Korean Celebrity

ခုနှစ်လကြာသွားသည့်တိုင် အငယ်ဆုံး Sehun လေးပေးတဲ့ ရွေဆွဲကြိုးကို လုံးဝမချွတ်ဘဲ အမြတ်တနိုးဆွဲထားတဲ့ Xiumin

SM idol league အစီအစဉ်ကို EXO အဖွဲ့ဝင်တွေထဲက Game ဆော့သန်တဲ့ Baekhyun,Chanyeol, Sehun, Kai တို့ဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲဖြစ်စေခဏခဏသွားပြီး ပရိသတ်တွေနဲ့ အတူကစားပေးကြပါတယ်။ ခုတခေါက်မှာတော့ Xiumin ပါ ဒီအစီအစဉ်ကို ရောက်လာခဲ့ပါပြီ။

Xiumin တစ်ယောက်ထဲပါတဲ့ Live အစီအစဉ်ကို October 18 ရက်နေ့ကစပြီး အပတ်စဉ် SM idol league မှာ လွှင့်သွားမယ်လို့ လွန်ခဲ့တဲ့၃ရက်လောက်ထဲက မိတ်ဆက် video လေး တင်ပေးခဲ့ပါတယ်။ xiumin ဟာ 18 ရက်နေ့လည်း ရောက်ရော အစီအစဉ်ကို မိုးပြာရောင်နဲ့ခဲစပ် ဆွယ်တာလေးဝတ်လာခဲ့ပါတယ်။

ပြီးတော့ သူ့လည်ပင်းမှာ တလက်လက်နဲ့ လက်နေတဲ့ရွှေဆွဲကြိုးကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒီဆွဲကြိုးမှာ ရာဇဝင်ရှိပါတယ်။ ထိုအကြောင်းကိုလည်း xiumin ဟာ ဘယ်သွားသွား အခွင့်အခါသင့်ရင်သင့်သလို ပြောပြလေ့ရှိပါတယ်။ ဒီနေ့လည်း ခုလို ထုတ်ကြွားခဲ့ပါတယ်။  “ဒီဆွဲကြိုးက ကျွန်တော်တို့ရဲ့ makanae လေး sehunnie ပေးထားတာပါ။ ရွှေကိုဝတ်ထားရင် ချမ်းသာခြင်းလာဘ်လာဘတွေရောက်လာလိမ့်မယ်တဲ့။

ဒါကြောင့် ကျွန်တော်ဒီဆွဲကြိုးကို ဘယ်တော့မှ ချွတ်မှာမဟုတ်ဖူး” တကယ်လည်း xiumin ဟာ ထိုဆွဲကြိုးကို အမြဲတမ်းဆွဲထားတာကို သူ့ကို စောင့်ကြည့်နေတဲ့ ပရိတ်သတ်တွေဆို ပိုသိမှာပါ။ Sehun ဟာ လွန်ခဲ့တဲ့ ခုနှစ်လ xiumin စစ်ထဲက ထွက်လာတဲ့အချိန်ကစပြီး ပေးခဲ့တာဖြစ်ပါတယ်။ ဒီညီအကိုတွေက တစ်ယောက်ကိုတစ်ယောက် ချစ်တတ်လိုက်ကြတာနော်။

Source: Twitter
Written: Violet