Korean Celebrity

ကြားမိတဲ့အခါတိုင်း မျက်ရည်ဝဲကာ ငိုမိတဲ့ သီချင်းလေးတစ်ပုဒ်ရှိကြောင်း ပြောခဲ့သူလေး Tzuyu

TWICE အဖွဲ့ရဲ့ အငယ်ဆုံးလေး Tzuyu ကတော့ ခံစားချက်ကိုမျိုသိပ်နိုင်စွမ်းကောင်းသူလေးပါပဲ။ တော်ရုံတောင် မျက်ရည်မကျဘဲ မငိုမိအောင် ထိန်းချုပ်နိုင်သူလေးဖြစ်လို့ စိတ်ဓာတ်သန်မာသူလေးအဖြစ်တောင် သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ Tzuyu ကို ငိုမိစေတဲ့ ထူးထူးခြားခြားသီချင်းလေးတစ်ပုဒ်ရှိနေပါတယ်။

Tzuyu ကဆိုရင် ဒီသီချင်းလေးကိုကြားတိုင်း ငိုမိကြောင်းကို ပြောပြခဲ့ပါတော့တယ်။ Billboard နဲ့ အင်တာဗျူးလုပ်တုန်းက TWICE အဖွဲ့ဝင်တွေအား “ဘယ်ဇာတ်ကား/ သီချင်းကများ မင်းတို့ကို အမြဲ ငိုအောင်လုပ်နိုင်လဲ?” ဆိုပြီး မေးခဲ့ပါတယ်။

Tzuyu ကို ဝမ်းနည်းစေတဲ့သီချင်းလေးကတော့ သူမရဲ့အကြိုက်ဆုံးသီချင်းဖြစ်တဲ့ “Adele’s All I Ask” မဟုတ်ဘဲ TWICE ရဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။ Tzuyu ရွေးချယ်လိုက်တဲ့ သီချင်းလေးကတော့ “One in a Million” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး TWICE အနေနဲ့ သူမတို့ရဲ့ ချစ်ပရိသတ်ကြီး ONCEs ကို ရည်ရွယ်က သီဆိုထားတဲ့ သီချင်းလေးပါပဲ။

Tzuyu က “ကျွန်မတို့ ပရိသတ်တွေအတွက် သီဆိုထားတဲ့ to ‘One in a Million’ သီချင်းလေးကို နားထောင်မိတိုင်း ကျွန်မတို့နဲ့အတူ သီချင်းတွေလိုက်ဆိုခဲ့ပေးကြတဲ့ ONCE တွေရဲ့ အသံတွေနဲ့ မျက်နှာလေးတွေကို သတိရလာမိတယ်။ ဒီမှတ်ဉာဏ်တွေက ကျွန်မကို ငိုစေတာပါပဲ။ ကျွန်မတို့ရဲ့ ပရိသတ်အားလုံး၊ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို လွမ်းနေပါတယ်” ဆိုပြီး ဖြေပေးခဲ့ပါတော့တယ်။

“One in a Million” သီချင်းလေးက Tzuyu ကို ငိုကြွေးစေတယ်ဆိုတဲ့ အချက်နဲ့တင် အငယ်ဆုံးလေးက ONCE တွေကို ဘယ်လောက်တောင် နှစ်နှစ်ကာကာ ချစ်မြတ်နိုးသလဲဆိုတာ သိသာနေပါပြီ။ ခံစားချက်တွေဖုံးကွယ်တာ တော်တဲ့ Tzuyu လေးအတွက် ONCEs တွေက အရာရာဖြစ်နေတာကြောင့် အားပေးချစ်ခင်ကြတဲ့သူတိုင်း TWICE နဲ့အတူတူ ပျော်ရွှင်စွာ ရှေ့ဆက်ကြမယ်နော်။

Source: Koreaboo
Photos: Kpopping
Translated by Julix.