Korean Celebrity

Cardi B တောင် ဝင်ရီသွားတဲ့ Lisa ရဲ့ SG သီချင်းထဲက meme ပုံလေးတွေ

DJ Snake ဟာ သူ့ရဲ့သီချင်းသစ် “SXY GIRL” ထွက်ဖို့အတွက် ကြိုးစားနေတာ လပေါင်းများစွာကြာနေပါပြီ။ သူ့သီချင်းသစ်မှာ Megan Thee Stallion, Ozuna တို့အပြင် ထူးထူးခြားခြားအနေနဲ့ asian အဆိုတော် BLACKPINK အဖွဲ့ဝင် Lisa တို့က featuring ဝင်ဆိုထားပါတယ်။

MV ထဲက အဖွဲ့လိုက် part မှာ ကျန် (၃)ယောက်က အပြင်မှာတကယ်တွေ့ဆုံတူတူရိုက်ကူးထားပေမဲ့ lisa ကတော့ covid 19 အခြေအနေကြောင့် green screen editing နဲ့ သာ ပါခဲ့ရပါတယ်။ ထိုအပိုင်းဟာ ပီပြင်လွန်းလို့ တချို့ပရိသတ်တွေက ဖြတ်ညှပ်ကပ်မှန်းတောင် သတိတောင်မထားမိကြပါဖူး။ ဒါပေမဲ့ သတိထားမိတဲ့ fan တွေ လည်းရှိကြပါတယ်။ သူတို့တွေက lisa ကို ချစ်စနိုးနဲ့ meme ပုံလေးတွေ edit ပြီး စ ထားကြပါတယ်။ Asia Cele bar ပရိသတ်ကြီးလည်း ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

  • (၁)က​လေးအဖျားပျောက်ဆေးကြော်ငြာနဲ့ဆို ကွက်တိဖြစ်နေမဲ့ lisa ရဲ့ ပုံ

  • (၂)Squid game ထဲက ဝါစိမ်းနီ ကစားပွဲထဲမှာ ဝင်ဆော့နေတဲ့ lisa

  • (၃)သူငယ်ချင်းရိုက်ပေးတဲ့ပုံ (vs) အမေရိုက်ပေးတဲ့ပုံ

  • (၄)Lisa ရဲ့ iconic meme ပုံက Rap မိခင်ကြီး cardi B ငယ်ငယ်တုန်းက ပုံနဲ့ပါ သွားတူနေပါသေးတယ်။ ထို edit ပုံကိုတော့ cardi b ကိုယ်တိုင် tweet သွားခဲ့ပါတယ်။

  • (၅) Jennie ရဲ့ နာမည်ကြီး meme ပုံနဲ့ Lisa ပုံ (အပြိုင်ချဲကြမဲ့ Jenlisa)

  • (6) ငါ့မင်းကို ပြုံးဖို့ပြောတယ်လေ … ဘာလို့မပြုံးတာလည်း ?? ( တကယ်တမ်းပြုံးရသောအခါ )

  • (၇) Lalisa သီချင်းသာမက B side track (Money) သီချင်းလည်း နားထောင်သူအများဆုံးသီချင်းဖြစ်လာသောအခါ (Congrat lisa)

  • (8) အလိုရှိသလို telepathy နဲ့ ဟိုရွေ့ဒီရွေ့ သွားနေသော lisa

Meme ပုံတွေနဲ့နာမည်ကြီးနေပေမဲ့ lisa ဟာ MV ထဲမှာ သူ့ own style နဲ့ သူ ခပ်မိုက်မိုက်ကထားပါတယ်။ ဒါ့အပြင် သူဆိုရမဲ့ အပိုဒ်အတွက် စာသားကို ကိုယ်တိုင်ရေးထားတာပါ။ ထို MV ဟာ ခုဆို 21 M views ရှိနေပြီဖြစ်တဲ့အပြင် music chart တွေရဲ့ ထိပ်ဆုံးမှာလည်း ရောက်ရှိနေပါတယ်။

Source: TWITTER
Written: Violet