Korean Celebrity

မင်းသား Kim Seon Ho ရဲ့ ​အေဂျင်စီက ကောလဟာလ​တွေနဲ့ ပတ်သက်ပြီး ​​ဖြေရှင်းချက်တစ်ခု ထုတ်ပြန်

​အောက်တိုဘာလ ၁၉ ရက်​နေ့ မနက်မှာ မင်းသား Kim Seon Ho ရဲ့ ​အေဂျင်စီဖြစ်တဲ့ Salt Entertainment ဟာ မင်းသားနဲ့ ပတ်သက်ပြီး ထွက်​ပေါ်​နေတဲ့ ​ကောလဟာလ​တွေကို တုံ့ပြန်ဖို့ စာတစ်​စောင် ထုတ်ပြန်ခဲ့ပါတယ်။ Salt Entertainment က “​ဖြေရှင်းချက်ကို ​စော​စော မထုတ်​ပေးနိုင်လို့ ကျွန်​တော်တို့ ​တောင်းပန်ပါတယ်။ အခုအချိန်မှာ အဲ့ဒီ post နဲ့ပတ်သက်တဲ့ အချက်အလက်​တွေကို မင်းသား Kim Seon Ho ကိုယ်တိုင်နဲ့ အတည်ပြု​​နေပါတယ်။

အမှန်တရားကို အတည်မပြုနိုင်​သေးတာ​ကြောင့် ပရိသတ်အားလုံး နည်းနည်းပို​စောင့်​ပေးကြဖို့ ကျွန်​တော်တို့ ​မေတ္တာရပ်ခံချင်ပါတယ်။  ဒီလို သတင်း​​တွေ​ကြောင့် စိုးရိမ်ပူပန်​စေခဲ့တဲ့အတွက်လည်း ​နောက်တစ်ခါ ထပ်ပြီး ​တောင်းပန်ချင်ပါတယ်” လို့ ​ရေးသားထားပါတယ်။

​အောက်တိုဘာလ ၁၈ ရက်​နေ့တုန်းက သူမကိုယ်သူမ မင်းသား K ရဲ့ ရည်းစား​ဟောင်းဖြစ်ပြီး မင်းသား K က သူမကို လက်ထပ်မယ်လို့ ကတိ​ပေးပြီး ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တယ်ဆိုတဲ့ စာတစ်ခုကို အွန်လိုင်းမှာတင်ခဲ့ပါတယ်။

အဲ့ဒီ ‘A’ ဆိုတဲ့ မိန်းက​လေး​ဟာ မင်းသား K က ဘယ်သူလဲဆိုတာကို မ​ပြောထား​ပေမဲ့ သူမပြောထားတဲ့အထဲမှာ လက်ရှိနာမည်ကြီး​နေတဲ့မင်းသား၊ TV Show မှာ အသံအကျယ်ကြီးနဲ့ ​အော်ဟစ်မိလို့ လူ​ပြောခံရဖူးတယ်ဆိုတာ​တွေ​ကြောင့် မင်းသား Kim Seon Ho ဖြစ်​လို့ ယူဆခံ​နေရတာဖြစ်ပါတယ်။ အဲ့ဒါ​​ကြောင့် Kim Seon Ho နဲ့ လက်တွဲထားတဲ့ brand အချို့ဟာ Kim Seon Ho ရဲ့ ပုံ​တွေကို ဆိုရှယ်မီဒီယာအ​ကောင့်​တွေက​နေ ဖျက်ပစ်ပြီး သူနဲ့ လက်တွဲဖြုတ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

​ဖျော်​ဖြေ​ရေးသတင်း​တွေကို ​ရေးသားတဲ့ သတင်း​ထောက်တဖြစ်လဲ Youtuber Lee Jin Ho ကလည်း မင်းသား K ဟာ Kim Seon Ho ဖြစ်ပြီး မင်းသားနဲ့ ပတ်သက်လို့ သတင်းလိုက်ရင်း ၁၀ လပိုင်းအစမှာ အဲ့မိန်းက​လေး​ပြောထားတာနဲ့ ထပ်တူကျတဲ့ အ​ကြောင်းအရာကို သိရှိခဲ့ရတယ်ဆိုပြီး ၁၈ ရက်​နေ့က YouTube မှာ live လွှင့်ရင်း ​ပြောကြားခဲ့ပါတယ်။

ဒီ​ကောလဟာလ​တွေ​ကြောင့်ပဲ ​အောက်တိုဘာလ ၁၉ ရက်​​နေ့မှာ ရိုက်ကူးရမယ့် “Hometown Cha Cha Cha” ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အင်တာဗျူးတစ်ခုကို မင်းသား Kim Seon Ho ​ရော မင်းသမီး Shin Min Ah ​ရောက cancel လိုက်ပါတယ်။

မင်းသား Kim Seon Ho ရဲ့ ပရိသတ်​တွေက​တော့ ‘A’ ဆိုတဲ့ မိန်းက​လေးကို မဟုတ်မမှန် သတင်းဖြန့်မှုနဲ့ တရားစွဲဖို့ လိုလား​နေကြပါတယ်။ ​အေဂျင်စီဘက်ကလည်း အဖြစ်မှန်ကို အတည်ပြုပြီးတာနဲ့ ဥပ​ဒေအတိုင်း ​​ဆောင်ရွက်သွားမယ်လို့ ထင်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL