Korean Celebrity

ကလေးကိစ္စကို ဖွင့်ချခဲ့တဲ့ မင်းသား Kim Seon Ho ရဲ့ ရည်းစားဟောင်း နောက်ကြောင်း

လွန်ခဲ့တဲ့နှစ်ရက်ကစပြီး အမည်မဖော်လိုသူ မိန်းကလေး “A” ဟာ သူဟာ မင်းသား “K” နဲ့ 2020 မှာရည်းစားဖြစ်ခဲ့ပြီး မှောက်မှားရင်း ကလေးရသွားပေမဲ့ မင်းသားက ကိုယ်ဝန်ဖျက်ချခိုင်းပြီး သူမကို အဆက်အသွယ်ဖြတ်သွားတယ်လို့ public မှာ ဖွင့်ချခဲ့ပါတယ်။

ဒီသတင်းဟာ Korea မှာရုတ်ရုတ်သဲသဲဖြစ်သွားပြီး မင်းသား “K” ဘယ်သူလည်းဆိုတာရော မိန်းကလေး “A” ရဲ့ နောက်ကြောင်းတွေရော အကုန်လုံးက စိတ်ဝင်စားမှုမြှင့်တက်လာပါတယ်။ မင်းသား “K” ဟာ “Home town cha cha” ဇာတ်ကားနဲ့ လတ်တလော popular ဖြစ်နေသူ “Kim Seon Ho” ဖြစ်ကြောင်း သတင်းသဲ့သဲ့ ထွက်လာခဲ့ပါသေးတယ်။

ဒီ rumor အပေါ် မင်းသားရော သူ့အေဂျင်စီရော နှစ်ရက်လောက် ငြိမ်နေခဲ့ကြပေမဲ့ ဒီနေ့မနက်ခင်းမှာ မင်းသားဟာ အဆိုပါ မင်းသား “K” ဟာ သူဖြစ်ကြောင်း၊ မိန်းကလေးကိုလည်း တောင်းပန်ကြောင်း ဝန်ခံစာထုတ်ခဲ့ပါတယ်။ SPOTV News ကလည်း မိန်းကလေး “A” ဟာ အသံလွှင့်ရုပ်သံလောကမှာ 10 နှစ်ကျော်လုပ်ခဲ့သူဖြစ်ကြောင်း၊ငယ်ရွယ်လှပပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

သူမဟာ အသံလွှင်ဌာနရုံကနေမထွက်ခင်မှာ စီးပွါးရေးလောကထဲကိုဝင်ဖို့ ကြိုးစားနေတဲ့သူဖြစ်ကြောင်းလည်း ဆိုပါတယ်။ လောလောဆယ်တော့ သူမဟာ SNS influencer အဖြစ် နာမည်ကြီးနေကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Source: Allkpop
Written: Violet