Korean Celebrity

Girls Planet 999 မှ မွေးထုတ်ပေးလိုက်တဲ့ K,C,J နိုင်ငံသုံးနိုင်ငံက မိန်းကလေး(9) ယောက်ပါတဲ့ အဖွဲ့သစ်

Girls planet 999 ပြိုင်ပွဲဟာ Korea, China, Japan အစရှိတဲ့နိုင်ငံ သုံးနိုင်ငံက Kpop idol ဖြစ်ချင်စိတ်ပြင်းပြနေတဲ့ မိန်းကလေး 99 ယောက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ survival show ဖြစ်ပါတယ်။ ထိုမိန်းကလေး ၉၉ ယောက်ဟာ ဒီ show မှာပါဝင်ဖို့ လျှောက်ထားကြတဲ့ အယောက်ပေါင်း 13,000 ထဲကနေ ရွေးထားတာမို့ အရည်အချင်းရှိ မိန်းကလေးတွေဖြစ်ပါတယ်။

အဆိုပါ 99 ယောက်ဟာလည်း အပတ်စဉ် mission တွေလုပ်ရင်း တစ်ယောက်ပြီး တစ်ယောက် ပြုတ်သွားလိုက်ကြတာ ခုဆို final round ကိုတောင် ရောက်ရှိလို့လာပါပြီ။ final round မှာတော့ နောက်ဆုံး ပြိုင်ပွဲဝင် ၁၈ ​ယောက်ထဲကနေ ၉ ယောက်ကို သာရွေးမှာ ဖြစ်ပါတယ်။ ထို 9 ယောက်ဟာ global girl group အနေနဲ့ debut ခွင့်ရမှာ ဖြစ်ပါတယ်။

အဖွဲ့ name ကိုလည်း mnet က ထုတ်ပြန်ပြီးပါပြီ။ “Kep1er” လို့ နာမည်ပေးထားပါတယ်။အသံထွက်ကတော့ “kepler” လို့ ထွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် member တွေဟာ သူတို့ရဲ့အိပ်မက်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီ ဆိုတဲ့ “capture” ရဲ့ အသံထွက်နဲ့ လည်းဆင်ပါတယ်။ “1” ကတော့ member တွေအကုန်လုံးဟာ တစ်စုတစည်းတည်း ပေါင်းစည်းပြီး အကောင်းတကာ့အကောင်းဆုံးဖြစ်လာမယ် လို့ အဓိပ္ပာယ်ရပါတယ်။

“Kepler” ဆိုတဲ့ နာမည်ဟာ “ဂြိုလ်” တစ်ခုဖြစ်ပြီး 17 ရာစုက နာမည်ကြီး နက္ခတ်ဗေဒင်ပညာရှင် Johannes Kepler ကို ဂုဏ်ပြုပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ ပညာရှင်ဟာ ဂြိုလ်ပတ်လမ်းကြောင်း သီအိုတွေ ဥပဒေသတွေကို စတင်ရှာဖွေတွေ့ရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် Girls Planet 999 စီစဉ်သူ Mnet ဟာ သူတို့ပြိုင်ပွဲရဲ့ theme နဲ့ ကိုက်မဲ့ ခုလို ဂြိုလ်နာမည်ကိုပေးခဲ့တာဖြစ်ပါတယ်။

ခုလို အဓိပ္ပာယ်ရှိတဲ့ အဖွဲ့နာမည်နဲ့ ပွဲဦးထွက်ခွင့်ရမဲ့ winner အဖွဲ့ဝင် (၉) ယောက်ကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

  • Top (9) – Xiao Ting (C member)

  • Top(8)- Sakaomto Mashiro (J member)

  • Top(7)- Ezaki Hikaru (J member)

  • Top(6)-Kang Yeseo ( K member )

  • Top(5)- Seo Youneun (K member)

  • Top(4)- Kim Dayeon (K member)

  • Top(3)- Choi Yujin (K member)

  • Top(2)- Huening Bahiyyih (K member)

  • Top(1)- Kim Chaehyun (K member)

Source: Koreaboo
Written: Violet