Korean Celebrity

မင်းသား Kim Seon Ho တစ်​ယောက် ​ဆေးရုံတက်​နေရတယ်ဆိုပြီး အွန်လိုင်းမှာ ကောလဟာလများ ပျံ့နှံ့နေ

လက်ရှိ Twitter နဲ့ တခြား online community platform ​တွေမှာ မင်းသား Kim Seon Ho တစ်ယ​ောက် ​ဆေးရုံ​ရောက်​နေတယ်ဆိုပြီး သတင်း​​တွေ ပြန့်နှံ့လျက်ရှိပါတယ်။ ​ကောလဟာလ​​တွေက Kim Seon Ho ဟာ Seongbuk-gu မှာရှိတဲ့ တက္ကသိုလ်​ဆေးရုံတစ်ခုမှာ ​ဆေးရုံတက်​နေတယ်လို့ ​​​​​ထွက်​ပေါ်ခဲ့တာပါ။ ဒါ့အပြင် ကိုရီးယား netizen ​တွေရဲ့ ​ပြောကြားချက်အရ ​ဆေးရုံရဲ့ ဧည့်ခန်းမမှာ သတင်း​ထောက်​တွေ အများအပြား​ရောက်ရှိ​နေပြီး Kim Seon Ho ကို အင်တာဗျူးဖို့ ​စောင့်ဆိုင်​းနေပုံရတယ်လို့ သိရှိရပါတယ်။

အမည်မသိသူတစ်​ယောက်ကဆိုရင် “K**** U******** ​ဆေးရုံရဲ့ ဒုတိယထပ်က ဧည့်ခန်းမှာ သတင်း​ထောက်​တွေ အပြည့်ပဲ။ လူတစ်​ယောက်က ပုဂ္ဂိုလ်​ရေးအရ အနားယူဖို့ လိုအပ်​နေချိန်မှာ သတင်း​ထောက် အစုတ်ပလုတ်​တွေက​တော့ ဘယ်လို အ​ခြေအ​နေမျိုးပဲဖြစ်​နေပါ​စေ အင်တာဗျူးဖို့​လောက်ပဲ စိတ်ထဲရှိတယ်။ ​တော်​တော်​​​ဒေါသထွက်ဖို့​ကောင်းတယ်” ဆိုပြီး ​စိတ်ဆိုး​ဆိုးနဲ့ ​ရေးသားထားပါတယ်။

​နောက်ထပ် netizen တစ်​ယောက်ကလည်း “သတင်း​ထောက် အစုတ်ပလုတ်​တွေ မင်းတို့ရဲ့ အ​ရေးမပါတဲ့ အင်တာဗျူး​ကြောင့် ကိုဗစ်ကာလကြီးမှာ ​ဆေးရုံမှာ စု​ဝေးပြီး ကျန်းမာ​ရေးဝန်ထမ်း​တွေကို ဒုက္ခ​ပေး​နေတာလား။ ​ဆေးရုံမှာ Kim Seon Ho တစ်​ယောက်ပဲရှိတယ်လို့ ထင်​နေတာလား။ တခြားလူနာ​တွေအတွက် ​လေးစားမှုမရှိဘူးလား။ ကိုဗစ်​ကြောင့် တခြားသူ​တွေဆို သူတို့ရဲ့ မိသားသု​တွေ၊ အသိမိတ်​​ဆွေ​တွေကို​တောင် သတင်း​​မေးလို့မရဘူး” ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

ဒီ​ကောလဟာလနဲ့ ပတ်သက်ပြီး Kim Seon Ho ရဲ့ ​အေဂျင်စီဖြစ်တဲ့ Salt Entertainment က​တော့ အတည်ပြု​ပြောကြားထားခြင်းမရှိ​သေးပါဘူး။ ဒါ​ပေမဲ့ အခုလို ဖိအား​တွေ၊ စိတ်ရှုပ်စရာ​တွေနဲ့ Kim Seon Ho တစ်​ယောက် ပင်ပန်း​နေချိန်မှာ သတင်းမီဒီယာ​တွေအ​နေနဲ့ သူ့ကို အနား​ပေးဖို့ လိုအပ်လိမ့်မယ်လို့ထင်မိပါတယ်။ Kim Seon Ho တစ်​​ယောက် အမြန်ဆုံး ပြန်ပြီး အဆင်​ပြေလာဖို့လည်း ​မျှော်လင့်ပါတယ်။

Source : Allkpop
Photo : Pinterest
Written : ZL