Thai Celebrity

‘The Faces of 2021’ အတွက် စကာတင်စာရင်းဝင်လာတဲ့ ထိုင်းနိုင်ငံသား နာမည်ကြီးကြယ်ပွင့်များ

ဖျော်ဖြေရေးလောကရဲ့ နယ်ပယ်ပေါင်းစုံမှာ ထိုင်းနိုင်ငံသားကြယ်ပွင့်တွေကလည်း အပြိုင်အဆိုင် နေရာယူလာကြပါတယ်။ ပြည်တွင်းပြည်ပ ခြေဆန့်ပြီး လွှမ်းမိုးမှု အားကောင်း‌လာကြတဲ့ ထိုင်းနိုင်ငံသားအနုပညာရှင်တွေထဲမှာ ၂၀၂၁ TCCandler က ထုတ်ပြန်မယ့် ‘The Faces of 2021’ စာရင်းမှာ စကာတင်ပါဝင်လာခဲ့ပါတယ်။

TCCandler ကတော့ နှစ်စဉ် အမျိုးအစားအလိုက် ကမ္ဘာလုံးဆိုင်ရာ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး စစ်တမ်းတွေ ကောက်ယူလေ့ရှိကာ စာရင်းထုတ်ပြန်လေ့ရှိတာကြောင့် ပရိသတ်စိတ်ဝင်စားကြတဲ့ စာရင်းတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၂၁ အတွက် ‘The Faces of 2021’ စာရင်းထဲမှာတော့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့

• Yaya Urassaya

• Mario Maurer

• Blackpink’s Lisa

• GOT 7’s Bambam နဲ့

• Mew Suppasit တို့က ပါဝင်လာခဲ့တာပါ။

ရလဒ်ကိုတော့ ၂၀၂၁ December 27 ရက်နေ့မှာ TCCandler official YouTube channel ကနေတဆင့် တရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်လို့ ဘယ်သူတွေက ဘယ်အဆင့်ကနေ ဦးဆောင်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

၂၀၂၀ တုန်းကတော့ Blackpink’s Lisa က အဆင့် (၂), Yaya Urassaya က အဆင့် (၄၁), GOT 7’s Bambam က အဆင့် (၄၈) စသဖြင့် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာ စကာတင်ပါဝင်လာတဲ့ ထိုင်းကြယ်ပွင့်တွေ များတာဖြစ်လို့ ကမ္ဘာ့ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း ရလဒ်စာရင်းကို စောင့်မျှော်နေရမှာလည်း ဖြစ်ပါတော့တယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix