Korean Celebrity

“MONEY” သီချင်းနဲ့အတူ ပွဲတိုင်းကျော်နေပြီး အမြန်ဆုံးစံချိန်တင် K-Pop Soloist ဖြစ်လာတဲ့ Lisa

BLACKPINK’s Lisa လေး ကတော့ တကိုယ်တော်ပွဲဦးထွက်ပြီးနောက် စံချိန်သစ်တွေတင်နေခဲ့တာ အကြိမ်ကြိမ်ပဲ ဖြစ်ပါတယ်။ အေဂျင်စီရဲ့အထောက်အပံ့ကောင်းစွာမရရှိတာတောင် ပရိသတ်တွေရဲ့ ကောင်းမွန်လှတဲ့အားပေးမှုကြောင့်ပဲ Kpop Soloist အဖြစ် စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ Lisa ဟာ သူမအနှစ်သက်ဆုံး ခပ်မိုက်မိုက်သီချင်းဖြစ်တဲ့ “MONEY” ကို Performance Viedo ထုတ်ပေးခဲ့ပြီး အချိန်တိုအတွင်းမှာ ကမ္ဘာ့ပရိသတ်တွေကြား တော်တော်လေးကို လွှမ်းနိုးနိုင်ခဲ့ပါတော့တယ်။

အောက်တိုဘာလ (၁၈) ရက်နေ့မှာတော့ Lisa ရဲ့ “MONEY” သီချင်းဟာ နိုင်ငံတကာသီချင်းများ စုစည်းရာ Platform ဖြစ်တဲ့ Spotify မှာပဲ Streaming ပြုလုပ်မှုပေါင်း 100 million ကျော်သွားပြီဖြစ်ကြောင်း YG Entertainment ကနေ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီစံချိန်ကတော့ ထွက်ရှိပြီး ၃၇ ရက်အကြာမှာပဲ ရောက်ရှိအောင်မြင်ခဲ့တာဖြစ်လို့ Lisa ဟာ “MONEY” သီချင်းနဲ့ Kpop တကိုယ်တော်အဆို‌ရှင်ပေါင်းများစွာထဲမှာအမြန်ဆုံးစံချိန်သစ်တင်နိုင်ခဲ့သူ ဖြစ်လာခဲ့ပါပြီ။ မူလစံချိန်တင်ထားသူက Rosé ဖြစ်ပြီး ၇၁ ရက်ကြာမှ “On The Ground” သီချင်းနဲ့ မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။

“MONEY” သီချင်းကတော့ အချိန်နဲ့အမျှ နာမည်ကြီးနေတာပါ။ တစ်ပတ်အတွင်း UK’s Official Singles Chart မှာ နံပါတ် ၅၉ နေရာမှာ နေရာယူထားပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံရဲ့ iTunes Top Songs စာရင်းမှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Lisa ကတော့ DJ Snake, Ozuna, Megan Thee Stallion တို့နဲ့အတူ Collaboration လုပ်ထားပြီး October 22 မှ စတင်ထွက်ရှိတော့မှာဖြစ်လို့ ဂီတလောကကို ဘယ်လို လွှမ်းမိုးထားပြန်ဦးမလဲဆိုတာကို ရင်ခုန်စွာ မျှော်လင့်နေရပြီဖြစ်ပါတယ်။

Source: Soompi
Photos: Twitter
Translated by Julix