Korean Celebrity

စိတ်ပျက်စရာ Comments တွေအား အလုပ်နဲ့ သက်သေပြချေပနိုင်ခဲ့တဲ့ RM

BTS အဖွဲ့အတွက် မအောင်မြင်ခင်ကာလ‌တုန်းက တကယ့်ကို အခက်အခဲတွေအများကြီးပါပဲ။ ဝေဖန်တိုက်ခိုက်ခံရသလို ပေါ်တင်ထိုးနှက်ချက်တွေကိုလည်း အဖွဲ့ဝင် (၇) ဦးစလုံး ရင်နဲ့မဆန့်အောင် ခံစားခဲ့ကြရဖူးပါတယ်။ ပွဲဦးထွက်ပြီး နှစ်အတော်ကြာ Kpop လောကထဲမှာ ရပ်တည်နိုင်အောင် ရုန်းကန်နေကြရင်း BTS အဖွဲ့ခေါင်းဆောင်ဖြစ်သူ RM ကိုယ်တိုင် ဆိုးဝါးတဲ့မှတ်ချက်တွေကို မျက်မြင်ဖတ်ရှုခဲ့ဖူးတာပါ။

BTS အဖွဲ့ ပွဲဦးထွက်ခါစက လူတိုင်းဟာ လုပ်နိုင်ပါ့မလားဆိုပြီး သံသယဝင် ဝေဖန်ပြောဆိုခံခဲ့ရပါတယ်။ မှတ်မှတ်ရရ Things Show ရဲ့ အပိုင်း (၄) မှာ RM ရောက်လာခဲ့ပြီး တချို့သော comment တွေကို ဖတ်မိခဲ့ပါတယ်။ Comment တွေထဲမှာဆိုရင် “RM က idol နဲ့လည်း မတူပါဘူး”, “BTS ရဲ့ သီချင်းတွေက ဆိုးရွားနေတာပဲ”, “ထူးခြားပြီး ကောင်းလည်းမနေပါဘူး” စဖြင့် ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။

ဒါကိုမြင်ခဲ့တဲ့ RM က ကင်မရာကို ကြည့်ပြီး တစ်ခွန်းတည်းပဲ ပြန်ပြောခဲ့ပါတယ်။ “မင်းတို့အားလုံး မှားနေတယ်ဆိုတာကို ငါကိုယ်တိုင် သက်သေပြပေးမယ်” ဆိုပြီးတော့ပေါ့။ RM က တကယ်ကို အလုပ်နဲ့သက်သေပြခဲ့ပြီး ဝေဖန်မုန်းတီးရေးသမားတွေကို နှပ်ချခဲ့ပါတယ်။ အခုချိန်မှာ BTS အဖွဲ့ကတော့ K-Pop ကို ကမ္ဘာ့အဆင့်ထိ ချပြနိုင်ခဲ့တဲ့ ရာဇဝင်တွင် အဖွဲ့တစ်ဖွဲ့ဖြစ်နေပါပြီ။

စံချိန်ပေါင်းများစွာ၊ ဆုပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး တောင်ကိုရီးယားသမ္မတရဲ့ အထူးသံတမန်အဖြစ် ခံအပ်ခံထားရတဲ့ BTS အဖွဲ့ဟာ UN လို အဖွဲ့အစည်းမှာတောင် မိန့်ခွန်းတက်ပြောခွင့်ရတဲ့ တစ်ဖွဲ့တည်းသော Kpop အဖွဲ့ပါပဲ။ တနေ့တခြား ကြီးကျယ်ခမ်းနားစွာ အောင်မြင်လာတဲ့ BTS အဖွဲ့ဝင်တွေကိုမြင်တိုင်း တချိန်က ဝေဖန်ထိုးနှက်ခဲ့ကြ‌တဲ့သူတွေ ဘယ်လိုနေကြမလဲဆိုတာ သိချင်ပါရဲ့နော်။

Source: Koreaboo
Photos: BTS Official
Translated by Julix