Korean Celebrity

Brazil နိုင်ငံက ချီးမြှင့်တဲ့ ဆုပေးပွဲမှာ တခြား Kpop Group တွေထက် စုစုပေါင်း 5 ဆု သိမ်းပိုက်နိုင်ခဲ့တဲ့ BLACKPINK

Brazil နိုင်ငံဟာ The BreakTudo Awards ဆိုတဲ့ နိုင်ငံတကာအဆင့်မှီ ကြီးကျယ်ခမ်းနားတဲ့ ဆုပေးပွဲကို နှစ်စဉ် ကျင်းပလာခဲ့တာ ဒီနှစ်ဆို ၆ ကြိမ်မြောက်ရှိပါပြီ။ ခု 2021 ခုနှစ်မှာတော့ COVID-19 အခြေအနေကြောင့် online ကနေ သာ ကျင်းပခဲ့ပါတယ်။

October 21 ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး TV လိုင်းတွေ ဖြစ်တဲ့ TV Cidade, Telemilênio’s official Youtube channel နဲ့ Canal Yeeah တို့မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲမှာ ဆုမပေးခင်က ကမ္ဘာကျော် kpop Girl Group တစ်ခုဖြစ်တဲ့ BLACKPINK ဟာ ဆုပေါင်း (၅)ခုစာရင်းမှာ တခြား ကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူ nomination ဝင်ခဲ့ပါတယ်။ တကယ့် ဆုပေးပွဲနေ့ရောက်တော့ BLACKPINK အဖွဲ့ဟာ ထို ဆု (၅) ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ထိုဆု(၅)ဆုမှာ International Group, Female K-Pop Group, International Music Video နဲ့ International Fandom အစရှိတဲ့ဆု တွေကို အဖွဲ့လိုက် ရရှိခဲ့ပြီး International Breakthrough Artist ဆုကိုတော့ Rosé က တစ်ဦးချင်းအနေနဲ့ ရရှိခဲ့ပါတယ်။ Rosé ရတဲ့ဆုဟာ အနုပညာငွေကြယ်ပွင့်သစ်တွေဖြစ်တဲ့ Olivia Rodrigo, Tate McRae, The Kid LAROI, Giveon, Kali Uchis, Maria Becerra, Kenia Os အစရှိတဲ့ အဆိုတော်တွေနဲ့အတူ nominated ဝင်ခဲ့တာဖြစ်ပြီးနောက်ဆုံး ဆုရသွားတာဖြစ်ပါတယ်။

International Group ဆု ကိုတော့ BTS, CNCO, 5SOS, Little Mix, Now United, RBD, Why Don’t We အစရှိတဲ့ Group တွေနဲ့ ဇကာတင်စာရင်း ဝင်ခဲ့တာဖြစ်ပြီး BLACKPINK က အနိုင်ရသွားတာ ဖြစ်ပါတယ်။ Female K-Pop Group ဆုမှာတော့(G)I-DLE, ITZY, LOONA, TWICE, EVERGLOW, Brave Girls ,aespa အစရှိတဲ့ Girl group တွေနဲ့ အတူ BLACKPINK က ဇကာတင်စာရင်း ဝင်ခဲ့ပြီး နောက်ဆုံး ဆုရသွားပါတယ်။

International Music Video ရဲ့ ဇကာတင်စာရင်းတွေကတော့ BLACKPINK ရဲ့ “Lovesick Girls” သီချင်း၊ BTS အဖွဲ့ရဲ့ “Dynamite” သီချင်း ၊ MAMAMOO အဖွဲ့ရဲ့ “AYA,” သီချင်း၊ Lil Nas X ရဲ့ “MONTERO” သီချင်း၊ Ariana Grande ရဲ့ “position” သီချင်း၊ Demi Lovato ရဲ့ “Dancing With the Devil” သီချင်း၊ Tesher နဲ့ Jason Derulo တို့ရဲ့ “Jalebi Baby” သီချင်း ၊Anne-Marie နဲ့ Little Mix တို့ရဲ့ “Kiss My (Uh-Oh)” အစရှိတဲ့ music video တွေဖြစ်ပါတယ်။ ထိုထဲကမှ “Lovesick Girl” MV က အနိုင်ရရှိသွားတာဖြစ်ပါတယ်။

International Fandom ဆုမှာတော့ BLACKPINK အဖွဲ့ရဲ့ fandom ဖြစ်တဲ့ BLINK, BTS အဖွဲ့ရဲ့ Fandom ဖြစ်တဲ့ ARMY , EXO အဖွဲ့ရဲ့ fandom ဖြစ်တဲ့ EXO-L, TWICE အဖွဲ့ရဲ့ fandom ဖြစ်တဲ့ ONCE, Louis Tomlinson ရဲ့ Louies, Selena Gomez ရဲ့ Selenators, Taylor Swift ရဲ့ Swifties တွေနဲ့ Now United ရဲ့ Uniters တွေက ဇကာတင်စာရင်း ဝင်ခဲ့တာဖြစ်ပါတယ်။ ထိုထဲကမှ BLACKPINK ရဲ့ fan တွေ ဖြစ်တဲ့ BLINK တွေက win သွားတာဖြစ်ပါတယ်။

BLACKPINK အဖွဲ့ရော BLINK တွေ ရော congratulations ပါနော်။ အဖွဲ့လိုက်လည်း ဆုရသလို member တစ်ယောက်ကလည်း ဆုရသေးတယ်။ ဒါ့အပြင် idol တွေတင် ဆုရတာမဟုတ်ဘဲ fan တွေကလည်း ဆုရသေးတာမို့ Blink လေးတွေ ဂုဏ်ယူပျော်ရွှင်နေမယ် ထင်ပါတယ်။

Source:kpop starz
Written: Violet