Korean Celebrity

ပရိသတ်တွေစိတ်ပူစရာကောင်းလောက်အောင် Instagram က post တွေ အကုန်ဖျက်ပြီး profile ပါ အမည်းရောင်ချိန်းလိုက်တဲ့ Mark

ဒီနှစ်အစောပိုင်းမှာ GOT7 အဖွဲ့က member တွေအကုန်လုံးဟာ JYP Entertainment နဲ့ စာချုပ်ထပ်မချုပ်တော့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ JYP က ထွက်လိုက်ကြပေမဲ့ အဖွဲ့ကိုတော့ မဖျက်သိမ်းဘဲ သီးခြား solo career တွေနဲ့ ရပ်တည်ဖို့ အကုန်လုံးက ညှိနှိုင်းခဲ့ကြပါတယ်။

ထိုထဲကမှ Mark က တော့ JYP က ထွက်ထွက်ချင်း ကိုယ်ပိုင် YouTube Channel ထောင်ခဲ့ပါတယ်။ ပြီးတော့ China မှာ သူ့ရဲ့ music promotion လုပ်ဖို့အတွက် ပေကျင်းမှာ “Mark Tuan Studio” ကို ဖွင့်ခဲ့ပါတယ်။ ခု ဘင်္ဂလားဒေ့ရှ်-အမေရိကန်လူမျိုး producer “Sanjoy Deb” နဲ့ collab လုပ်ထားတဲ့ “One in a million” ဆိုတဲ့ သီချင်းကို ထုတ်ထားပါတယ်။

ဒါပေမဲ့ ဒီနေ့ October 19 ရက်နေ့မှာ follower 11.4 million ရှိတဲ့ သူ့ရဲ့ instagram က post တွေအကုန်လုံးကို ဖျက်ထားပါတယ်။ Profile picture ကလည်း အမည်းရောင်ကို ပြောင်းထားပါတယ်။ IG story မှာလည်း “ငါအကောင်းဆုံးကြိုးစားနေတယ်ဆိုတာ မင်းမပြောနိုင်ဖူးလား” လို့ ရေးတင်ထားပါတယ်။

ခုလိုမျိုး မထင်မှတ်ထားတဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး Mark ကို စိတ်ပူနေကြလွန်းလို့ Twitter မှာတောင် mark နာမည်ဟာ trending ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ Mark ဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထင်ကြပါတယ်။

တချို့ကလည်း ဒါဟာ သူ့ရဲ့သီချင်းစာသားသစ်ကိုတင်တာများလား ဒါမှမဟုတ် project တခုခုအတွက် အရိပ်အမြွက်များပေးတာလားဆိုပြီး တွေးနေကြပါတယ်။ တခုခုတော့ တခုခုပါဘဲနော် ပရိသတ်ကြီးရေ။ Asia Cele bar ပရိတ်သတ်တွေရော ခုလို Mark ရဲ့ လုပ်ရပ်အပေါ် ဘယ်လိုများတွေးမြင်ကြပါသလဲ?

Source: Kpopstarz
Written: Violet