Korean Celebrity

ပထမဆုံးနှင်းကျတဲ့အချိန်ကျရင် ပရိသတ်တွေနဲ့တွေ့မယ်ဆိုပြီး Ro ဆန်ဆန်ကတိပေးခဲ့တဲ့ Sehuh လေး

SM idol leguage အစီအစဉ်မှာ sehun ပါတာ ဒီအပတ်နောက်ဆုံးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း ခါတိုင်းလို ပရိသတ်တွေနဲ့ game အတူဆော့ပြီး မေးသမျှဖြေပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ထူးထူးခြားခြား 5 လသားအရွယ် puppy လေးကိုပါ ခေါ်လာခဲ့ပါတယ်။ သူ့သူငယ်ချင်းရဲ့ ခွေးလေးဖြစ်ပြီး နာမည်ကတော့ မပေးရသေးတဲ့အတွက် ကူစဉ်းစားပေးကြပါအုံးလို့ ပရိသတ်တွေကို cmt ရေးခိုင်းခဲ့ပါတယ်။

ပြီးတော့ sehun ဟာ အေးဆေး game ဆက်ဆော့ခဲ့ပါတယ်။ ခုလိုသူ LOL game ကစားနေတာကို ကြည့်ပေးနေကြတဲ့ fan တွေအတွက် ခုလိုပြောခဲ့ပါတယ်။ “တစ်ချို့ Fanတွေက LOLကို နားမလည်ကြမှန်း ကျွန်တော်သိတယ်။ ကျွန်တော်က ဒါကို ကစားတယ်ဆိုတာနဲ့တင် အဆုံးထိ supportပေးပြီး ကြည့်ပေးကြတဲ့အတွက် တစ်ကယ် ကို ကျေးဇူးတင်ပါတယ်”

နောက်ပြီးတော့ Korea မှာ ဆောင်းရာသီရောက်နေပြီဖြစ်တဲ့အတွက် ပထမဆုံး နှင်းကျတဲ့အချိန်ကျရင် ပရိသတ်တွေနဲ့ တူတူကြည့်ဖို့ Live လွှင့်ပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ပရိတ်သတ်ကြီးတို့ သိတဲ့အတိုင်း Korea လူမျိုးတွေဟာ ပထမဆုံးနှင်းကျတဲ့အချိန်ကို ချစ်ရသူနဲ့အတူကြည့်ရင် အမြဲလက်တွဲသွားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

Sehun ကလည်း နှင်းကျရင် ပရိသတ်တွေနဲ့ တူတူကြည့်ချင်တယ်ဆိုတော့ ဒါဟာ တဘက်ကကြည့်ရင် fan တွေနဲ့ အမြဲရှိချင်ကြောင်း ပြောလိုက်တာပါ။ Member တွေထဲမှာ အငယ်ဆုံးလေးဖြစ်ပြီး အကိုတွေဆိုချေမိုးဂျစ်တိုက်တတ်ပေမဲ့ fan တွေနဲ့ဆိုရင်တော့ တော်တော် romantic ဆန်တဲ့ ကောင်လေးပါဘဲနော်။ L လေးတွေ ရင်ခုန်နေပြီလား ဝေ့

Source : Twitter
Written : Violet