Korean Celebrity

Kim Go Eun နဲ့ Nam Ji Hyun တို့ရဲ့ drama အသစ်မှာ ​ခေါင်း​ဆောင်မင်းသားဖြစ်လာနိုင်​ခြေရှိတဲ့ “Squid Game” မင်းသား Wi Ha Joon

“Romance is a bonus book”, “18 again”, “Midnight” ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်ခဲ့ပြီး လက်ရှိမှာ Netflix original series ‘Squid Game’ ​ကြောင့် ​ပေါ်ပြူလာဖြစ်​နေတဲ့ မင်းသား Wi Ha Joon ဟာ ‘Little Women’ ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ​အဓိကဇာတ်​ဆောင်အဖြစ် သရုပ်​ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရှိရပါတယ်။

ကိုရီးယားသတင်းမီဒီယာတစ်ခုက ဒီသတင်းကို ​အောက်တိုဘာလ ၁၉ ရက်​နေ့မှာ ထုတ်ပြန်​ကြေငြာခဲ့တာပါ။ Wi Ha Joon သာ ဒီ ‘Little Women’ ဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်ဖို့ လက်ခံခဲ့မယ်ဆိုရင် သူ့ရဲ့ “world star” ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမှာဖြစ်ပါတယ်။

‘Little Women’ ဇာတ်လမ်းတွဲဟာ တစ်ဦးနဲ့တစ်ဦး အရမ်းကိုချစ်ခင်ကြတဲ့ ညီအမ ၃ ​ယောက်အ​ကြောင်းကို အသား​ပေးရိုက်ကူးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ အမအကြီးဆုံး ​နေရာအတွက် မင်းသမီး Kim Go Eun ကို ကမ်းလှမ်းထားပြီး အမအလတ်​နေရာအတွက် မင်းသမီး Nam Ji Hyun ကို ကမ်းလှမ်းထားကာ မင်းသမီး ၂ ​ယောက်လုံးက ဇာတ်ကားကို လက်ခံရိုက်ကူးဖို့ ​စဉ်းစား​နေဆဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ကမ္ဘာ​ကျော် K-drama တစ်ခုဖြစ်တဲ့ ‘Vincenzo’ ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Hee Won က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါ​ကြောင့် ပရိသတ်​တွေဟာ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်​ဆောင်​နေရာကို Wi Ha Joon တစ်​ယောက် ဘယ်လိုပုံ​ဖော်သွားမလဲဆိုတာကို ​မျှော်လင့်​စောင့်စားလျက်ရှိပါတယ်။

ဇာတ်ညွှန်းကလည်း ​ကောင်း၊ ဒါရိုက်တာကလည်း နာမည်ကြီး၊ ကမ်းလှမ်းထားတဲ့ မင်းသားမင်းသမီး​တွေကလည်း ဒိတ်ဒိတ်ကြဲဆို​တော့ ​ထုတ်လွှင့်တဲ့အခါမှာ အောင်မြင်ပြီး လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လာဦးမှာ အ​သေအချာပါပဲ။

Source : Allkpop
Photo : Pinterest, Instagram
Written : ZL