Thai Celebrity

Yaya နဲ့အတူ အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့ကြတဲ့ အကောင်းဆုံး တွဲဖက်မင်းသား (၅) ဦး

ဇာတ်လမ်းတွဲ ပေါက်မြောက်အောင်မြင်မှုဆိုတာ အဓိကဇာတ်လိုက် ၂ ဦးရဲ့ အတွဲညီမှုတွေပေါ်မှာလည်း မူတည်နေပါတယ်။ ခေါင်းဆောင်သရုပ်ဆောင် ၂ ယောက် တအားကို လိုက်ဖက်နေရင် ပရိသတ်တွေက နှစ်သက်ပြီး ကြည့်ရှုနှုန်းတိုးလာကြတာပါပဲ။

၁၀ နှစ်ကျော်ကြာ သရုပ်ဆောင်လောကထဲ အခြေချနိုင်ခဲ့တဲ့ Yaya လေးကတော့ မင်းသားပေါင်းများစွာနဲ့ တွဲဖက်ခဲ့ဖူးပါတယ်။ Yaya အတွက် အောင်မြင်မှုတွေ ဆောင်ယူနိုင်ခဲ့တဲ့ CH3 မင်းသား (၅) ယောက်ကတော့ တသက်မမေ့နိုင်စရာပါပဲ။

Nadech Kugimiya

Yaya ရဲ့ နှလုံးသားပိုင်ရှင်ဖြစ်သူ ထိပ်တန်းမင်းသား Nadech Kugimiya ကဆိုရင် Yaya နဲ့ ဒရမ်မာပေါင်း ၆ ကားတိတိ တွဲရိုက်ထားတာပါ။ တကယ့်စုံတွဲတွေလည်းဖြစ်ကြလို့ သူတို့နှစ်ယောက်ရဲ့ ပေါင်းဆုံရိုက်ကူးမှုတွေဟာ အသက်ဝင်ပီပြင်ပြီး သဘာဝကျလွန်းလှပါတယ်။ မကြာခင်မှာလည်း ဒီစုံတွဲရဲ့ “Lai Kinnaree” ဇာတ်လမ်းသစ်ကို ကြည့်ရတော့မှာပါ။

Mark Prin

Yaya Urassaya နဲ့ Mark Prin တို့ရဲ့ တွဲဖက်မှုကိုလည်း ထိုင်းပရိသတ်ကြီးတွေက သိပ်ကြိုက်ကြပါတယ်။ “Tawan Deard” နဲ့ “Kluen Cheewit” ကတော့ ဒီတွဲဖက်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေပါ။ ကြည့်ရှုသူတွေချီးကျူးမ‌ှု အများအပြားရရှိကာ အောင်မြင်ခဲ့တဲ့ Mark နဲ့ Yaya အတွဲကတော့ နောက်ထပ်ဇာတ်လမ်းသစ်တစ်ခုမှာ ထပ်မံဆုံစည်းရိုက်ကူးကြပါတော့မယ်။

James Jirayu

James Jirayu နဲ့ Yaya ဟာ “Nueng Nai Suang” ဇာတ်လမ်းထဲမှာ စုံတွဲတွေအဖြစ် သရုပ်ဆောင်ဖူးကြပါတယ်။ အချောအလှတွဲဖက်အဖြစ် နာမည်ကြီးလှတဲ့ ဒီသရုပ်ဆောင် ၂ ဦးကို နောက်ထပ် ဇာတ်လမ်းသစ်တွေမှာလည်း ထပ်မံပြီး အတူတူရိုက်ကူးစေချင်နေကြပါတယ်။

James Ma

Yaya Urassaya ဟာ “Klin Kasalong” ဇာတ်လမ်းမှာ တော်တော်လေး စိန်ခေါ်မှုများတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ပါတယ်။ တွဲဖက်မင်းသားဖြစ်သူ James Ma ရဲ့ လိုက်လျောညီထွေစွာ ပူးပေါင်းရိုက်ကူးနိုင်မှုကြောင့် လူကြိုက်များတဲ့ဇာတ်လမ်းတွဲလည်း ဖြစ်လာခဲ့ပါတယ်။

Mario Maurer

Yaya အတွက်တော့ Mario Maurer နဲ့အတူ တွဲဖက်ရိုက်ကူးမှုဟာ သူမရဲ့ အနုပညာသက်တမ်းတလျောက်လုံးမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Thai TV3 က ထိပ်တန်းသရုပ်ဆောင် ၂ ဦး အတူတူရိုက်ကူးထားတဲ့ “Bad Romeo” ဇာတ်လမ်းကတော့ တော်တော်လေး လူကြိုက်များကျော်ကြားလာဦးမှာ သေချာပါတယ်။ လာမယ့်နှစ်ထဲမှာ ပြသဖို့စီစဉ်ထားတာကြောင့် စောင့်ကြည့်ကြပါဦးနော်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix