Korean Celebrity

“PTD On Stage” Concert မှာ ဆံပင်စတိုင်အသစ်နဲ့ ARMY ​တွေကို သတ်ချသွားခဲ့တဲ့ Jungkook

BTS အဖွဲ့ရဲ့ ‘Permission To Dance On Stage’ concert ကို ​အောက်တိုဘာလ ၂၄ ရက်​နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်တစ်​ယောက်ချင်းစီတိုင်းဟာ ARMY ​တွေရဲ့ နှလုံးသားကို ခိုးယူနိုင်ခဲ့ပါတယ်။ အဲ့ထဲမှာမှ BTS ရဲ့ အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ ထို concert ရဲ့ highlight ဖြစ်လာခဲ့ပါတယ်။

Jungkook ဟာ ယခင်က ဆံပင်အ​​ရောင်အမျိုးမျိုးကို စမ်းသပ်ကြည့်ခဲ့ဖူး​ပေမဲ့ များ​သောအားဖြင့် အနက်​​ရောင် (သို့) အညို​ရောင်ဖြင့်သာ ​တွေ့ရ​လေ့ရှိပါတယ်။ မ​နေ့က “Permission to Dance On Stage” concert မှာ​တော့ သူဟာ တစ်ခါမှမမြင်ဖူး​သေးတဲ့ ဆံပင်အ​ရောင်သစ်ကို ပြသခဲ့ပြီး ပရိသတ်​တွေကို အံ့အားသင့်​​​စေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အနက်​​​ရောင်ဆံနွယ်​တွေကို mint green ​ရောင်သို့ ​ပြောင်းလဲပစ်ခဲ့တာပါ။

သူဟာ ဆံပင်အ​ပေါ်ပိုင်းကို​တော့ mint green ​ရောင်ဆိုးထားပြီး ​အောက်ဘက်ခြမ်းမှာ​တော့ အနက်​​​ရောင်ဆံပင်အတိုင်းထားပြီး အနည်းငယ် ညှပ်ထားပါတယ်။ ဒီ two-toned ဆံပင်စတိုင်ဟာ ကြည့်ရှုသူတိုင်းကို ပါးစပ်အ​ဟောင်းသားဖြစ်​​စေခဲ့တာပါ။ ဒီဆံပင်အ​​ရောင်ဟာ concert မှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစား​တွေအားလုံးနဲ့လည်း လိုက်ဖက်လို့ ​နေပါတယ်။

​All-black, All-white က​နေ စတိုင်ကျတဲ့ soundcheck loom အထိ အားလုံးနဲ့ ပြီးပြည့်စုံ​နေပါတယ်။ ဒါ့အပြင် ဒီထင်ရှားတဲ့ mint green ​ရောင် ဆံပင်ဟာ Jungkook ရဲ့ eyebrow piercing, lip piercing အသစ်နဲ့ တက်တူး​တွေနဲ့ ​ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့ ကိုယ်​ရောင်ကိုယ်ဝါနဲ့ သြဇာတိက္ကမရှိမှုကို ပို​ပေါ်လွင်​စေတာ​ကြောင့် အကြည့်မလွှဲနိုင်​လောက်​အောင်ပါပဲ။

ဒီလိုမျိုး ဆံပင်စတိုင်အသစ်နဲ့ stage presence ​တို့​ကြောင့် Jungkook ဟာ ဆိုရှယ်မီဒီယာ​တွေမှာ hot ဖြစ်ခဲ့ပြီး Twitter မှာဆိုရင် Worldwide နံပါတ် ၁ အ​နေနဲ့​တောင် trend ဖြစ်သွားခဲ့ပါတယ်။ Jungkook နဲ့ သက်ဆိုင်တဲ့ keyword အများအပြားဟာလည်း trend ဖြစ်ခဲ့ပါတယ်။ ဒီ “Mint green Jungkook” ဟာ Jungkook ရဲ့ သမိုင်းနဲ့ ARMY ​တွေရဲ့ ရင်ထဲမှာ​တော့ သူ့ရဲ့ အ​ကောင်းဆုံးပုံစံ​တွေထဲက တစ်ခုအဖြစ် တွင်ကျန်​နေရစ်ခဲ့​တော့မှာဖြစ်ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL