dancers
  • 5th lineup – Justin Bieber, AKB48, NiziU, JO1

ဒီကိစ္စနဲ့ ပတ်သက်ပြီး netizen ​တွေရဲ့ တုံ့ပြန်မှု​တွေကလည်း အမျိုးမျိုးကွဲပြားလျက်ရှိပါတယ်။ တချို့က​တော့ ဂျပန်အနုပညာရှင်​တွေ ပွဲတက်မှာကို မနှစ်မြို့ကြသလို တချို့က​တော့ ယခုနှစ်မှာ ​အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့ကြတဲ့ BLACKPINK, Monsta X, NCT DREAM, OH MY GIRL, BRAVE GIRLS, STAYC နဲ့ IU တို့လို အနုပညာရှင်​တွေမပါဝင်တာကို မ​ကျေမနပ်ဖြစ်​နေကြပါတယ်။

ဒါ​ပေမဲ့ Justin Bieber နဲ့ နာမည်ကြီး K-Pop အဖွဲ့​တွေ ပါဝင်မှာဖြစ်တဲ့အတွက် ​ပျော်ရွှင်​စိတ်လှုပ်ရှား​နေကြတဲ့သူ​တွေလည်း ရှိပါတယ်။ ၂၀၂၁ ခုနှစ် MAMA ပွဲကို လာမယ့် ဒီဇင်ဘာလ ၁၁ ရ တရားဝင် line up ကို​တော့ ထုတ်ပြန်​ကြေငြာထားခြင်း မရှိ​သေးပါဘူး။

Source : Koreaboo, Kpopstarz
Written : ZL