Korean Celebrity

တောင်ကိုရီးယားနိုင်ငံရဲ့ ကဏ္ဍတိုင်းမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး K-Pop အဆို​တော်​တွေအဖြစ် ​ရွေးချယ်ခံလိုက်ရတဲ့ BTS

​​မကြာ​သေးခင်က ကိုရီးယားတက္ကသိုလ်သတင်းစာက တက္ကသိုလ်​ကျောင်းသား​တွေကို စစ်တမ်းတစ်ခု​ကောက်ယူခဲ့ပါတယ်။ အဲ့ဒါက​တော့ ​တောင်ကိုရီးယားနိုင်ငံရဲ့ အခန်းကဏ္ဍတိုင်းမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်​တွေလို့ ထင်တဲ့သူ​တွေကို ​မဲ​ပေးရွေးချယ်​​စေခဲ့တာပါ။

ဒီစစ်တမ်းအရ Samsung လျှပ်စစ်ကုမ္ပဏီရဲ့ ဒုဥက္ကဌ Lee Jae Yong က မဲစုစု​ပေါင်းရဲ့ ၂၁.၈% ကို ရရှိပြီး နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ သူဟာ ​အရှုပ်အ​​ထွေးများစွာထဲ ပါဝင်ပတ်သက်​နေပြီး ယခုနှစ် ဇန်နဝါရီလက ​အချုပ်ကျခဲ့​ပေမဲ့ သြဂုတ်လမှာ ခံဝန်နဲ့ ပြန်လည်လွတ်​မြောက်ခဲ့ပါတယ်။

အဲ့ဒီ​နောက် သူဟာ လူငယ်​တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း​တွေ ပို​ပေးပြီး လူ့အသိုင်းအဝိုင်းကို အကျိုးပြုပါ့မယ်လို့ ကတိပြုခဲ့တာ​ကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိ​နေတာလည်းဖြစ်ပါတယ်။ ဒုတိယ​နေရာကို ရရှိခဲ့တာက​တော့ ​တောင်ကိုရီးယားသမ္မတ Moon Jae In ဖြစ်ပြီး မဲစုစု​ပေါင်းရဲ့ ၂၀.၂% ကို ရရှိခဲ့တာဖြစ်ပါတယ်။

တတိယ​နေရာမှာ ရပ်တည်​နေရာက​တော့ ပြည်တွင်းမှာလည်း လွှမ်းမိုးမှုကြီးသလို ကမ္ဘာ​ကျော်စူပါစတား​တွေဖြစ်ကြတဲ့ BTS အဖွဲ့ဖြစ်ပါတယ်။ စစ်တမ်းကို ​ဖြေဆိုကြတဲ့ တက္ကသိုလ်​​ကျောင်းသား ၁၄.၄% က BTS ကို မဲ​ပေးခဲ့ကြတာပါ။ ဒါကလည်း အဆန်း​တော့ မဟုတ်ပါဘူး။

ကိုရီးယားရိုးရာယဉ်​ကျေးမှု၊ ​ဖျော်​ဖြေ​ရေး​လောက၊ လူငယ်​တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလာ​ရေး​တွေမှာ သူတို့ရဲ့ လွှမ်းမိုးမှုက တကယ်ကို ကြီးမားလို့ UN ညီလာခံမှာ မိန့်ခွန်းတက်​ပြောရတာကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။

ဒီလိုမျိုး BTS အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှု​ကြောင့် လူငယ်​တွေကို ဦးတည်တဲ့ ကုန်အမှတ်တံဆိပ်​တွေနဲ့ အဖွဲ့အစည်း​တွေက သူတို့ကို ပိုပြီး အလိုရှိလာကြကာ ကိုရီးယားနိုင်ငံမှာ သြဇာအရှိဆုံး K-Pop အဆို​တော်​​တွေဖြစ်လာကြပါတယ်။ မဲရလဒ်အရ နံပါတ် ၄ ​နေရာကို ရရှိခဲ့တာက​တော့ Nation’s MC ဖြစ်တဲ့ Yoo Jae Suk ဖြစ်ပြီး မဲစုစု​ပေါင်းရဲ့ ၁၁.၈% ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီမဲရလဒ်ကို netizen ​တွေ ​တွေ့ရှိပြီး​​နောက်မှာ​တော့ BTS အဖွဲ့ရဲ့ သြဇာလွှမ်းမိုးနိုင်စွမ်းကို အံ့သြခဲ့ကြပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်း BTS အဖွဲ့ရရှိခဲ့တဲ့ ​အောင်မြင်မှု​တွေနဲ့ လုပ်​ဆောင်ချက်​တွေကိုလည်း ​ဆွေး​နွေးခဲ့ကြပါတယ်။ဒီစစ်တမ်းကို ​ယောကျ်ား​လေး၊ မိန်းက​လေး အချိုးတူ ​ကောက်ခံခဲ့တာဖြစ်ပြီး ၉၅% မှန်ကန်​ကြောင်း အတည်ပြုထားပြီးလည်းဖြစ်ပါတယ်။

 

Source : Kpopstarz
Written : ZL