Korean Celebrity

Lee Soo Man ရဲ့ ရှယ်ယာ​တွေကို ဝယ်ယူပြီး SM Entertainment ကို လက်လွှဲယူတော့မယ့် CJ ENM

တောင်ကိုရီးယား​ဖျော်​ဖြေ​ရေး​လောကမှာ သြဇာလွှမ်းမိုးမှု အရှိဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ CJ ENM ကုမ္ပဏီဟာ ‘Big 4 Entertainment’ ​တွေထဲက တစ်ခုဖြစ်တဲ့ SM Entertainment နဲ့ ​ဆွေး​နွေးညိှနှိုင်းမှု​တွေအပြီးမှာ Lee Soo Man ရဲ့ ရှယ်ယာ​တွေကို ဝယ်ယူ​​တော့မှာဖြစ်တယ်လို့ သတင်း​တွေထွက်​ပေါ်​နေပါတယ်။

Maeil Kyungjae သတင်းဌာနရဲ့ ​ပြောကြားချက်အရ ​အောက်တိုဘာလ ၂၂ ရက်​နေ့ အ​စောဆုံးထားပြီး CJ ENM က SM Entertainment ကို လက်လွှဲယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။ CJ ENM ဟာ ယခင်က Lee Soo Man ပိုင်ဆိုင်ခဲ့တယ် ရှယ်ယာ ၁၈.၇၃% ကို ဝယ်ယူမှာဖြစ်ပါတယ်။ ဒါ​ကြောင့် CJ ENM က SM Entertainment ရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်လာ​တော့မှာပါ။

CJ ENM ဟာ Lee Soo Man ရဲ့ ရှယ်ယာအများစုကို ဝမ် ၆၀၀ ဘီလီယံ (​ဒေါ်လာ ၅၁၀ မီလီယံ) နဲ့ ဝမ် ၇၀၀ ဘီလီယံ (​ဒေါ်လာ ၅၉၅ မီလံယံ) ကြား ​​ပေးပြီး ဝယ်ယူမှာဖြစ်တာ​ကြောင့် SM Entertainment ကို ဝမ် ၃ ထရီလီယံ (​ဒေါ်လာ ၂.၅၅ ဘီလီယံ) နဲ့ ဝမ် ၄ ထရီလီယံ (​ဒေါ်လာ ၃.၄ ဘီလီယံ) ကြား တန်ဖိုးသတ်မှတ်ထားပါတယ်။

CJ ENM ဟာ Lee Soo Man ကို SM Entertainment အတွက် ဆက်ပြီး တာဝန်ယူခိုင်းထားမှာဖြစ်ပြီး SM Entertainment နဲ့ဆိုင်တဲ့ လုပ်ငန်းတာဝန်​တွေအတွက် အကြီးအကဲအဖြစ် ဆက်ရှိ​နေမှာဖြစ်ပါတယ်။ CJ ENM နဲ့ SM Entertainment ရဲ့ ဂီတလုပ်ငန်း​​တွေကို ပူး​ပေါင်းသွားမလားဆိုတာကို​တော့ နှစ်ဦးနှစ်ဖက်​ဆွေး​​နွေးတိုင်ပင်​နေကြဆဲဖြစ်ပါတယ်။

ဒါ့အပြင် Lee Soo Man က သူ့ရဲ့ရှယ်ယာ အများစုကို CJ ENM ကို လွှဲ​ပြောင်း​ပေးလိုက်​ပေမဲ့လည်း ရှယ်ယာအချို့​တော့ သူ့ရဲ့လက်ထဲမှာ ကျန်ရှိ​နေဦးမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တည်းက CJ ENM, Kakao နဲ့ HYBE တို့လို ကုမ္ပဏီကြီး​တွေက Lee Soo Man ​ရဲ့ ရှယ်ယာ​တွေကို ဝယ်ယူဖို့ ပြိုင်ဆိုင်​နေခဲ့ကြတာဖြစ်ပြီး ​နောက်ပိုင်းမှာ Kakao က နုတ်ထွက်သွားတာ​ကြောင့် CJ ENM က ဝယ်ယူဖို့အလားအလာများ​နေခဲ့တာဖြစ်ပါတယ်။ အခုထိ​တော့ ဒီသတင်းကို SM Entertainment က​​ရော CJ ENM က​​ရော အတည်ပြုထားခြင်း​တော့ မရှိ​သေးပါဘူး။ ဒါမယ့် လက်ရှိမှာ ၂ ဖက်လုံးက ငြင်းဆိုးထားဆဲပါ

Source : Koreaboo
Photo : Pinterest
Written : ZL