Korean Celebrity

လှပတဲ့ရုပ်ရည်​ကြောင့် ပွဲဦးထွက်စတည်းက အင်တာနက်ကို လွှမ်းမိုးခဲ့တဲ့ မိန်းက​လေး K-Pop Idol (၆) ဦး

အပြိုင်အဆိုင်များတဲ့ K-Pop ​လောကမှာ ပွဲဦးထွက်တည်းက လူအများရဲ့ အာရုံစိုက်ခံရပြီး နာမည်ကြီးဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ယခု​ဖော်ပြ​ပေးမယ့် မိန်းက​လေးidol ၆ ​ယောက်က​တော့ သူတို့ရဲ့ လှပတဲ့ ရုပ်ရည်​ကြောင့်သာမက အရည်အချင်းနဲ့ လုပ်နိုင်စွမ်း​ကြောင့် ပွဲဦးထွက်ခါစတည်းက သူတို့ဘာပဲလုပ်လုပ် လူ​ပြောများပြီး အာရုံစိုက်ခံခဲ့ရပါတယ်။ အဲ့ဒီ idol ​တွေက​တော့

  1. Suzy (missA)

Suzy တစ်​ယောက် missA အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခါစမှာပဲ သူမရဲ့ အံ့သြစရာ​ကောင်း​လောက်​အောင် လှပတဲ့ ရုပ်ရည်​ကြောင့် အင်တာနက်မှာ ပွက်​လောရိုက်ခဲ့ရပါတယ်။ ​တောင်ကိုရီးယားမိန်းက​လေး​တွေဆို သူမလို ​ရှေ့ဆံပင်​တွေ လိုက်ညှပ်ပြီး ဆံပင်ကို ခပ်မြင့်မြင့် စုချည်တာမျိုး လိုက်လုပ်တဲ့အထိ ​နာမည်ကြီးသွားခဲ့တာပါ။ သူမဟာ နှစ်​ပေါင်းများစွာ ​အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး gif ​တွေ trend ဖြစ်လာ​အောင် စတင်လုပ်​ဆောင်ခဲ့တယ် idol အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

  1. Goo Hara (KARA)

တစ်ချိန်က လျှမ်းလျှမ်း​​တောက်​အောင်မြင်ခဲ့တဲ့ မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KARA အဖွဲ့ရဲ့ “Rock U” သီချင်းဟာ ချစ်စရာ​ကောင်းတဲ့ concept ဖြစ်ပြီး Hara ဟာ ဒီ concept နဲ့ အလိုက်ဖက်​ဆုံးဖြစ်ခဲ့ပါတယ်။ ဒီသီချင်းအတွက် ပြင်ဆင်ထားတဲ့ သူမရဲ့ ရှည်လျားတဲ့ ဆံနွယ်​​ခွေ​ခွေ​လေး​တွေက သူမရဲ့ အမှတ်အသားဖြစ်လာခဲ့ပါတယ်။ ​နောက်ပိုင်း solo artist အ​နေနဲ့ လှုပ်ရှားမှု​​တွေ ပြုလုပ်ရာမှာလည်း ​နိုင်ငံတကာမှာပါ ​အောင်မြင်​ကျော်ကြားခဲ့သလို​ ပေါ်ပြူလာအဖြစ်ဆုံး အနုပညာရှင်စာရင်းထဲမှာ ဆက်တိုက် ပါဝင်ခဲ့ပါတယ်။

  1. Sulli (F(x))

Sulli က​တော့ ပွဲဦးထွက်စဉ်တည်းက ချစ်စရာ​ကောင်းတဲ့ ဆံပင်စတိုင်နဲ့ ထူးခြားလှပတဲ့ အသွင်အပြင်တို့​ကြောင့် netizen ​တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ​​နောက်ပိုင်းမှာ​တော့ ဆက်စီဖြစ်ဖြစ် cute ဖြစ်ဖြစ် ဘယ်လို concept မျိုးကိုမဆို လိုက်ဖက်​အောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိ​ကြောင်း ပြသခဲ့ပြီး လူချစ်လူခင်​များတဲ့ idol တစ်ဦးဖြစ်လာခဲ့ပါတယ်။

  1. Tzuyu (TWICE)

Tzuyu က​တော့ K-Pop ​လောကမှာ legend တစ်ဦးအဖြစ် ရပ်တည်​နေပါတယ်။ ဒါ​တွေအားလုံးဟာ TWICE အဖွဲ့ရဲ့ visual အ​နေနဲ့ ​နေရာယူပြီး ပွဲဦးထွက်တည်းက စဖြစ်လာခဲ့တာပါ။ သူမရဲ့ ဝိုင်းစက်​တောက်ပတဲ့ မျက်လုံး​လေး​တွေနဲ့ ​အေးချမ်းတဲ့အလှဟာ လူတိုင်း မချီးကျူးပဲ မ​နေနိုင်​​လောက်​အောင်ပါပဲ။ Comeback လုပ်တိုင်းမှာလည်း သူမဟာ ပိုပိုပြီး​တော့​တောင် လှလာပါ​သေးတယ်။

  1. Irene (Red Velvet)

Irene ဟာလည်း သူမရဲ့ ထင်ရှားလှပတဲ့ visual ​ကြောင့် Red Velvet အဖွဲ့ ပွဲဦးထွက်တည်းက လူ​ပြောများစရာဖြစ်ခဲ့ပါတယ်။ သူမဟာလည်း ဘယ်လို concept မျိုးမဆို ပိုင်နိုင်ပြီး ပရိသတ်​တွေသာမက idol ​အချင်းချင်း​တောင် သူမရဲ့ အလှကို ​ငေး​မောရတဲ့အထိပါပဲ။ လက်ရှိမှာလည်း K-Pop ​လောကရဲ့ ထိပ်တန်း visual အဖြစ် ရပ်တည်​နေပြီး တစ်နှစ်တစ်နှစ် အသက်သာကြီးလာ​ပေမဲ့ သူမက​တော့ တစ်​နေ့တစ်ခြား နုပျိုလှပ​နေဆဲပါပဲ။

  1. Sandara Park (2NE1)

Dara က​တော့ 2NE1 အဖွဲ့နဲ့အတူ Music Bank စင်မြင့်ထက်မှာ ပွဲဦးစထွက်တည်းက ထူးခြားဆန်းပြားတဲ့ ဆံပင်ပုံစံ​ကြောင့် ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ရရှိပြီး လူ​ပြောများခဲ့ပါတယ်။ အ​ကြောင်းအရင်းက​တော့ ဒီထူးဆန်းတဲ့ ဆံပင်စတိုင်က တခြားသူ​တွေရဲ့ အမြင်မှာ သူမနဲ့ လိုက်ဖက်​နေပြီး အရုပ်ဆိုးမ​နေလို့ပါပဲ။ ဒီလိုနဲ့ ဒီဆံပင်စတိုင်ဟာ သူမရဲ့ အထင်ကရအမှတ်အသားဖြစ်လာပြီး သူမရဲ့ ကျက်သ​ရေရှိတဲ့အလှက အမြဲလိုလို လူ​ပြောများတဲ့ အ​ကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။

Source : Koreaboo
Written : ZL