Thai Celebrity

Social Media ပေါင်းများစွာမှာ မင်းသမီးချောလေး Baifern ရဲ့ ကျော်ကြားမှုစစ်တမ်းများ

Baifern Pimchanok ဆိုတဲ့ ထိုင်းမင်းသမီးလေးကိုတော့ လူကြီးလူငယ် ပရိသတ်မရွေး သိကြမှာပါ။ အသည်းစွဲအောင် ချစ်ကြတဲ့ ပရိသတ်အကြီးစားတွေလည်းရှိပြီး သူမကိုသဘောကျစောင့်ကြည့်နေကြတဲ့ အားပေးသူတွေလည်း အများအပြားရှိနေပါတယ်။

Baifern ကတော့ Facebook, Instagram, Twitter, YouTube, Weibo အစရှိတဲ့ Social Media ပေါင်းများစွာကို အစုံအလင်သုံးပြီး ပရိသတ်တွေနဲ့ အနေနီးစပ်အောင် ဖန်တီးနေသူလေးပါပဲ။ စစ်တမ်းတွေအရ Baifern ရဲ့ Social Media ပေါင်းများစွာမှာ ပရိသတ်လွှမ်းမိုးမှုစာရင်းတွေက ပေါ်ထွက်လာခဲ့ပါတယ်။ တနေ့တခြား အောင်မြင်ကျော်ကြားလာတဲ့ Baifern ကတော့ Instagram မှာ followers ပေါင်း ၉ သန်းကျော်ရှိနေပါတယ်။

Follower အများဆုံးရရှိထားတဲ့ ထိုင်းမင်းသမီးစာရင်းထဲမှာ Baifern ကတော့ အဆင့် (၈) ကနေ ပါဝင်နေခဲ့ပါတယ်။ သူရဲ့ နေရာစုံက ပရိသတ်တွေကိုပြောရရင် Facebook မှာ 9.6 million+ followers ရှိနေပြီး Twitter မှာတော့ 57.5K+ followers ရှိနေပါတယ်။ ချိုင်းနား Social Media တွေဖြစ်တဲ့ Weibo မှာဆိုရင် Follower ပေါင်း 5.97 million+, TikTok မှာဆိုရင် 286.8K+ followers ကို ပိုင်ဆိုင်ထားပြီး ဖက်ပေါင်းစုံကနေကို ပရိသတ်တွေနဲ့ အထိအတွေ့လုပ်နေတာပါ။

သူမရဲ့ကိုယ်ပိုင် YouTube Channel မှာဆိုရင်တော့ 226K ကျော် ရှိနေပြီး Follower အရေအတွက်ကတော့ နေ့စဉ်တိုးနေတာပါ။ Social Media ပေါင်းများစွာကို သုံးရတာကြိုက်တဲ့ Baifern ကတော့ တစ်နေရာမဟုတ် တစ်နေရာကနေ အမြဲလိုလို Update လုပ်ပေးနေကျဖြစ်လို့ အားပေးသူတွေကို အလွမ်းမခံတဲ့ ချစ်စရာကောင်မလေးလို့တောင် တင်စားရပါတော့မယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix