Korean Celebrity

“SM Style” Visual စံချိန်တွေနဲ့ကိုက်ညီတဲ့ ရုပ်ဆင်လွန်းကြတဲ့ စီနီယာ-ဂျူနီယာအတွဲများ

SM Entertainment ဟာ တခြားသော entertainment တွေထက် ရုပ်ရည်နဲ့ vocal ကို ဦးစားပေးတဲ့ company ဖြစ်ပါတယ်။ ဒါကြောင့် SM က Kpop idol တွေကိုကြည့်လိုက်ရင် အကုန်အချောအလှလေးတွေဖြစ်ပြီး visual မဟုတ်တဲ့ တခြား role တွေဖြစ်တဲ့ Main Vocal, Rapper တို့တောင် ချောကြပါတယ်။

SM ရဲ့ visual စံချိန်ဟာ တော်ဝင်ဆန်သိမ်မွေ့လှပရမယ်၊ တည်ကြည်ခန့်ညားရမယ် ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း Kpop 1st Generation က နေ ခု 4th Generation ထိ SM က idol တွေထဲမှာ Generation တစ်ဆက်နဲ့တစ်ဆက် ရုပ်ဆင်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့တွေဟာ တူလွန်းလို့ အဖေနဲ့သား၊ အမေနဲ့သမီး လိုတောင် ဖြစ်နေပါတယ်။ SM က Senior နဲ့ Junior ရုပ်ဆင်ကြတဲ့ အတွဲ (၁၂) တွဲ ကို ခုလိုဖော်ပြပေးလိုက်ပါတယ်။

  • 1. TVXQ’s Changmin & NCT’s Winwin

  • 2. Super Junior’s Siwon & H.O.T’s Kangta

  • 3. Shinhwa’s Eric & SHINee’s Minho

  • 4. S.E.S’s Bada & aespa’s Ningning

  • 5. Jaejoong & NCT’s Taeyong

  • 6. Junsu & NCT’s Jungwoo

  • 7. M.I.L.K’s Seo Hyun Jin & Girls’ Generation’s Taeyeon

  • 8. SHINee’s Onew & NCT’s Chenle

  • 9. SHINee’s Jonghyun & NCT’s Xiaojun

  • 10. Super Junior’s Donghae & NCT’s Jeno

  • 11. f(x)’s Krystal & NCT’s Jaehyun

  • 12. SHINee’s Taemin & aespa’s Winter

ဒါတွေကတော့ ရုပ်ဆင်ကြတဲ့ အတွဲ (၁၂) တွဲ ဖြစ်ပါတယ်။ ဒီထဲမှာမပါတဲ့ SM က တခြား ဆင်တူတဲ့ အတွဲတွေရော စိတ်ထဲမှာပေါ်လာတာရှိလား ပရိတ်သတ်ကြီးတို့ရေ။ ရှိရင် ပြောပြသွားကြပါအုံးနော်။

Source: Koreaboo
Written: Violet