Korean Celebrity

ခြေ​ထောက်ဒဏ်ရာ​ကြောင့် “PERMISSION TO DANCE” online concert မှာ ကကွက်​တွေကို ​ဖျော်​ဖြေနိုင်မှာမဟုတ်တဲ့ V

ဒီက​နေ့မှာ ကျင်းပပြုလုပ်မယ့် “PERMISSION TO DANCE ON STAGE” online concert မှာ BTS အဖွဲ့ဝင် V ဟာ ကကွက်​တွေကို ကပြ​ဖျော်​ဖြေနိုင်မှာ မဟုတ်ဘူးလို့ BTS ရဲ့ ​​အေဂျင်စီဖြစ်တဲ့ Big Hit Music က အသိ​ပေး​ကြေငြာလိုက်ပါတယ်။

V ဟာ အောက်တိုဘာလ ၂၃ ရက်​နေ့ ည​နေက ဒီ concert အတွက် ​လေ့ကျင့်ရင်း ​ခြေသလုံးကြွက်သား​တွေ အရမ်းကိုနာကျင်​နေခဲ့ပြီး ​ဆေးရုံမှာ စစ်​ဆေးမှု​တွေ လုပ်​​ဆောင်ပြီး​နောက်မှာ​တော့ ​ခြေ​ထောက်အရိုး​တွေမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိ​ပေမဲ့ ​လော​လောဆယ်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှု​တွေ မလုပ်ဖို့ ဆရာဝန်က အကြံ​ပေးခဲ့တာ​ကြောင့် အခုလို ကပြ​ဖျော်​ဖြေမှုမှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်​ကြောင်း BTS အဖွဲ့ရဲ့ Weverse စာမျက်နှာကတစ်ဆင့် Big Hit Music က အ​သေးစိတ်​ရှင်းပြထားပါတယ်။

“V က ​ဖျော်​ဖြေမှုအပိုင်းမှာ အပြည့်အဝပါဝင်ချင်တဲ့ ဆန္ဒရှိ​နေ​ပေမဲ့လည်း ကုမ္ပဏီက ဆရာဝန်ရဲ့ အကြံ​ပေးမှုကို လိုက်နာပြီး ဒီက​နေ့ “PERMISSION TO DANCE ON STAGE” မှာ V ရဲ့ လှုပ်ရှားမှု​တွေကို ​လျော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ​ကြောင့် V ဟာ ကကွက်မပါပဲ ထိုင်လျက်​ဖျော်​ဖြေသွားမှာဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း နားလည်​ပေးဖို့ ​မေတ္တာရပ်ခံပါတယ်။ ကျွန်​တော်တို့အ​နေနဲ့ အနုပညာရှင်​တွေရဲ့ ကျန်းမာ​ရေးနဲ့ လုံခြုံ​ရေးကို ဆက်လက် ဦးစား​ပေးသွားမှာဖြစ်ပြီး BTS အဖွဲ့ဝင်​တွေ ပရိသတ်​တွေနဲ့ ကျန်းကျန်းမာမာ ​တွေ့ဆုံနိုင်ဖို့ ​သေချာ်လုပ်​ဆောင်သွားပါမယ်” လို့လည်း Big Hit က ​ပြောကြားထားပါတယ်။

BTS အဖွဲ့ဟာ “PERMISSION TO DANCE ON STAGE” concert ကို ​အောက်တိုဘာလ ၂၄ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် ည​နေ ၆ နာရီခွဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 2021 Muster Sowoozoo အပြီး ၄ လ​ကျော်ကြာမှ ပရိသတ်​တွေနဲ့ ​တွေ့ဆုံရမယ့် ပွဲဖြစ်တာနဲ့ အမျှ အဖွဲ့ဝင်​တွေလည်း အစွမ်းကုန်ကြိုးစားပြင်ဆင်ထားပြီး ပရိသတ်​တွေလည်း အရမ်းကို စိတ်လှုပ်ရှား​နေကြမှာပါ။

မ​မျှော်လင့်ပဲ အခုလိုဖြစ်သွားပြီး ပြင်ဆင်ထားတာ အကုန်လုံးကို ချပြခွင့်မရတဲ့အတွက် V ​ရော ARMY ​တွေပါ စိတ်မ​ကောင်းဖြစ်ပြီး နှ​မြောတသဖြစ်​နေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၇-၂၈ နဲ့ ဒီဇင်ဘာ ၁-၂ ​တွေမှာ ‘BTS Permission To Dance On Stage’ ကို Los Angeles မြို့မှာရှိတဲ့ SoFi Stadium မှာ ပြုလုပ်ဦးမှာဖြစ်တဲ့အတွက် V တစ်​ယောက် အမြန်ဆုံး သက်သာလာဖို့ ​မျှော်လင့်ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL