Korean Celebrity

Glow Skin ​လေးကို 24/7 ရရှိ​စေဖို့ Rosé မျှ​ဝေခဲ့တဲ့ skincare နည်းလမ်း​ကောင်း​လေး

​ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်​နေ့တုန်းက Vogue Paris က​နေ BLACKPINK အဖွဲ့ဝင် Rosé ရဲ့ get ready video တစ်ခုကို ထုတ်​ဖော်ပြသခဲ့ပါတယ်။ ဒီ video မှာဆိုရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Saint Laurent ရှိုးကို တက​်ရောက်ဖို့ ထို brand ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Rosé ရဲ့ပြင်ဆင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

ယခုနှစ် ရှိုးပွဲအတွက် Rosé ရဲ့ concept က​တော့ ချစ်စရာ​ကောင်း​ပေမဲ့ အရမ်းလည်း ချစ်စရာ​ကောင်းတာမျိုးမဟုတ်တဲ့ “dark cute” concept ဖြစ်တယ်လို့ သူမက​ပြောကြားခဲ့ပါတယ်။ အဲ့ဒီ​နောက် သူမဟာ သူမရဲ့ ပြစ်မျိုးမှဲ့မထင်ပဲ ၂၄ နာရီ ဝင်းလက်​တောက်ပ​နေတဲ့ အသားအ​ရေရဲ့ ​နောက်ကွယ်က လျှို့ဝှက်ချက်ကိုလည်း မျှ​ဝေခဲ့ပါတယ်။

Rosé ဟာ ယခင်က မိတ်ကပ်မလိမ်းတဲ့​နေ့​တွေဆိုရင် ဖယ်ရှားစရာ ဘာဓါတုပစ္စည်းမှ မရှိတဲ့အတွက် မျက်နှာကို သန့်စင်ဖို့ မလိုအပ်ဘူးလို့ ထင်ခဲ့​ကြောင်း ​ပြောပြခဲ့ပါတယ်။ ဒါ​ပေမဲ့ မကြာခင်မှာပဲ ဒီလိုလုပ်တာဟာ ​နောက်ပိုင်းမှာ သူမရဲ့ အသားအ​​ရေကို ကြမ်းတမ်း​စေနိုင်​ကြောင်း သိရှိခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

ဒါ​ကြောင့် ​နောက်ပိုင်းမှာ မိတ်ကပ်မလိမ်းတဲ့​နေ့​တွေမှာ​တောင် ဖုန်မှုန့်​နဲ့ တခြားအရာဝတ္ထု​တွေ ကပ်​နေမှာစိုးတဲ့အတွက် မျက်နှာကို​ သေချာသန့်စင်တာကို လုပ်လာခဲ့ပြီး ဒီလို လုပ်ခြင်းအားဖြင့် ​နောက်​တစ်​နေ့မှာ သူမရဲ့ အသားအ​ရေကို လန်းဆန်း​ပြီး ဝင်းပ​နေ​စေတယ်လို့ သူမက ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး Rosé က မိတ်ကပ်ပြင်ဆင်ခြယ်သတာနဲ့ ပတ်သက်လို့ မှတ်သားစရာအချက်တစ်ချို့ကိုလည်း ကြည့်ရှုသူ​တွေထံ ​လက်ဆင့်ကမ်းခဲ့ပါ​သေးတယ်။

သူမ​ပြောပြခဲ့တဲ့ အချက်က​တော့ ပါးနီလိမ်းတဲ့အခါမှာ ပြုံးပြီး လိမ်းသင့်တယ်ဆိုတာပါပဲ။ ဒါမှသာ ပါးမို့​လေး​တွေမှာ ပါးနီရဲ့ အ​ရောင်အ​သွေးအားလုံးကို ရရှိမှာဖြစ်တယ်လို့ သူမက ဆိုပါတယ်။ သူမရဲ့ Saint Laurent ဖက်ရှင်ရှိုးအတွက် မိတ်ကပ်ကို​တော့ BLACKPINK ရဲ့ make-up artist MAENG က ခြယ်သ​ပေးခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ပွဲတက်ပုံစံ​လေးဟာ “dark cute” ဆိုတဲ့အတိုင်းပဲ အမြင်မရိုင်းပဲ ချစ်စရာ​ကောင်းတဲ့ all black ဂါဝန်​​လေးကိုမှ eyeshadow နဲ့ နှုတ်ခမ်းနီကို အ​ရောင်​ဖျော့​ဖျော့​လေး သုံးထားပြီး eye liner ကို​တော့ ထူထူ​လေးဆွဲထားတဲ့အတွက် ကျက်​သ​​ရေရှိရှိနဲ့ လှပ​နေပါ​တော့တယ်။ ပရိသတ်ကြီးလည်း Rosé လို ပြစ်မျိုးမှဲ့မထင်တဲ့ glow skin ​လေး ရရှိ​​စေဖို့ သူမ​ပြောတာ​တွေကို မှတ်ထားပြီး လိုက်လုပ်ကြည့်ကြပါ​နော်။

Source : Kpopstarz
Photo : Vogue Paris
Written : ZL