Thai Celebrity

မြင်ဖူးသူတိုင်း ချီးကျူးကြတဲ့ အချောမွေ့ဆုံးအသားအရေပိုင်ရှင် ထိုင်းအလှ‌ပဂေး (၆) ဦး

ထိုင်းမင်းသမီး တော်တော်များများဟာ ထိုင်းသွေးစစ်စစ် ရှိသလို၊ အနောက်တိုင်းသွေးနဲ့ ရောစပ်နေတဲ့ ကပြားအလှလေးတွေလည်း ရှိကြပါတယ်။ အနုပညာရှင်ဖြစ်လာတဲ့အတွက် အပြင်ပိုင်းအလှဖြစ်တဲ့ အသားအရေ နူးညံ့ချောမွေ့ခြင်းကတော့ မရှိမဖြစ် သတ်မှတ်ချက်တစ်ခုပါပဲ။ ဖော်ပြပေးမယ့်ထိုင်းမင်းသမီးတွေဟာ ချောမွေ့နုထွတ်နေတဲ့ အသားအရေ‌မျိုးကို ပိုင်ဆိုင်ထားကြတယ်ဆိုပြီး မြင်ဖူးသူတိုင်းက ချီးကျူးခံထားရတာပါ။

Yaya Urassaya

ကြော်ငြာဘုရင်မအဖြစ် နာမည်ကြီးတဲ့ Yaya Urassaya ကတော့ ဖြူစွတ်နေတာမျိုးမဟုတ်ဘဲ ရွှေညိုရောင်အသားအရေနဲ့ အချိုးအစားကျပြီး ညက်ညောနေတဲ့အသွင်အပြင်လေးကြောင့် တမျိုးလေးကို ကြည့်လို့ကောင်းနေတာပါ။ ထိုင်း-နော်ဝေ သွေးနှောဖြစ်တဲ့ Yaya ရဲ့ အလှကိုတော့ မြင်သူတကာတိုင်း နှစ်သက် အားကျရပါတယ်။

Baifern Pimchanok

ထိုင်းနိုင်ငံရဲ့ ပုလဲလုံးလေးလို့ ချစ်စနိုးတင်စားခေါ်ဝေါ်ခံရတဲ့ Baifern Pimchanok ကတော့ နို့နှစ်ရောင်အသားအရေနဲ့ တကယ်ကို နှစ်နှစ်ကာကာရှိသူ‌လေးအဖြစ် ကျော်ကြားပါတယ်။ မိတ်ကပ်မလိမ်းခြယ်ဘဲနဲ့တောင် သေသပ်လှပလွန်းတာကြောင့် ထူးခြားတဲ့အလှပိုင်ရှင်လေးအဖြစ် သတ်မှတ်ထားကြပြီး အဆင်းရော၊ အချင်းပါ ပြစ်ချက်မရှိ လှပသူလေးအဖြစ် အများကလက်ခံထားကြပါတော့တယ်။

Mookda Narinrak

ထိုင်းနိုင်ငံရဲ့ Liu Yifei အဖြစ် သတ်မှတ်ထားကြတဲ့ Mookda Narinak ကတော့ ပိန်သွယ်ကာ အချိုးအစားကျပြီး မျက်နှာသေးသေး၊ ဖြူးဖွေးဝင်းမွတ်နေတဲ့ အသားအရေနဲ့ မျက်ဆံနက်နက်လေးကြောင့် အလှအပစံနှုန်း မြင့်မားသူလေးပါ။ ရုတ်တရက်မြင်လိုက်ရင်တောင် မြောပါသွားနိုင်တဲ့အထိ ညို့အားပြင်းတဲ့ ကြွေရုပ်မင်းသမီးလေးလည်း ဖြစ်ပါတော့တယ်။

Mai Davika

ထိုင်း-ဘယ်လ်ဂျီယံ သွေး‌နှောဖြစ်သူ Mai Davika ရဲ့အလှကတော့ အနောက်တိုင်းဆန်ဆန်ကို ဆွဲဆောင်မှုရှိတာပါ။ ညို့ငင်အားပြင်းတဲ့ မျက်လုံးအလှ၊ ပြေပြစ်တဲ့ မျက်နှာကျနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေးဟာ တကယ်ကို တုနှိုင်းမဲ့ပါပဲ။ ရေဓာတ်ပြည့်ဝလို့ အသားအရည်က ရွှန်းစိုဝင်းလက်နေတာကြောင့် လူအများက တစ်ခါမြင်ဖူးရုံနဲ့တဲ့ နှစ်သက်စွဲလန်းကြပါတယ်။

Thisa Varitthisa

Thisa Varitthisa ရဲ့ အသားအရေက တော်တော်လေးကို ထူးခြားလှပပြီး ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်ကြီးက ကျေနပ်အားရကြပါတယ်။ အသက် (၃၀) ကျော်လို့ မထင်ရလောက်အောင် တောက်ပချောမွေ့နေပြီး အစက်အပြောက်တွေ ကင်းရှင်းနေတာလည်း ဖြစ်ပါတယ်။ မြင်ဖူးသူတွေ ပြောဆိုချက်အရ Thisa ရဲ့ အသားအရေဟာ ကလေးလေးတွေရဲ့ အသားအရေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

Taew Natapohn

ထိုင်း-တရုတ်သွေးနှော မင်းသမီးချော Taew Nataporn ကတော့ ရုတ်တရက်ကြည့်မယ်ဆိုရင် မှဲ့‌လေးတွေရှိတာကြောင့် အသားအရေ မချောမွေ့ဘူးလို့ ထင်နိုင်ဖွယ်ရှိပါတယ်။ တကယ်တမ်း မြင်ဖူးသူတွေပြောပုံအရ Taew ရဲ့ အသားအရေဟာ လွန်စွာ နုပျိုလက်ဆတ်နေပြီး သူမရဲ့ ရှိရင်းစွဲအသက် ၃၂ နှစ်နဲ့ မလိုက်အောင် ပြီးပြည့်စုံတဲ့ အသားအရေမျိုး ဖြစ်နေပါတယ်။

Source: ThaiStars
Photos: Instagram
Translated by Julix