Korean Celebrity

IG မှာ Profile အမည်းရောင်ပြောင်းခဲ့တဲ့ Mark ရဲ့ ပရိသတ်တွေအတွက် အံ့ဩစရာချပြမှုတစ်ခု

GOT7’s အဖွဲ့ဝင်တွေက ပရိသတ်တွေကို Surprise လုပ်နိုင်ကြလွန်ပါတယ်။ Mark ဆိုရင်လည်း October 19 ရက်နေ့တုန်းက IG မှာရှိတဲ့ တင်ထားသမျှ ပို့စ်တွေအားလုံးကို ဖျက်ချခဲ့ပြီး Profile အမည်းရောင် ပြောင်းခဲ့တာကြောင့် အကုန်လုံး စိတ်ပူပန်ခဲ့ကြပါသေးတယ်။

October 22 ရက်နေ့မှာတော့ Mark ဟာ သူ့ရဲ့ Social Media Account များကနေတဆင့် မကြာခင်ထွက်ရှိပေးတော့မယ့် သီချင်းသစ် “LAST BREATH” ကို မိတ်ဆက်ပေးခဲ့ပါတယ်။ GOT7 အဖွဲ့ဝင်တွေဟာ ကိုယ်စီ တကိုယ်တော်သီချင်းတွေ ထွက်ရှိနေတာဖြစ်ပြီး Mark ကလည်းပဲ သူ့ရဲ့သီချင်းသစ် “LAST BREATH” ကို နိုဝင်ဘာလမှာ စတင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။

October 6 ရက်နေ့ကတည်းက သီချင်းသစ်အတွက်ပြင်ဆင်နေကြောင်း Mark က အသိပေးခဲ့ဖူးသလို “One in a Million” သီချင်းထုတ်ပေးပြီး ၉ လအကြာမှ ပထမဆုံးထွက်ရှိလာမယ့်သီချင်းသစ်ဖြစ်တာကြောင့် ပရိသတ်တွေက မျှော်လင့်စောင့်စားနေကြပါပြီ။

“LAST BREATH” ရဲ့ ပထမဆုံး Teaser Image ကို ချပြပြီးနောက် Mark ဟာ သူ့ရဲ့ အမည်းရောင် IG Profile ကိုပြောင်းလဲခဲ့ပြီး ဖျက်ထားတတဲ့အတွက် ဘာတစ်ခုမှမရှိတဲ့နေရာမှာ Teaser Image လေးက နေရာယူထားပါတော့တယ်။ Mark ရဲ့ “LAST BREATH” သီချင်းလေးက Nov. 12 ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်လို့ သီချင်းကောင်းကြိုက်သူတိုင်း နားဆင်ကြည့်ကြပါဦးနော်။

Source: Kpopstarz
Photos: Instagram
Translated by Julix