Korean Celebrity

Justin Bieber ကိုယ်တိုင်အသိအမှတ်ပြုပေးခဲ့တဲ့ TXT အဖွဲ့ဝင် Yeonjun နဲ့ Taehyun တို့ရဲ့ Cover Song

Justin Bieber ရဲ့ သီချင်းသစ် “STAY” ဟာ လတ်တလော hit ဖြစ်နေတဲ့ သီချင်းဖြစ်ပြီး Korea music chart တွေမှာဆို Top 1 တွေဘဲ ဖြစ်လွန်းလို့ PAK ရတဲ့ ဒုတိယနိုင်ငံခြားသီချင်း အဖြစ်တောင် မှတ်တမ်းဝင်ခဲ့ပါတယ်။ PAK ရဖူးတဲ့ ပထမဆုံးနိုင်ငံခြားသီချင်းကတော့ လွန်ခဲ့တဲ့ ခုနှစ်နှစ်က ထွက်ရှိခဲ့တဲ့ “Frozen” ကားထဲက “Let it go” သီချင်းဖြစ်ပါတယ်။

ဒါကြောင့် Justin Bieber ရဲ့သီချင်း “Stay” ဟာ korea တွေ ဘယ်လောက်နားထောင်နေမလည်းဆိုတာ စဉ်းစားသာကြည့်ပါတော့။ October 20 ရက်နေ့တုန်းကဆို ထိုသီချင်းကို cover ဆိုထားတဲ့ TXT အဖွဲ့ဝင် Yeonjun နဲ့ Taehyun တို့ရဲ့ သီချင်း ထွက်ရှိခဲ့ပါတယ်။ နှစ်ယောက်သား ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ထိုင်ဆိုထားတာဖြစ်ပြီး video ကို YouTube နဲ့ Twitter မှာ တင်ထားပါတယ်။

Twitter မှာတော့ TXT official acc ကနေ တင်ထားတဲ့ ထို cover song link ကို JB ကိုယ်တိုင် tweet လုပ်သွားပါတယ်။ ဒါကြောင့်မို့ TXT အဖွဲ့ဝင်နှစ်ယောက်တော့ ပျော်ရွှင်နေကြမှာ သေချာပါတယ်။ Weverse app မှာလည်း Junstin ကိုယ်တိုင် tweet သွားတဲ့ကိစ္စနဲ့ပက်သက်ပြီး taehyun က fan တွေကို reply ပြန်ခဲ့ပါတယ်။

Source: Soompi, Twitter, Weverse
Written: Violet