Korean Celebrity

တစ်ခါဖတ်ရုံနဲ့ ခေါင်းထဲစွဲထင်သွားနိုင်တဲ့ Jin နဲ့ V တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအမှတ်တရ

BTS အဖွဲ့က ဟိုးလေးတကျော်အောင်မြင်မှုရဲ့နောက်ကွယ်မှာ အဖွဲ့ဝင် (၇) ယောက်ရဲ့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ သစ္စာရှိမှုတွေက အဓိကနေရာကနေ ပါဝင်နေခဲ့ပါတယ်။ အမြင့်ဆုံးနေရာကိုမရောက်လာခင် Trainee ဘဝမှာတင်ကို မမေ့နိုင်တဲ့ အမှတ်တရပေါင်းများစွာ ရှိနေပါတယ်။

၂၀၁၀ အစောပိုင်းမှာ idol တွေဖြစ်လာကြဖို့ အိပ်မက်တွေနောက်ကို လျှောက်လှမ်းခဲ့ကြတဲ့ ကောင်လေး (၇) ယောက်ဟာ ဆိုလ်းမြို့ကြီးကို အထုပ်ကိုယ်စီနဲ့ ရောက်ချလာခဲ့ပါတော့တယ်။ Jin နဲ့ V ကတော့ အတိတ်က သူတို့ (၂) ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုအကြောင်းကို ပြန်ပြောပြတဲ့အခါမှာ တကယ်ကို အူတက်နေရတော့တာပါပဲ။

BTS ရဲ့ 2020 BTS MUSIC JOURNEY ဇာတ်ကားအတွက် အမှတ်တရတွေပြောရင်း V ဟာ Jin ရဲ့ လေ့ကျင့်ရေးခန်းထဲမှာ ဆုံတွေ့မှုအကြောင်းကို ပြောပြခဲ့ပါတယ်။“Trainee တွေက တခြားလေ့ကျင့်ခန်းယူစရာမရှိရင် practice room ထဲမှာ တစ်ယောက် (ဒါမှမဟုတ်) ၂ ယောက်အတူတူ လူစုနေလို့ရတယ်။ အဲ့အချိန်.. မှတ်မှတ်ရရပဲ Jin က ကျွန်တော့်ကို ‘ထိုင်လေကွာ’ ဆိုပြီး သူ့ ရပ်အုပ်ကျယ်ကျယ်ကြီးနဲ့ ပြောချလိုက်တာပေါ့” ဆိုပြီး စနောက်ပြောပြခဲ့ပါတယ်။

Worldwide Shoulders ကြီးဖြစ်သူ Jin ကလည်းပဲ V နဲ့ ပတ်သက်ပြီး အသေးစိတ်ကအစ မှတ်မိနေပြန်ပါတယ်။ BTS BEGINS မှာ Jin က အခုလို ဖောက်သည်ချခဲ့ပြန်ပါတယ်။ “အဲ့တုန်းက ကျောင်းကနေ ပြန်လာတာပေါ့။ ကလေးတွေ (BTS အဖွဲ့ဝင်တွေ) အကုန်လုံးက လေ့ကျင့်ရေးအခန်းထဲမှာ ထိုင်နေကြတာပေါ့။

အကုန်လုံးက ရင်းနှီးပြီးသားမျက်နှာတွေချည်းဆိုပေမဲ့ V ကလည်း အဲ့မှာရှိနေတာ။ အဲ့တုန်းက မမြင်ဖူးသေးတော့ သူဘယ်သူလဲဆိုတာ မသိဘူး။ သူကလေ အနီတောက်တောက် North Face jacket ကို ဝတ်ထားလိုက်လေးတယ်.. ဟုတ်တယ်မလား” လို့ V အကြောင်း အသေးစိတ်ပြောချလိုက်ပါတယ်။

အဲ့ခေတ်တုန်းက North Face jacket တွေက တော်တော်ဈေးကြီးပြီး trainee တစ်‌ယောက်အနေနဲ့ ဝတ်နိုင်တာဟာ တော်တော်အံ့ဩစရာကြီးဖြစ်နေခဲ့မှာပါ။ ဒါကိုကောင်းကောင်းသိတဲ့ BTS တဖွဲ့လုံး V ရဲ့ပုံစံကို မြင်ယောင်ပြီး အူတက်နေခဲ့ကြပါတော့တယ်။ V ကလည်း ပြန်လည်ချေပတဲ့အနေနဲ့ “အမေက ဆိုလ်းက တခြားကလေးတွေက ကျွန်တော့်ကို အထင်သေးမှာ စိုးရိမ်ခဲ့တာ။

ဒါကြောင့်မို့လို့ အဲ့ဂျက်ကတ်ကြီးဝတ်ခိုင်းပြီး.. ပြောသေးတယ်.. ဒီအနီတောက်တောက်အင်္ကျီက လူကြားထဲမှာ အထင်းဆုံးဖြစ်နေမှာ ဆိုပြီး နားချသေးတာ” ဆိုပြီးပြောရင်း ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြပါတော့တယ်။ အတိတ်က Trainee ဘဝမှာ လူမသိသေးတဲ့ အမှတ်တရတွေ ဘယ်လောက်တောင် များလိုက်မလဲနော်။ ဒီတစ်ခုလေး‌နဲ့တောင် အတွေးထဲမှာ မြင်ယောင်နေမိပါပြီ။

Source: Koreaboo
Photos: BTS Official
Translated by Julix