Korean Celebrity

လူမည်းတွေနဲ့ပက်သက်ပြီး လူမှုကွန်ရက်မှာ တောင်းပန်ခဲ့ရတဲ့ Aespa အဖွဲ့ဝင် Giselle

Aespa ဟာ လတ်တလော savage ဆိုတဲ့ album နဲ့ comeback လုပ်ထားပါတယ်။ အဆိုပါသီချင်းနဲ့ music show တွေမှာ ခဏခဏ win ခဲ့ပြီး PAK ရတဲ့ အဖွဲ့လည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက် October 23 ရက်နေ့က တင်ခဲ့တဲ့ behind the scenes video ကြောင့် Giselle ကို ဝေဖန်တဲ့သူတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထို video ထဲမှာ Giselle ဟာ SZA ရဲ့ “Love Galore” သီချင်းစာသားတွေကို လိုက်ဆိုနေခဲ့ပါတယ်။ ကျန်တာ ပြဿနာမရှိပေမဲ့ သီချင်းစာသားထဲက “နစ်ဂါ” ဆိုတဲ့ စကားလုံးဟာ လူမျိုးရေးခွဲခြားတာကို မကြိုက်တဲ့သူတွေ အတွက် စပ်စပ်ထိမခံဖြစ်စေတဲ့ အရာပါ။

Company ဘက်က ထို video ကို ချက်ချင်းပြန်ဖျက်ခဲ့ပေမဲ့ လူထုက Giselle ကို ဒေါသထွက်နေကြတုန်းပါ။ ဒါကြောင့် October 25 ရက်နေ့မှာ Giselle ဟာ သူတို့အဖွဲ့ရဲ့ ကိုယ်ပိုင် Twitter acc ကနေတဆင့် စာရေးသားပြီး တောင်းပန်ခဲ့ပါတယ်။ သူရေးခဲ့တာကတော့…

“Hello, Giselle ပါ။ သီချင်းထဲမှာပါတဲ့ ပါးစပ်ကမထွက်သင့်တဲ့ စကားလုံးကို ပြောခဲ့မိတဲ့အတွက် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ ကျွန်မ အာ့လိုသုံးနှုန်းခဲ့မိတာ ဘာရည်ရွယ်ချက်မှမရှိပါဖူး။ ဒီတိုင်း ကျွန်မကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းဖွင့်နေတဲ့အတွက် နောက်ကနေ လိုက်ဆိုမိလိုက်တာပါ။ ကျွန်မ အနူးအညွှတ်တောင်းပန်ပါတယ်။ ရှေ့​လျှောက် ကျွန်မအပြုအမူတွေနဲ့ ပက်သက်ပြီး သေချာ ဆင်ခြင်သွားပါ့မယ်” ဆိုပြီး ဖြစ်ပါတယ်။

Source: Allkpop
Written: Violet