Korean Celebrity

Squid Game ရဲ့ ကြည့်ရှူနှုန်းကို အမီလိုက်နေတဲ့ ထွက်ရှိတာမကြာသေးတဲ့ နာဘီမလေးရဲ့ အက်ရှင်ဇာတ်ကားသစ်

Squid Game ကတော့ ဒီနှစ်ရဲ့ Netflix series တွေထဲမှာ ကြည့်ရှူနှုန်းအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ တကမ္ဘာလုံးမှာ popular ဖြစ်သွားပြီး ခုချိန်ထိ Top 1 ကနေ မဆင်းသေးပါဖူး။ Korea ရဲ့ Entertainment လောက အရှိန်အဝါက အံ့ချီးဖွယ်ရာပါဘဲ။

ခုနောက်ထပ် “The Name” လို့ခေါ်တဲ့ korea series သစ်တစ်ခု Netflix ကနေ October 15 ရက်နေ့မှာ လွှင့်ခဲ့ပါတယ်။ နာဘီမလေးလို့ လူသိများတဲ့ မင်းသမီး Han so hee က အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ 17 နှစ်အရွယ် Jiwoo လေးဟာ သူမအဖေကို ဆုံးပါးအောင်လုပ်ခဲ့တဲ့ ပြဿနာကောင်ကို ရှာဖို့အတွက် လူဆိုးဂိုဏ်းထဲကို ဝင်ခဲ့ပါတယ်။

တဖက်မှာ သူမရဲ့ဘဝမှန်ကို ဖုံးပြီး ရဲမေလုပ်ကာ ရဲလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ ခန့်မှန်းမရနိုင်တဲ့ ဒီဇာတ်ကောင်ကို Han so hee က အပင်ပန်းခံ သေချာလေ့ကျင့်ပြီး ရိုက်ကူးခဲ့တာပါ။ ဒါကြောင့်ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို ခု သူမရရှိနေပါတယ်။

ဇာတ်လမ်းက ထွက်ရှိပြီး နှစ်ရက်အတွင်းမှာဘဲ ကြည့်ရှုနှုန်းအများဆုံး Ranked 4 နေရာကို ရောက်ခဲ့တာပါ။ ဒါဟာတကမ္ဘာလုံးအတိုင်းအတာ data နဲ့ တွက်ချက်ထားတာဖြစ်ပါတယ်။ Korea မှာတော့ ခုလက်ရှိခေတ်စားနေတဲ့ ‘Hometown Cha-Cha-Cha’ နဲ့ ‘Squid Game’ တို့ကို ကျော်လွန်ပြီး Ranked 1 ဖြစ်နေပါတယ်။

Thailand, Indonesia, Malaysia, Philippines, Vietnam အစရှိတဲ့ နိုင်ငံတွေမှာတော့ ကြည့်ရှုနှုန်း Ranked 2 ဖြစ်နေပြီး US မှာတော့ Ranked 6 ပါ။နှစ်ရက်ထဲနဲ့တင် ခုလို worldwide hit ဖြစ်နေတာ ဒီပုံအတိုင်းဆို “Squid Game” ကိုကျော်တက်သွားနိုင်ပါတယ်။ Han so hee ကတော့ သူ့ရဲ့ character သစ်တမျိုးကို ပရိသတ်တွေထံ ခုလို အောင်အောင်မြင်မြင်ချပြနိုင်လို့ ဝမ်းသာနေမယ် ထင်ပါတယ်။

Source : Koreadispatch
written: violet