Korean Celebrity

Kim Seon Ho ရဲ့ ​​​ကိစ္စမှာ လူမသိ​သေးတဲ့ အမှန်တရား​တွေကို ချပြလိုက်တဲ့ Dispatch

Dispatch ဟာ မင်းသား Kim Seon Ho နဲ့ သူရဲ့ ရည်းစား​ဟောင်းတို့ကြားက dating အဖြစ်အပျက်အလုံးစုံကို လူသိရှင်ကြားချပြလိုက်ပြီဖြစ်ပါတယ်။ Kim Seon Ho နဲ့ မိုး​လေဝသသတင်း​ကြေငြာသူတဖြစ်လဲ influencer ဖြစ်တဲ့ Choi Young Ah တို့ကြားက dating အ​ဖြစ်အပျက်အားလုံးကို Dispatch က message ​တွေ၊ ဓါတ်ပုံ​တွေ၊ သူတို့ ၂ ဦးရဲ့ သူငယ်ချင်း​တွေက ​ထွက်ဆိုခဲ့တဲ့ အ​ကြောင်းအရာ​တွေနဲ့အတူ ခိုင်လုံစွာချပြခဲ့တာပါ။

Dispatch ဟာ ဒီကိစ္စမှာ လူ​တွေမသိ​သေးတဲ့ အ​မှန်တရား​​တွေရှိ​နေလိမ့်မယ်လို့ ယူဆခဲ့ပြီး ဒီကိစ္စကို အတွင်းကျကျစုံစမ်း​လေ​လေ Choi Young Ah ​ပြောခဲ့တဲ့ စကား​တွေဟာ ​သံသယဝင်စရာ​ကောင်း​လေ​လေဆိုတာ သိလာခဲ့ရပါတယ်။

Choi Young Ah နဲ့ Kim Seon Ho တို့ဟာ ​တွေ့ဆုံပွဲတစ်ခုက​နေတစ်ဆင့် ၂၀၁၉ ခုနှစ် နှစ်ကုန်​လောက်မှာ စတင်​တွေ့ဆုံခဲ့ကြပြီး ၂၀၂၀ ခုနှစ် မတ်လမှာ စတင်တွဲခဲ့ကြပါတယ်။ မတ်လလယ်​လောက်မှာ​တော့ သူမဟာ ယခင်က အိမ်​​ထောင်ကျခဲ့ဖူးပြီး အခုအချိန်မှာ​တော့ ကွာရှင်းထား​ကြောင်း Kim Seon Ho ကို ဝန်ခံခဲ့ပါတယ်။ Kim Seon Ho လည်း သူ့ရဲ့ သူငယ်ချင်းကို တိုင်ပင်ခဲ့ပြီး သူမကို ဆက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Kim Seon Ho ဟာ Choi Young Ah နဲ့အတူ Busan နဲ့ Gapyeong ကို ခရီး​တွေသွားခဲ့ပြီး တိရစ္ဆာန်ရုံ​တွေ၊ ကစားကွင်း​တွေကိုလည်း မကြာခဏ ​လျှောက်လည်ခဲ့ကြပါတယ်။ ဒီမှာတင် Choi Young Ah ​ပြောခဲ့သလို သူတို့ ၂ ​ယောက်ရဲ့ ဆက်ဆံ​ရေးကို လျှို့ဝှက်ထားခဲ့ရပြီး လူကြားထဲမှာ လက်​တောင်ကိုင်လို့ မရဘူးဆိုတဲ့ အချက်က မှား​နေခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချပြီး​နောက်မှာလည်း သူတို့ ၂ ဦး pet café ကို အတူတူသွားခဲ့တဲ့အတွက် Choi Young Ah ​ပြောသလို ကိုယ်ဝန်ဖျက်ချပြီး​နောက် Kim Seon Ho ရဲ့ အပြုအမူ​တွေက ​ပြောင်းလဲသွားတယ်ဆိုတာကလည်း မှား​နေ​ကြောင်း Dispatch က ​ထောက်ပြခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်​နေ့က ပထမဆုံး လမ်းခွဲခဲ့ကြပါတယ်။ အ​ကြောင်းအရင်းက​တော့ Choi Young Ah က Kim Seon Ho ကို အဆက်မပြတ်လိမ်ညာခဲ့လို့ပါ။ ဒါ​ပေမဲ့ ဇူလိုင် ၇ ရက်​နေ့မှာ Kim Seon Ho ဟာ Choi Young Ah ဆီက ​တောင်းပန်စာအရှည်ကြီးကို ရရှိခဲ့ပါတယ်။

အဲ့ဒီ​နောက် Kim Seon Ho က သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း B ဆိုသူနဲ့ တိုင်ပင်ခဲ့ပြီး B က သူမ​နောက်ထပ် ဒီလိုမျိုး မလုပ်နိုင်​လောက်ပါဘူးလို့ ​ပြောခဲ့တဲ့အတွက် Kim Seon Ho က သူမကို ခွင့်လွှတ်​ပေးခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်​နေ့၊ ကိုယ်ဝန်ဖျက်ချတဲ့​နေ့မှာ​တော့ သူငယ်ချင်း B ဟာ သူတို့ကို ​ဆေးရုံရဲ့ ကားပါကင်မှာ ​စောင့်​​နေခဲ့ပြီး Kim Seon Ho တို့ Choi Young Ah တို့ ပြန်လာချိန် ၂ ဦးလုံးဟာ အရမ်းကို ငိုထားခဲ့ပုံ​ပေါ်တယ်လို့ ထိုသူငယ်ချင်းက Dispatch ကို ​ပြောပြခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချပြီး​နောက်မှာ Kim Seon Ho ဟာ Choi Young Ah ကို ၂ ပတ်တိတိ ​ရေညိှဟင်းချိုလည်း လုပ်​ကျွေးခဲ့ပါ​သေးတယ်။ ​Kim Seon Ho ဟာ သူမကို ဒီ​လောက်ထိ ဂရုစိုက်​ခဲ့ပေမဲ့ Choi Young Ah က​တော့ Kim Seon Ho က ကိုယ်ဝန်ဖျက်ချပြီး​နောက် သူမအ​ပေါ်ကို ​အေးစက်မာ​ကျောသွားခဲ့တယ်လို့ ဆိုခဲ့တာပါ။

Choi Young Ah ​ပြောခဲ့တဲ့ Kim Seon Ho က သူမကို သူ့ရဲ့မိဘ​တွေ မသိ​အောင် သိုဝှက်ထားခဲ့တဲ့ဆိုတဲ့အချက်ကိုလည်း Dispatch က ​​ဖော်ထုတ်ခဲ့ပါတယ်။ Choi Young Ah ရဲ့ သူငယ်ချင်း C ဆိုသူရဲ့ ​ပြောကြားချက်အရဆိုရင် Kim Seon Ho ဟာ သူ့ရဲ့ မိဘ​တွေနဲ့ မိတ်ဆက်​ပေးခဲ့​ပေမဲ့ သူမ ကွာရှင်းခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို မ​ပြောခဲ့ပဲ ​နောက်ဆုံးမှ​ာတော့ ကိုယ်ဝန်ဖျက်ချတဲ့အထိ​ရောက်ခဲ့တယ်လို့ သိရပါတယ်။

Choi Young Ah ဟာ Kim Seon Ho ကို ​ငွေမက်ပြီး ကိုယ်ဝန်ဖျက်ချဖို့ ဝမ် ၂ သန်းသာ​ပေးခဲ့တယ်လို့ ​ပြောခဲ့​ပေမဲ့ သူမရဲ့ သူငယ်ချင်း D ဆိုသူက​​တော့ Choi Young Ah ဟာ ဇိမ်ခံပစ္စည်း​တွေကို ကြိုက်နှစ်သက်ပြီး ​ငွေအသုံးအဖြုန်းကြီးသလို သူမရဲ့ အသုံးစရိတ်​တွေကိုလည်း Kim Seon Ho ကပဲ ကျခံခဲ့ရ​ကြောင်း Dispatch ကို ​ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Choi Young Ah ဟာ အစွဲအလမ်းကြီးသူဖြစ်ပြီး Kim Seon Ho ရဲ့ message ​တွေ ဖုန်း​ခေါ်ဆိုမှု​တွေကို စစ်​ဆေးကြည့်တတ်သလို အခုကိစ္စဟာလည်း Kim Seon Ho တစ်​ယောက် ဘဝပျက်ပြီး သူမဆီကို ပြန်လာဖို့ ​မျှော်လင့်တာ​ကြောင့် လုပ်ခဲ့တာဖြစ်တယ်လို့ သူမရဲ့ သူငယ်ချင်း C နဲ့ D က ​ပြောပါတယ်။

ဒါတင်မက​သေးပဲ Kim Seon Ho ရဲ့ သူငယ်ချင်း E ဆိုသူရဲ့ ​ပြောကြားချက်အရ Choi Young Ah ဟာ Kim Seon Ho ရဲ့ အသံဖိုင်​တွေ၊ ဗီဒီယိုဖိုင်​တွေကို မသိ​အောင် Kim Seon Ho မသိ​အောင် ရိုက်ကူးထားခဲ့တယ်လို့လည်း Dispatch က ​ရေးသားထားပါတယ်။

Kim Seon Ho နဲ့ Choi Young Ah တို့ဟာ ၂၀၂၁ ခုနှစ် ဧပြီလအထိ တွဲခဲ့ကြပြီး ​မေလမှာ လမ်းခွဲခဲ့ကြပါတယ်။ Kim Seon Ho ရဲ့ သူငယ်ချင်း B က​တော့ Kim Seon Ho ဟာ တစ်နိုင်ငံလုံး ​စောင့်ကြည့်​နေတဲ့ အချိန်မှာ သူမနဲ့ ဖက်ပြီး ရန်မဖြစ်ချင်တာရယ်၊ သူ့ရဲ့ ရင်​သွေး​လေးကို မကာကွယ်နိုင်ခဲ့တာ အမှန်ဖြစ်တာရယ်​၊ သူမဟာ တစ်ချိန်က သူချစ်ခဲ့တဲ့သူဖြစ်တာရယ်​ကြောင့် ​တောင်းပန်ဖို့ကို ​ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ​Dispatch ကို ရှင်းပြခဲ့ပါတယ်။

SALT Entertainment က​တော့ Dispatch ရဲ့ ဒီ​သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ​ပြောကြားလိုတာ မရှိ​ကြောင်း ​ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ​တော့ Choi Young Ah ဟာ သူမရဲ့ Instagram ကို private လုပ်လိုက်ပြီး online shopping mall ကို​တော့ ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။ Dispatch က​​နေ အခုလို အမှန်တရားကို ချပြလိုက်ပြီဆို​တော့ Kim Seon Ho တစ်​ယောက် ​နေရာမှန်ကို အမြန်ဆုံးပြန်​ရောက်ဖို့ပဲ ​မျှော်လင့်ရ​တော့မှာပါ။

Source : Koreaboo
Photo : Dispatch
Written : ZL