Korean Celebrity

‘My Universe’ Remix အတွက် အကောင်းဆုံးအားထုတ်ခဲ့သူ SUGA အား ချီးကျူးပြောဆိုခြင်း

အင်္ဂလန် rock band ဖြစ်တဲ့ Coldplay နဲ့ BTS တို့ရဲ့ ပူးပေါင်းသီချင်းလေးကတော့ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းက ထွက်ရှိခဲ့တာပါ။ သီချင်းလေးက Healing Song ပုံစံမျိုးလေးဖြစ်တာကြောင့် လူအများ နားဆင်ရင်းနဲ့ စိတ်သက်သာပေါ့ပါးစေပါတော့တယ်။ Remix အတွက် ကိုယ်တိုင်ဦးစီးထုတ်လုပ်ခဲ့သူကလည်း SUGA ဖြစ်တာကြောင့် တကယ့်ကို ပြောင်မြောက်တဲ့ဖန်တီးမှုအဖြစ် Coldplay ကိုယ်တိုင်ကကို ထုတ်ဖော်ပြောကြားရင်းချီးကျူးခဲ့ပါတော့တယ်။

Coldplay နဲ့ K-pop အဖွဲ့ဖြစ်တဲ့ BTS တို့ရဲ့ ပေါင်းဆုံမှုကနေ ရာဇဝင်တွင်တဲ့ ‘My Universe’ remix သီချင်းလေးက ပေါ်ထွက်လာခဲ့ပါတယ်။ SUGA ကိုယ်တိုင်ကလည်း “I was thrilled to be able to work together with Coldplay အတူ တွဲဖက်အလုပ်လုပ်ခွင့်ရမယ်ဆိုတုန်းက တအားကို ရင်ခုန်စိတ်လှုပ်ရှားပြီး ပီတိဖြစ်နေခဲ့တာပါ။

ကလေးဘဝကတည်းက Coldplay ကို မြတ်နိုးတော့ အခုလို remix မှာ တစိတ်တပိုင်း ပါဝင်ဖန်တီးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဆိုပြီး ဖြေဆိုခဲ့ဖူးပါတယ်။ Coldplay အဖွဲ့ကလည်း SUGA ရဲ့ စွမ်းရည်ကို ချီးကျူးလို့ မဆုံးတော့ပါဘူး။ “အခုလို ကြီးကျယ်ခမ်းနားပြီး ကောင်းမွန်လှတဲ့ remix အတွက် SUGA ကို ကျေးဇူးတင်မိပါတယ်။ အရာရာတိုင်းရဲ့ ထိပ်ဆုံးမှာရောက်နေတဲ့ စွမ်းရည်မြင့် ပြောင်မြောက်တဲ့ producer #SUGA #YOONGI, love c, g, w + j” စသဖြင့် ရေးသားကာ မြတ်နိုးတန်ဖိုးထားမှုကို ဖော်ပြခဲ့ပါတော့တယ်။

‘My Universe’ သီချင်းရဲ့ မူရင်းသီချင်းဟာ September 24 ရက်နေ့ကမှ ထွက်ရှိခဲ့ပြီး ကမ္ဘာ့နားဆင်သူပရိသတ်တွေက နှစ်သက်အားပေးခဲ့ကြတာပါ။ ‘My Universe Remix’ ကတော့ BTS အဖွဲ့ရဲ့ လွှမ်းမိုးနိုင်မှုကြောင့်ပါ နိုင်ငံအနှံ့အပြားမှာ နဂိုကထက် တော်တော်လေး ပေါက်သွားခဲ့ပြီး အကောင်းဆုံး သီချင်းတစ်ပုဒ်အဖြစ် နေရာယူထားဆဲဖြစ်ပါတော့တယ်။

Source: SBSstar
Photos: BTS Official
Translated by Julix