Korean Celebrity

Teaser နဲ့တင် ရှယ်လန်းနေကြတဲ့ Lisa, Megan Thee Stallion, DJ Snake နဲ့ Ozuna တို့ရဲ့ ပေါင်းဆုံမှု

အကြီးမားဆုံး Music Collaboration တစ်ခုအဖြစ် နာမည်တွင်လာမယ့် Lisa နဲ့ အနောက်တိုင်းအနုပညာရှင်တွေရဲ့ တွဲဖက်သီချင်းသစ်ကတော့ မျက်စိရှေ့မှောက်ကို ရောက်ရှိလာပါတော့မယ်။ အောက်တိုဘာလ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိလာမှာဖြစ်တာကြောင့် ကမ္ဘာ့ပရိသတ်တွေက အချိန်အတိအကျနဲ့ကို ထွက်လာမယ့်အချိန်ကို စောင့်နေကြတာပါ။

အောက်တိုလာလ ၂၁ ရက်နေ့မှာတော့ DJ Snake ဟာ collaboration အတွက် Teaser တစ်ခုကို သူ့ရဲ့ Twitter ကနေတဆင့် ချပြခဲ့ပါတယ်။ ထိုထဲမှာ BLACKPINK’s Lisa, Megan Thee Stallion နဲ့ Ozuna တို့ရဲ့ ရိုက်ကူးရေးပြုလုပ်နေမှုပုံစံတွေဟာ အရှိန်အဝါမသေး‌လှကြောင်းကို ကြည့်နေရင်းနဲ့တင် ခံစားမိစေပါတယ်။

နာမည်ကျော် (၄) ယောက်ရဲ့ collab single သီချင်းလေးကတော့ “SG” လို့ နာမည်ရပြီး မတူညီတဲ့ ကမ္ဘာကျော်အဆိုရှင် (၄) ဦးရဲ့ သီချင်းပုံစံမျိုးကို အသစ်အဆန်းအနေနဲ့ ခံစားရမှာလည်း ဖြစ်ပါတယ်။ October 20 ကတည်းက DJ Snake ဟာ teaser poster ကို ထုတ်ပေးကာ တပ်လှန့်နေခဲ့တာဖြစ်ပြီး သီချင်းအတွက် ပြင်ဆင်နေခဲ့တာပါ။

Colin Tilley ကိုယ်တိုင် ရိုက်ကူးဖန်တီးထားတဲ့ ဒီသီချင်းဟာ MV မထွက်လာခင် Teaser နဲ့တောင် ကောင်းမွန်ပြည့်စုံနေမှုကို ပြသနေပါတယ်။ နာမည်ကျော် ‌ဂီတအဆိုရှင်- ထုတ်လုပ်သူ ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်မယ့် “SG” သီချင်းက ဘယ်လိုမျိုး စံချိန်တွေချိုးဖျက်ပြီး လွှမ်းမိုးထားဦးမလဲဆိုတာကို ရင်ခုန်နေရပါပြီ။ အောက်တိုဘာလ ၂၂ ရက်နေ့မှာထွက်လာမယ့် အလန်းစားသီချင်းကို စောင့်မျှော်နေကြပါဦးနော်။

Source: Soompi
Photos: Twitter
Translated by Julix