Korean Celebrity

၂၀၂၁ ခုနှစ် MTV Europe Music ဆု​ပေးပွဲအတွက် ဇကာတင်စာရင်းမှာ အပြိုင်အဆိုင် ပါဝင်လာတဲ့ rookie အဖွဲ့များ

အောက်တိုဘာလ ၂၁ ရက်​နေ့မှာ ၂၀၂၁ ခုနှစ် MTV Europe Music Awards (EMAs) ဆု​ပေးပွဲအတွက် ​​နောက်ထပ် category တစ်ခုနဲ့ ဇကာတင်စာရင်းဝင်သူ​တွေကို ထုတ်​ဖော်​ကြေငြာခဲ့ပါတယ်။ ​အဲ့ဒီ category က​တော့ “Best Korean Act” ဖြစ်ပြီး အနာဂတ်မှာ K-Pop ​လောကကို လွှမ်းမိုးချုပ်ကိုင်မယ့် အဖွဲ့​တွေဖြစ်လာနိုင်တဲ့ aespa, STAYC, Weeekly, CRAVITY နဲ့ WEi စတဲ့ rookie အဖွဲ့​လေး​တွေက ဇကာတင်စာရင်းဝင်ခဲ့ပါတယ်။

ဒီအဖွဲ့​တွေအားလုံးဟာ K-Pop စတုတ္ထမျိုးဆက်အဖွဲ့​တွေဖြစ်ပြီး မနှစ်တနှစ်ကမှ ပွဲဦးထွက်​ထား​ပေမဲ့ ယခုနှစ်မှာ comeback ​များစွာပြုလုပ်ထားသလို ​အောင်မြင်မှု အ​တော်အသင့်လည်း ရရှိ​နေတာဖြစ်ပါတယ်။ aespa ဆိုရင် ယခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ “Next Level” နဲ့ “Savage” သီချင်း​တွေက နိုင်ငံတကာမှာပါ လူကြိုက်များပြီး music chart ​တွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

STAYC ကလည်း ယခုနှစ်ထဲမှာ ဒုတိယ​မြောက် single album “Staydom” နဲ့ ပထမဆုံး EP album “Stereotype” တို့နဲ့ comeback ၂ ကြိမ်​တောင် ပြုလုပ်ထားတာပါ။ Weeekly က​တော့ ၂၀၂၁ ခုနှစ်ထဲမှာ “We Play” နဲ့ “Play Game: Holiday” ဆိုတဲ့ EP album ၂ ခုထွက်ရှိထားပြီး သူတို့ရဲ့ “After School” သီချင်းဟာ ယခုနှစ်မှာ ထွက်ရှိတဲ့ မိန်းက​လေး K-Pop အဖွဲ့​​တွေရဲ့ သီချင်း​တွေ အ​အောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

CRAVITY က​တော့ တတိယ​မြောက် EP album “Season 3. Hideout: Be Our Voice” နဲ့ ပထမဆုံး full album “The Awakening: Written in the Stars” တို့ကို ယခုနှစ်ထဲမှာ ထုတ်​ဝေဖြန့်ချီနိုင်ခဲ့ပြီး WEi က​တော့သူတို့ရဲ့ ဒုတိယ​​​မြောက် EP album “Identity: Challenge” နဲ့ တတိယ​မြောက် EP album “Identity: Action” တို့ ထွက်ရှိထားပါတယ်။

ယခင်က “Best Korean Act” ဆုအတွက် EXO (2013), B.A.P (2014 and 2016), BTS (2015), GFRIEND (2017), LOONA (2018), ATEEZ (2019) နဲ့ Stray Kids (2020) တို့က အသီးသီးဆွတ်ခူးခဲ့ကြဖူးပါတယ်။ ၂၀၂၁ ခုနှစ် MTV EMA ပွဲကို နိုဝင်ဘာလ ၁၄ ရက်​နေ့မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး voting က​တော့ နိုဝင်ဘာလ ၁၀ ရက်​နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

Source : Kpopstarz
Written : ZL