Korean Celebrity

သူမရဲ့ဘဝအတွက် အပူပန်ဆုံးအရာတစ်ခုရှိကြောင်း ပြောပြခဲ့သူ IU

အသံချိုချိုလေးနဲ့ တကိုယ်တော်တေးသံရှင်မလေး IU ကတော့ အဖက်ဖက်ကပြီးပြည့်စုံနေသူလေးလို့တောင် တင်စားလို့ရပါတယ်။ ကျော်‌ကြားအောင်မြင်မှု အလုံးစုံကိုပိုင်ဆိုင်ထားပေမဲ့လည်း W Korea နဲ့ အင်တာဗျူးလုပ်တော့ IU ဟာ သူမရဲ့“life worry” (ဘဝပူပန်မှု) တစ်ခုရှိကြောင်း ပြောပြခဲ့ပါတယ်။

IU က “ကျွန်မမှာ ဝါသနာရယ်လို့ မရှိတာကို ဆက်တိုက်စိတ်ပူလာရတယ်။ ပရိသတ်ကြီးတို့လည်း ကျွန်မလိုမျိူး လုပ်လို့မဖြစ်ဘူးနော်။ ကျွန်မလို ဝါသနာမရှိဘဲ ရှင်သန်နေလို့ မဖြစ်ပါဘူး။ အရင်တုန်းက ဒါကြီးကို စိတ်ထဲ စနိုးစနောင့်မဖြစ်မိဘူး။ အသက်ကြီးလာရင် ဝါသနာတစ်ခုလောက်တော့ ရလာမှာဆိုပြီး ယုံကြည်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဖြစ်မလာဘူးလေ။

အခုဆိုရင် ၃၀ တောင်ပြည့်ခါနီးနေပြီ။ ခုချိန်ထိ ဝါသနာမရှိသေးတာကို စိတ်ပူလာမိတယ်။ တစ်ခုခုကို စိတ်ဝင်စားမိရင်လည်း အချိန်ခဏလေးပဲခံတယ်။ ဝါသနာပါတာလည်းမရှိတော့ စိတ်ဖြေဖျောက်ဖို့ နည်းလမ်းမရှိတော့ဘူးပေါ့။ ငယ်ငယ်တုန်းက စာဖတ်တာ ဝါသနာပါပေမဲ့ ကြီးလာတော့ သီချင်းရေးဖြစ်လာတဲ့အခါ ဒီဝါသနာက ပျောက်သွားတယ်။

စာဖတ်တဲ့အခါ ‘Oh… ဒီစာသားလေးက..,’ ‘Oh, ဒီလိုလေးရင် သဒ္ဒါအထားအသို မမှားတော့ဘူးပဲ,’ အဲ့လိုတွေတွေးနေတာ။ ဒါက ဝါသနာမဟုတ်တော့ဘူးလေ။ ကျွန်မအလုပ်အတွက် လေ့လာတာမျိုးဖြစ်နေပြန်ရော” ဆိုပြီး သူမရဲ့ အခက်အခဲလေးကို ပြောပြခဲ့ပါတော့တယ်။

IU လိုပဲ လူတော်တော်များများဟာ ကိုယ်ဝါသနာပါရာကို ရှာဖွေတွေ့ရှိခြင်းမရှိကြသေးပါဘူး။ ပင်ပန်းလှတဲ့ လူ့ဘောင်လောကကြီးမှာ ကိုယ်ဝါသနာပါရာလေးတစ်ခုခုကိုလုပ်ရင်း စိတ်အပန်းဖြေရတဲ့အရသာကိုတော့ IU လေး မခံစားရဖူးသေးပုံပါပဲ။ IU တစ်ယောက် ဒီအဆင်မပြေမှုကို ကျော်လွှားပြီး ဝါသနာတစ်ခုခုကို ရှာတွေ့နိုင်ပါစေနော်။

Source: Koreaboo
Photos: W Korea
Translated by Julix