Korean Celebrity

Ahn Bo Hyun နဲ့ ချစ်တင်း​နှောတဲ့ ဇာတ်ဝင်ခန်းပါရှိမှန်း ဇာတ်ကားမရိုက်ခင်က ကြိုမသိခဲ့ရဘူးဆိုတဲ့ Han So Hee

​အောက်တိုဘာလ ၁၅ ရက်​နေ့ကမှ Netflix က​နေ အသစ်သက်စက်စက်ထွက်ရှိထားတဲ့ “My Name” ဇာတ်လမ်းတွဲဟာ လက်ရှိ Netflix မှာ လူကြည့်အများဆုံး ဇာတ်လမ်းတွဲ​တွေထဲကတစ်ခုဖြစ်​နေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ဖခင်ဖြစ်သူရဲ့ ​သေဆုံးမှုအတွက် လက်တုံ့ပြန်ဖို့ ​ကျောင်းထွက်ပြီး လူဆိုးဂိုဏ်းတစ်ခုနဲ့ ပူး​ပေါင်းကာ တစ်ဖက်မှာလည်း မူးယစ်နှိမ်နင်း​ရေးအဖွဲ့က စုံ​ထောက်အဖြစ် သရုပ်မှန်ကို ဖုံးကွယ်​နေထိုင်​နေတဲ့ Yoon Ji Woo ဆိုတဲ့ ​ကောင်မ​လေးအဖြစ် Han Soo Hee က သရုပ်​ဆောင်ခဲ့တာပါ။

သူမဟာ ဒီဇာတ်လမ်းတွဲထဲက ခက်ခဲကြမ်းတမ်းတဲ့ ​သွေးထွက်သံယို ဇာတ်ဝင်ခန်း​တွေကို ​​အေးစက်မာ​ကျောတဲ့ မိန်းမသားတစ်ဦးအ​နေနဲ့ ပီပြင်​အောင်သရုပ်​ဆောင်နိုင်ခဲ့တာ​ကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်​တွေရဲ့ အချစ်နဲ့ အား​ပေးမှုကို တစ်ခဲနက် ရရှိ​နေတာဖြစ်ပါတယ်။ ‘My Name’ ဇာတ်လမ်းတွဲရဲ့ ​နောက်ဆုံးအပိုင်းမှာ​တော့ Han So Hee ရဲ့ ဇာတ်​ကောင်နဲ့ Ahn Bo Hyun ရဲ့ ဇာတ်​ကောင်တို့ ချစ်တင်း​နှောတဲ့ ဇာတ်ဝင်ခန်းပါရှိခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်းဟာ အများက မှန်းဆထားတာနဲ့ မတူပဲ နည်းနည်း ခပ်ကြမ်းကြမ်း​လေး ဖြစ်ခဲ့တာ​ကြောင့် ပရိသတ်​​တွေလည်း မျက်လုံးပြူးခဲ့ရပါတယ်။ ​ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး​​တော့ မင်းသမီး Han So Hee က အင်တာဗျူးတစ်ခုမှာ သူမရဲ့ အ​တွေးကို မျှ​ဝေခဲ့ပါတယ်။ အရင်ဆုံး သူမ​ပြောခဲ့တာက​တော့ ဒီလို ဇာတ်ဝင်ခန်းမျိုး ပါမယ်ဆိုတာကို လက်မှတ်မထိုးခင်က သူမ ကြိုမသိခဲ့ပဲ ရိုက်ကူး​ရေးလုပ်​နေတဲ့အချိန်မှာမှ သိခဲ့ရတယ်ဆိုတာပါပဲ။

Han So Hee “ကျွန်မ ရိုက်ကူး​ရေးလုပ်​နေတဲ့အချိန်အတွင်းမှာမှ အိပ်ရာ​ပေါ်က ဇာတ်ဝင်ခန်းပါမယ်ဆိုတာကို သိခဲ့ရတယ်။ စစက​တော့ အဆင်​ပြေပါ့မလား​။ ကြည့်ရှုသူ​တွေ စိတ်​အ​နှောင့်အယှက်ဖြစ်မလားလို့​တွေးမိပြီး Ji Woo ရဲ့ လက်စာ​းချေမယ့် ရည်ရွယ်ချက်ကိုလည်း ​​ပျောက်သွား​စေမယ်လို့ ထင်ခဲ့တာ​ပေါ့။

​​နောက်ပိုင်း ဒါရိုက်တာကြီးနဲ့ စကား​ပြော​ဆို​ဆွေး​​နွေးရင်းနဲ့မှ ဒီဇာတ်ဝင်ခန်းဟာ Ji Woo ရဲ့ လူသားဆန်တဲ့ဘက်ခြမ်းကို ပြချင်တာပဲဆိုတာကို ပထမဆုံး ​သ​ဘော​ပေါက်လာခဲ့တယ်။ အချစ်ဆိုတာထက် သူမ ဘဝမှာ ပထမဆုံးအ​နေနဲ့ လူသားဖြစ်လာပြီး လူသားပီပီသသ ​နေထိုင်ချင်တယ်ဆိုတဲ့ စိတ်ဖြစ်လာ​​အောင် လှုံ့​ဆော်​​ပေးတဲ့ အရာမျိုးဖြစ်တယ်” လို့ ရှင်းပြခဲ့ပါတယ်။ နိုင်ငံတကာက ကြည့်ရှုသူ​တွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး​တော့​လည်း သူမက “လူ​တွေက Han So Hee နဲ့​တောင်ညမတူဘူးလို့ ​ပြောတာကို အရမ်း​ပျော်တယ်။

ကျွန်မ ခုတ​လော ​​တွေ့ခဲ့ရတဲ့ထဲမှာဆို ‘မင်းက ဒီလိုဇာတ်လမ်းမျိုးလည်း ရိုက်နိုင်တဲ့ မင်းသမီးပါလား’ ဆိုတာမျိုး​​ပေါ့။ Han So Hee ဆိုတဲ့ ရှိပြီးသား ပုံရိပ်ကို ချိုးဖျက်လိုက်နိုင်တယ်ဆိုတဲ့ တုံ့ပြန်မှုမျိုး​တွေကို တကယ်ကို ​အ​ကြိုက်ဆုံးပါပဲ။ ဒီဇာတ်လမ်းကို စရိုက်တည်းက ကျွန်မ စွန့်လွှတ်ဖို့ အလိုအပ်ဆုံးအရာက ကျွန်မရဲ့ မူလပုံစံပဲ” လို့ ​ပြောကြားခဲ့ပါတယ်။

ပရိသတ်​​တော်​တော်များများက​တော့ ဒီအင်တာဗျူးကို ကြည့်ပြီးတဲ့​နောက် ချစ်တင်း​နှောတဲ့ ဇာတ်ဝင်ခန်းပါမယ်ဆိုတာကို စာချုပ်မှာ လက်မှတ်မထိုးခင် ကြိုမ​ပြောခဲ့ဘူးဆိုတဲ့ အချက်​ကြောင့် ​ရှော့ခ်ရခဲ့ကြပြီး ဒီဇာတ်ဝင်ခန်းကို လူစားထိုးပြီး မရိုက်ခဲ့တဲ့အတွက် သူမရဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။ ဒါ​ပေမဲ့ ဒါရိုက်တာ Kim Jin Min နဲ့ ဇာတ်ညွှန်း​ရေးဆရာ Kim Ba Da တို့က​​တော့ ဒီဇာတ်ဝင်ခန်းအ​ကြောင်းကို ကြိုတင်အသိမ​ပေးခဲ့တဲ့အတွက် ကြည့်ရှုသူ​တွေရဲ့ ပြစ်တင်​ဝေဖန်မှုကို ခံခဲ့ရပါတယ်။

Source : Koreaboo
Photo : Netflix
Written : ZL