Korean Celebrity

အကောင်းဆုံးတွေ မပြသနိုင်ခဲ့တဲ့အတွက် တောင်းပန်နေရှာတဲ့ BTS’s V

October 24 ရက်နေ့တုန်းက BTS ဟာ သူတို့ရဲ့online concert ဖြစ်တဲ့ ‘Permission to Dance on Stage’ ကို ကျင်းပခဲ့ပါတယ်။ ပရိသတ်တွေက ကောင်လေး (၇) ယောက်စလုံးကို မြင်တွေ့နိုင်ဖို့ လွန်စွာစိတ်လှုပ်ရှားနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ V ဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် က‌ပြဖျော်ဖြေနိုင်မှာမဟုတ်တဲ့အကြောင်း ကြေညာခဲ့တာကြောင့် အကုန်လုံး စိုးရိမ်ခဲ့ကြပါတော့တယ်။ V ဟာ အစမ်းလေ့ကျင့်တဲ့နေ့ဖြစ်တဲ့ October 23 ကတည်းက နာကျင်ခံစားခဲ့ရတာဖြစ်ပြီး ဆရာဝန်ရဲ့ အကြံပြုချက်အရ အနားယူလိုက်ရတာပါ။

တကယ့်ပွဲနေ့ကြီးမှာ ကပြတင်ဆက်ခြင်းမပြုနိုင်တဲ့အတွက် V ဟာ “သတိမပြုမိတဲ့အချိန်မှာပဲ ကျွန်တော့်ရဲ့ ဒူးအောက်ပိုင်းက စပြီနာလာခဲ့ပါတယ်။  ပွဲနေ့ကြီးမှာ မဖြစ်ပါစေနဲ့ဆိုပြီး တကယ်ကို ဆုတောင်းခဲ့တာပါ။ ကျွန်တော့်ကိုကျွန်တော် ပိုပြီးဂရုစိုက်ရင်း အားလုံးနဲ့အတူရှိနိုင်အောင် ကြိုးစားပါမယ်။ ‌

ကျန်တဲ့ လှည့်လည်ဖျော်ဖြေ‌ပွဲတွေအတွက် အကောင်းဆုံးလုပ်နိုင်အောင်လို့ အမြန်ဆုံးသက်သာကောင်းမွန်အောင် လုပ်ပါမယ်” ဆိုပြီး ပွဲနေ့ကြီးမှာပဲ ကတိပေးခဲ့ပါတော့တယ်။ ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုခံစားနေရရှာတဲ့ V ဟာ Concert ပြီးတော့လည်း Weverse ကနေတဆင့် ‌တောင်းပန်နေခဲ့ပြန်ပါသေးတယ်။ “ပိုပြီး ကောင်းမွန်အောင်လုပ်ပြီး ပြန်လာခဲ့ပါမယ်။

ပွဲလက်မှတ်တွေကို ဈေးအကြီးကြီးပေးဝယ်ထားရတာ.. ကျွန်တော့်အနေနဲ့ အကောင်းဆုံးတွေကို မပြသနိုင်ခဲ့လို့ တကယ်ကိုတောင်းပန်ပါတယ်” လို့ ထပ်မံရေးသားကာ ပရိသတ်တွေကို တောင်းပန်နေခဲ့တာပါ။ ကမ္ဘာ့ပရိသတ်တွေကတော့ V အမြန်ဆုံး သက်သာကောင်းမွန်လာဖို့ ဆုတောင်းနေတာဖြစ်လို့ တောင်းပန်ဖို့မလိုကြောင်း နွေးထွေးစွာ နှစ်သိမ့်နေခဲ့ကြပါတယ်။

Source: Kpopstarz
Photos: Weverse
Translated by Julix